မစွမ်းသာသည့် တရုတ်ပြည်

တရုတ်-မြန်မာ နယ်စပ်တွင် တဖန်ဖြစ်ပေါ်လာသည့် မြန်မာစစ်အစိုးရ တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ စသည့် တင်းမာမှုများကြောင့် ထောင်ပေါင်း များစွာသော ဒုက္ခသည်များ တရုတ်နိုင်ငံအတွင်း ပြေးဝင် ခိုလှုံ ကြရပြန်သည်။

ဤအခြေအနေကြောင့် "မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်း ဒေသများတွင် တည်ငြိမ်မှုရစေရေးနှင့် ပြည်တွင်းပြဿနာကို လျော်ကန်သောနည်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း” တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက ဝေဖန်ပြောဆိုမှုများလည်း ဖြစ်ပေါ်လာရသည်။

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ယူနန်ပြည်နယ်မှ အရာရှိများကလည်း ယခုဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ဒုက္ခသည် ပေါင်း ၃၇,၀၀၀ ခန့် နယ်စပ်ဖြတ် ကျော်ထွက်ပြေးလာကြကြောင်း ဖော်ပြပြောဆိုခဲ့ကြသည်။ ထွက်ပြေးလာသူ အများစုမှာ မြန်မာနိုင်ငံဖွား တရုတ်တိုင်းရင်းသားများဖြစ်ကြပြီး နယ်စပ်တလျောက်နေထိုင်နေကြသည့် တရုတ်နိုင်ငံသားများလည်း ပါဝင်သည်။

လွန်ခဲ့သည့် လအနည်းငယ်မှစ၍ တရုတ်နိုင်ငံ ဘေဂျင်းအစိုးရက မြန်မာစစ်အစိုးရထံ တိတ်တဆိတ်ချဉ်းကပ်၍ နယ်စပ်ရှိ တိုင်းရင်းသားပြဿနာများကို ငြိမ်းချမ်းသောနည်းနှင့် ဖြေရှင်းရန် တိုက်တွန်းနားချနေခဲ့သည်။ ပြီးခဲ့သည့် ဇွန်လက ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး တရုတ်နိုင်ငံသွားရောက်ခဲ့သည့် ခရီးစဉ်ကာလကလည်း တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအပေါ် အင်အားသုံးဖြေရှင်းခြင်းမပြုရန်နှင့် ၎င်းဒေသများတွင် နယ်မြေတည်ငြိမ်ရေးထိန်းသိမ်းရန် တိုက်တွန်းနားချခဲ့သည်။  

သတင်းများအရ မြန်မာစစ်အစိုးရခေါင်းဆောင်များက ဤတိုက်တွန်းချက်ကို မလိုလားကြဟု ဆိုသည်။ တဘက်က တရုတ် နိုင်ငံကလည်း နယ်စပ်ဒေသရှိ တိုင်းရင်းသားအင်အားစုများကို ဆက်လက်ထောက်ပံ့ပေးနေခဲ့သည်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်အများစုတွင် တရုတ်ဆန့်ကျင်ရေးအမြင် ရှိနေကြပြီး သမိုင်းအရပြောလျှင် တရုတ်နိုင်ငံက ယခုအခါပြိုကွဲ သွားပြီဖြစ်သည့် ကွန်မြူနစ်ပါတီ (ဗမာပြည်) ၏ လက်နက်ကိုင်တပ်များ၊ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များကို တချိန် က အကြီးအကျယ်ထောက်ပံ့ထားပေးခဲ့ဖူးသည့် သက်သေကလည်း ရှိနေပြန်သည်။ ၀တပ်ဖွဲ့များနှင့် ကိုးကန့်ဒေသရှိ တရုတ်လူမျိုးများသည်ပင် တချိန်က ကွန်မြူနစ်သူပုန်တပ်ဖွဲ့ဝင်များ ဖြစ်ခဲ့ဖူးသည်။

မည်သို့ဆိုစေ မြန်မာစစ်တပ်က တရုတ်နိုင်ငံ၏ အကြံပြုချက်များကို လျစ်လျူရှုထားခဲ့ပုံရသည်။ ထိုမျှမက မြန်မာစစ်တပ်က ၎င်းတို့၏ အစီအစဉ်အတိုင်း နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို လက်နက်ဖြုတ်သိမ်းရန်နှင့် နယ်ခြား စောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေးအတွက် ဆက်လက်တွန်းထိုး လုပ်ဆောင်နေခဲ့သည်။ စစ်အစိုးရက လာမည့်နှစ်ရွေး ကောက်ပွဲမကျင်းပမီတွင် ယခုလက်နက်ဖြုတ်သိမ်းရေး၊ တပ်ပြင်ဆင်ဖွဲ့စည်းရေး ကိစ္စများကို အပြီးလုပ်ဆောင်နိုင်ရန် ရည် ရွယ်ထားသည်။  
ယခုလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာရန် တာစူလာခဲ့သည်မှာ နှစ် ၂၀ ရှိပြီဟု ဆိုရလိမ့်မည်။ စစ်အစိုးရက တိုင်းရင်း သားအဖွဲ့များ တောင်းဆိုထားသည့် ဖက်ဒရယ်ပြည်ထောင်စုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ဒေသတခုအဖြစ်နေထိုင် နိုင်ရေးဆိုသည့် တောင်းဆိုချက်ကို လုံးဝငြင်းပယ်ချခဲ့သည့်အတွက် ဖြစ်ပေါ်လာရသည့် အကျိုးဆက်များလည်း ဖြစ်သည်။

လက်ရှိအခြေအနေက တရုတ်နိုင်ငံအတွက် အကျဉ်းအကျပ်အခြေအနေပင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း စစ်အစိုးရကို လက်နက်ခဲယမ်းများ အကြီးအကျယ်ထောက်ပံ့ထားခဲ့သူဖြစ်သကဲ့သို့ ဖိနှိပ်အုပ်ချုပ်နေသည့် အာဏာရှင်စစ် အစိုးရအတွက် အားကိုးဖွယ် မဟာမိတ်လည်း ဖြစ်ခဲ့သည်။ ယခုတော့ စစ်အစိုးရခေါင်းဆောင်များကို နိုင်ငံရေးအရ ဆက် လက်ဖြေရှင်းကြရေးအတွက် နားမချနိုင်တော့လောက်အောင် သြဇာလက်မဲ့ဖြစ်နေရသည်။  

တရုတ်နိုင်ငံက တလျောက်လုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စစ်အစိုးရကို ကျားကန်ပေးခဲ့သည်။ စစ်အစိုးရက အတိုက်အခံအင်အားစုများအပေါ် ဖိနှိပ်နေမှုအား ရှုတ်ချပြစ်တင်သည့် ဆုံးဖြတ်ချက်များ မထွက်ပေါ်လာစေရေးအတွက် ကိုလည်း ၎င်း၏ဗီတို အာဏာကိုသုံး၍ ကာကွယ်ထားပေးခဲ့ဖူးသည်။ မြန်မာစစ်အစိုးရလုပ်ရပ်များသည် နိုင်ငံတကာ လုံခြုံရေးကို ခြိမ်းခြောက်မှုမမြောက်ပါဟုလည်း တရုတ်နိုင်ငံက ပြောဆိုကာကွယ်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအစောပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများက ဒေါ်အောင်ဆန်းစုကြည်ကို စစ် အစိုးရက အကျယ်ချုပ် ၁၈ လ ထပ်မံချမှတ်လိုက်သည့်အပေါ်တွင်ပင် ကာကွယ်ပြောဆိုပေးခဲ့ကြသေးသည်။ သူတို့က နိုင်ငံတကာအနေနှင့် မြန်မာနိုင်ငံ၏ တရားရေးဆုံးဖြတ်ပိုင်ခွင့် အချုပ်အခြာအာဏာကို လေးစားရန် လိုသည်ဟု ဆိုခဲ့ကြ သည်။

မြန်မာစစ်အစိုးရကို ဆယ်စုနှစ်များစွာ တရုတ်နိုင်ငံခေါင်းဆောင်များက ခုခံကာကွယ်ပေးခဲ့ကြပြီးနောက်ပိုင်း ယခုတော့ သင်ခန်းစာကြီးရခဲ့ကြပြီ ဖြစ်သည်။ မြန်မာစစ်အစိုးရက ၎င်းတို့အာဏာတည်မြဲရေးတခုကိုသာ အလေးထားသည်။ တရုတ် နိုင်ငံ၏ စေတနာ ဆန္ဒမွန်ကိုလည်း အလေးထားမှုမရှိ၊ ၎င်းပြည်သူများ၏ ဒီမိုကရေစီပြောင်းလဲရေး လိုလားချက်များကို လည်း အလေးထားမှုရှိမနေကြောင်း သိခဲ့ကြရပြီ ဖြစ်သည်။

ယခုအခြေအနေများကြောင့် မြန်မာစစ်အစိုးရအပေါ် တရုတ်နိုင်ငံ ၏ ချဉ်းကပ်နားချမှုများက အလုပ်ဖြစ်ပါ၏လော၊ အင်အားကြီးထွားလာနေသည့် အင်အားကြီးနိုင်ငံတခုကဲ့သို့ ပြုမူနိုင်ပါ မည်လောဟု ဘေဂျင်းအစိုးရလည်း မေးခွန်းထုတ် ခံနေရပြီ ဖြစ်သည်။ မှတ်ကျောက်တင်ခံနေရပြီ ဖြစ်သည်။ မြန်မာစစ် ဗိုလ်ချုပ်များကို သူတို့မထိန်းသိမ်းနိုင်သရွေ့ နယ်စပ် ဒေသများတွင် မတည်မငြိမ်မှုများ ဆက်လက်ရင်ဆိုင်နေကြရဦးမည် သာမက၊ ၎င်း၏အကျိုးစီးပွားများကို ကာကွယ်ပေးရေး အခြေအနေကိုလည်း ရင်ဆိုင် စိန်ခေါ်ခံနေရပြီ ဖြစ်ပါတော့သည်။

ဧရာဝတီမဂ္ဂဇင်း၏ အွန်လိုင်း အယ်ဒီတာ့အာဘော် Impotent China ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (7)Add Comment
0
...
written by Mr. H, January 13, 2011
China has his own problems.
0

written by ac, January 13, 2011
ကျွန်တော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသား အပေါင်းတို့ အနေနဲ့ မခံချင်စိတ်တွေနဲ့ တရုတ်ေ တွလက်က စီးပွားရေး နယ်ပယ်ကို ပြန်ရအောင် တိုက်ယူကြဖို့ တိုက် တွန်း လိုပါတယ်....
0
...
written by ကျောက်တိုင်, September 26, 2009
သာမန်အားဖြင့်ကြည့်ရင်တော့ ကိုးကန့်ဒေသပြသနာက နအဖနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြားက ပုံမှန် တိုက်ပွဲတစ်ပွဲလောက်ပဲ ထင်စရာရှိပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ နိုင်ငံရေးအကြောင်းအရာတွေ အများကြီး ပါဝင်ပတ်သက်နေတယ်ဆိုတာ လူတိုင်းသဘောပေါက်ကြမှာပါ။ အဓိက ကတော့ အနောက်နိုင်ငံတွေက စီးပွါးရေးပိတ်ထားချိန်မှာ တရုတ်ပြည်က မြန်မာပြည်မှာ စီးပွါးရေး အခြေကုတ် ခိုင်မာလာတာကို အမေရိကန်က အလွန်စိုးရိမ်လာတာလည်း ပါပါတယ်။ ဒါကလည်း သူ့ရဲ့ အရှေ့တောင်အာရှမှာ စီးပွါးရေးနဲ့ နိုင်ငံရေး လွမ်းမိုးရေးဗျုဟာအရထိခိုက်လာလို့ပါ။ မြန်မာပြည်ကြီး ကောင်းစားပါစေဆိုတဲ့ ရည်ရွယ်ချက်သက်သက်ကြောင့်တော့ မထင်ပါဘူး။ ဒါကြောင့်လည်း ဂျင်ဝက်ပ် ကိုယ်တိုင်လာပြီး စီးပွါးရေးပိတ်ထားလို့ နိုင်ငံတကာဘဏ်တွေမှာ ထင်သလောက် မလှုပ်ရှားနိုင်တဲ့ နအဖကို စီးပွါးရေးလမ်းစပွင့်ဖိုတဖက်လည့့် မက်လုံးတွေပေး ဘိန်းကိစ္စကိုကုလားဖန်ထိုးပြီး တရုတ်အစိုးရနဲ့နယ်စပ်မှာ ပြသနာ ဖြစ်အောင် ဖန်တီးပေးလိုက်တာလို့ ယူဆလို့ရပါတယ်။ နအဖကလည်း နဂိုကတည်းက အသစ်ရ အဟောင်းမေ့တဲ့လူစားမျိုး အမေရိကန်နဲ့ ဆက်ဆံရေး ပြန်ကောင်းချင်တာက တစ်ပိုင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ကလန်မဆန်လုပ်နေတဲ့ အဖွဲ့တွေကို ပညာပေးချင်တာကတစ်ကြောင်း၊ ဒါနဲ့ကိုးကန့်ကို ဘာအကြောင်းပြချက်မှ မရှိပဲ ရဲရဲနဲ့ ၀င်တိုက်ပါလေတော့တယ်။ အမေရိကန်အနေနဲ့ကြည့်ရင် တစ်ချက်ခုတ် သုံးချက်လောက်ပြတ်မယ့် ရည်ရွယ်ချက်မျိုးလို့ဆိုနိုင်ပါတယ်။ ပထမတစ်ချက်က နှစ်နိုင်ငံ ချစ်ကြည်ရေးလမ်းစ အနေနဲ့ လားအိုကြီး ယက်တောကြီးကို နအဖက လက်ဆောင်သဘောနဲ့ပြန်ပေးလိုက်တာပါ။ ဒုတိယက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် စီးပွါးရေး လာရောက် ရင်းနှီးမြုပ်နှံပေးပါ့မယ် ဆိုတာရယ်၊ နောက်ပြီး Jim Webb ကိုယ်တိုင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ တရုတ်ကြီးဟာ အိမ်နီးချင်းကောင်း ဒီ့ထက်ပီသသင့်တယ်ဆိုတဲ့ စကားမျိုးသုံးပြီး DASSK ကိုလိုက်ပြီး စည်းရုံးတာပါ။ ဒါတွေဟာ အကုန်လုံးဟာ ကွင်းဆက်ချိတ်နေတာပါ။ အချုပ်ကတော့ အမေရိကန်အစိုးရဟာ တရုတ်အစိုးရသြဇာ နအဖ အပေါ်မှာ ဒီထက်ကြီးလာမှာကို အင်မတန်စိုးရိမ်လာတာဖြစ်နိုင်ပါတယ်။ တရုတ်ပြည်က စီးပွါးရေးအရ လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံးအနေအထား ရောက်နေတာကိုလည်း ထိန်းချုပ်ကန့်သန့်ချင်တဲ့ သဘောလည်းရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီဖြစ်ရပ်တွေထဲကတွေ မြန်မာ့နိုင်ငံရေး မှာအကောင်းဘက်ကိုဦးတည်လာတဲ့ အလှည့်အပြောင်းလေးဖြစ်လာရင်တော့ အကောင်ဆုံးပါပဲ။ ဒီလိုမှ မဟုတ်ရင် နအဖ အတွက်ကတော့ မျောက်သစ်ကိုင်းလွှတ် ဘ၀ရောက်ဖို့များပါတယ်။
0
...
written by မင်းသစ္စာ, September 11, 2009
သေချာတာကတော့ တရုတ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ကျော် ကတည်းက မြန်မာပြည် မဖြစ်သေးတဲ့ ပု၈ံကို အကြိမ်ကြိမ် ကျုးကျော်ခဲ့တာ။ ခုက ခေတ်တွေ ပြောင်းလို့  ကိုလိုနီ လုပ်ဖို့ မကြိုးစားပေမဲ့ စီးပွားရေး ကိုလိုနီ လုပ်ဖို့ နည်း ပေါင်းစုံနဲ့ ကြိုးစား လာခဲ့တာပါ။
မြန်မာ စစ်အစိုးရ ခေါင်းဆောင်အ များစုတွင် တရုတ် ဆန့်ကျင်ရေး အမြင် ရှိနေကြတာပေါ့။ တရုတ် နိုင်ငံက ကွန်မြူနစ် ပါတီ (ဗမာပြည်)၊ တရုတ် နယ်စပ်ရှိ တိုင်းရင်းသား အဖွဲ့များကို ထောက်ပံ့ ထားပေးခဲ့ တာကြောင့် စစ်သည် အများစုက စိတ်နာခဲံ့ရတာပါ။ ဒါတွေက ငြင်းလို့ မှ မရတာ
တကယ်တော့ ဗမာ့ တပ်မတော်ရဲ့  အသုံးချတာကို တရုတ် ခံလိုက်ရတာပါ။ ပြည်သူတွေရော တပ်မတော်ထဲမှာပါ တရုတ် ဆန့်ကျင်ရေး အမြင် ရှိတဲ့ အတွက် စစ်တပ်က အချိန် မရွေး ပြသနာ ဖန်တီးလို့  ရပါတယ်။ မိုင်း ထောင်ထားသလို ပေါ့။ အိမ်နီးချင်း နိုင်ငံတွေကို သယံဇာတတွေ ထိုးရောင်းပေးပြီး ပါးစပ် ပိတ်တဲ့နည်းပေါ့။ ရိုးရိုးလေးပါ။ အခုဆို အဲဒီနည်းကို နအဖ ကျင့်သုံးမှန်း သိပေမဲ့ အနောက် တိုင်းသားတွေတောင် မျက်စေ့ မှိတ်ပြိး အပြောခံ အမြတ် ထုတ်ဖို့ လုပ်နေကြပြီ။ တ၇ုပ် ခံရတယ် ဆိုပြီး ၀မ်းသာ မနေကြဖို့ လိုပါတယ် ကိုယ့် အမျိုး ကိုယ့်နိုင်ငံဘဲ ပျက်စီး ဆုံးရုံး၇တယ်
0
တရုတ်က မစွမ်းတာမဟုတ်ပါ။
written by tata, September 11, 2009
တရုတ်က အရှံးအမြတ် တွက်ပြီးသား။ ရေနံ ပိုက်လိုင်းနဲံ့ အနီးဆုံး အ ဟန့်အတားတွေကို အရင် ကိုင်မှာဘဲ။ ပြီးရင် ကချင် ကို ရအောင်ကိုင်မှာ။ စောင့်ကြည့်။
0
No one is good to Myanmar...
written by Han, September 10, 2009

China also no good... American also no good...
Even Burmese are no good to each other....How can other countries good to us...???
0
ဘယ်လိုလုပ် စွမ်းမှာလဲ
written by မောင်, September 09, 2009
တရုပ်အပေါ် အကောင်မြင် လွန်းတဲ့ ဆောင်းပါးပါ။ ဘယ် နိုင်ငံမဆို ကိုယ့်အကျိုးစီးပွားက အဓိကပဲ။
အစွန်း ရောက်ရင်တော့ အစားခံရမှာပဲ။


Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်