စစ်အစိုးရအုပ်ချုပ်သည့် မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်လာရောက်ခြင်းမှတဆင့် အမျိုးသားပြန်လည်သင့် မြတ်ရေးမှသည် မြန်မာနိုင်ငံဒီမိုကရေစီထွန်းကားရေးကို အကူအညီပေးရန် ကုလသမဂ္ဂ၏အလံအောက်ရှိ နိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် ၄င်းတို့၏လက်ရှိဆောင်ရွက်ချက်များ မည်မျှခရီးရောက်နေပြီဆိုသည်ကို မှန်းဆနိုင်ပါသည်။
နေပြည်တော်စစ်အစိုးရ၏အဓိကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မစ္စတာ ဘန်ကီမွန်း တို့၏ ဆွေးနွေးပွဲသည် အရေးကြီးသည့် ပြဿနာ (၃) ရပ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ စစ်အစိုးရနှင့် အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးပွဲများ စတင်ပြုလုပ်ရေးနှင့် အများက ယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲများဖြစ်ပေါ်ရေးအတွက် အခြေအနေများ ဖန်တီးပေးရေးတို့ ဖြစ်ပါသည်။
သို့သော်လည်း ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်၏ မျှော်လင့်ချက်များသည် ချက်ချင်းဆိုသလို ပျောက် ကွယ်ခဲ့ရသည်။ အထိန်းသိမ်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ ဆုံရန် တောင်းဆိုမှုကိုလည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။
စစ်အစိုးရ၏ပျော့ပြောင်းမှု မည်သည့်အတိုင်းအတာအထိပြသရန် ပြင်ဆင်ထားသနည်း ဆိုသည်ကို သိရှိရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တွန်းအားပေးခြင်းသည် မစ္စတာ ဘန်ကီမွန်း၏ တာဝန်ဖြစ်ပါသည်။
ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံမှသူမထွက်ခွာမီ မြန်မာစစ်ဗိုလ်ချုပ်များကို လူသိရှင် ကြားဝေဖန်ရာတွင် တွန့်ဆုတ်ခြင်းမရှိခဲ့ပါ။
“မြန်မာ့နိုင်ငံရေးခေတ်သစ်တခု ပွင့်လန်းလာစေမယ့် သံန္နိဌာန်ကို ပြသဖို့ အကောင်းဆုံးအခွင့်အလမ်းတခု မြန်မာ အစိုးရ လက်လွှတ်ဆုံးရှုံးခဲ့ပြီလို့ ကျနော် ယုံကြည်ပါတယ်”ဟု ရန်ကုန်မြို့ရှိ မူယစ်ဆေးဝါးပပျောက်ရေးပြတိုက်တွင် အစိုးရ အရာရှိများ၊ သံတမန်များ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းသတင်းစာဆရာများ စသဖြင့် တက်ရောက်လာသော လူပေါင်း ၅၀၀ ကျော်ကို ပြောကြားသော မိန့်ခွန်းတွင် အထွေထွေအတွင်းရေးမှူးချုပ် သည် အထက်ပါ အတိုင်း စိတ်လှုပ်ရှားဖွယ် ပြောကြားခဲ့ပါသည်။
အမှန်တကယ်အားဖြင့်လည်း အထွေအထွေအတွင်းရေးမှူးချုပ်၏ ခရီးစဉ်ကို မည်သူကမျှ များများစားစား မမျှော်လင့် ခဲ့ပါ။ စစ်အစိုးရသည် ထိုခရီးစဉ်ကို ၄င်းတို့၏၀ါဒဖြန့်ချိမှု ရည်ရွယ်ချက် သက်သက်အတွက် အသုံးချခဲ့သည်ဟု လေ့လာ သူများကမှတ်ချက်ချကြပါသည်။ သို့သော်လည်း စစ်အစိုးရကို ရင်ဆိုင်ပြီး အမှန်တရားကို ပြောဆိုခဲ့သည့်အတွက် မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံတကာအသိုင်းအ၀န်း၏လေးစားမှုကို အနည်းဆုံး ရရှိသင့်ပါသည်။
ယခုတော့ အဆင်တန်ဆာတွေကို ချွတ်ပြီး သူပြောခဲ့သည့် “အလွန်ခက်ခဲသည့်လုပ်ငန်းတခု”ကို မစ္စတာ ဘန်ကီမွန်း ပိုမိုအာရုံစိုက်ပြီး လုပ်ဆောင်နိုင်ပါလိမ့်မည်။
ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်မြို့တွင် ခေတ္တရပ်နာစဉ် မစ္စတာ ဘန်ကီမွန်းသည် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပြဿနာအား ဆက်လက်ဖြေရှင်းရန် သံန္နိဌာန်ကို ပြသသည့်အနေဖြင့် မကြာမီအချိန်ကာလအတွင်း အထွေထွေအတွင်းရေးမှူး၏ချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သည် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများဟု စုဖွဲ့ထားသော နိုင်ငံများနှင့် အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း သတင်း ထောက်များကို ပြောကြားခဲ့ပါသည်။
သို့သော်လည်း အစွယ်မပါသည့်မြွေကို မြန်မာစစ်ဗိုလ်ချုပ်များ ကြောက်ရွံ့လိမ့်မည်မဟုတ်ဆိုသည့်အချက်ကို မစ္စတာ ဘန်ကီမွန်း အခုဆိုလျင် သိရှိသဘောပေါက် ရပါတော့မည်။
ကုလသမဂ္ဂက ဆုံးဖြတ်ချက်ပေါင်း မည်မျှချမှတ်စေကာမူ၊ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံရှေ့မှောက် မြန်မာနိုင်ငံ ကို ဆွဲခေါ်သွားပါစေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို စစ်အစိုးရက လွှတ်ပေးရန် ဆန္ဒမရှိကြောင်း နေပြည်တော်က ကမ္ဘာကို သက်သေပြခဲ့ပြီ ဖြစ်ပါသည်။
ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်၏ နောက်တဆင့် ဆောင်ရွက်ချက်ကို ကျနော်တို့အားလုံး အနီးကပ် စောင့်ကြည့်လေ့လာနေပါသည်။
မစ္စတာ ဘန်ကီမွန်း၏ခရီးစဉ်သည် မြင်သာထင်သာရှိသည့် ရလဒ်တခုခု ရရှိခဲ့ခြင်း မရှိပါ။ သို့ပေမယ့် မြန်မာပြည်သူ များသည် “ယခု ကျနော် မြန်မာနိုင်ငံကိုလာရောက်ခြင်းသည် ကုလသမဂ္ဂက မြန်မာပြည်သူများအပေါ်ထားရှိသည့် မယိမ်းယိုင်သော သံန္နိဌာန်ကို ပြသရန်အတွက်ဖြစ်ပါသည်။ ယနေ့ ကျနော် ဤနေရာကနေ ပြောချင်သည်မှာ မြန်မာ ပြည်သူများခင်ဗျာ သင်တို့သည် အထီးကျန်ဖြစ်နေသူများ မဟုတ်ပါ”ဟု ပြောကြားခဲ့သည်ကို အမှတ်ရနေပါလိမ့်မည်။ ။
Set as favorite
Bookmark
Email this
Hits: 10681
Comments (8)

written by Truth, July 09, 2009
ရလဒ် မဲ့သော်လည်း အမျှော်အမြင်ရှိသော ဘန်ကီမွန်း၏ ခရီးစဉ် ဆိုတဲ့ ခေါင်းစဉ်လေးကို ထောက်ခံပါတယ်။ ဒီခရီးစဉ်ဟာ မျှော်လင့်သလောက် မအောင်မြင် ခဲ့ပေမဲ့လဲ အကျိုးမဲ့ ခရီးစဉ် သက်သက်တော့ မဟုတ်ပါဘူး။ ပြည်သူဘက်က ပိုမို ရပ်တည် ချင်သွားအောင် ဗိုလ်ချုပ်မှုးကြီးက သံပတ် တင်းပေးလိုက်တဲ့ ခရီးလို့ မျှော်လင့်ရတာ ပါဘဲ။
written by aung naing thu, July 09, 2009
အင်း......... ဘယ်လိုတွေးပြီး ဘယ်လို ရေးရမလဲ။ ကိုထူးအိမ်သင် ရဲ့ သီချင်းဘဲ ဆိုပြရမှာဘဲ တနေ့နေ့တော့ ဖြစ်၍ လာလိမ့်မည်။(သေချာပါတယ် နှေးတာ မြန်တာပဲ ကွာပါလိမ့်မယ်။ အဓမ္မဆိုတာ ခဏပါ ဓမ္မသာလျှင် တည်မြဲခြင်း ထာဝရ ရှိမှာပါ။)
written by burma people, July 08, 2009
I don't think so. I like his speech so much and it will make certain affect on Myanmar soon, i believe.
written by yar cho, July 08, 2009
i just wonder what is UN? what it can do? what will Junta going to do? what will happen in future?
written by mannyl, July 08, 2009
BKM has done what he supposed to do.
As an UN secretary's effort, this event officially uncovered the genuine desire of the military regieme to the world.
However, we have to wait and see the next step up response from UN if there is nothing happened.
They should and they must.
As an UN secretary's effort, this event officially uncovered the genuine desire of the military regieme to the world.
However, we have to wait and see the next step up response from UN if there is nothing happened.
They should and they must.
written by Nay Thit, July 08, 2009
If he continues in such a way, he will die soon.......
Write comment
| < Prev | Next > |
|---|







