သမ္မတ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုရန် နိုင်ငံတကာ အသင့်ဖြစ်နေ

အကယ်၍ ဒီမိုကရေစီ နိုင်ငံတခုမှာ ပြုလုပ်သော ရွေးကောက်ပွဲများ မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရှိမည် ဆိုပါက ပြည်သူအပေါင်းက သူတို့ခေါင်းဆောင် တင်ချင်နေကြသည့် ဒေါ်အောင်ဆန်း စုကြည်ကို သောင်းသောင်းဖြဖြ မဲပေးကြမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း တိုင်းပြည်ကို အုပ်ချုပ်ရန် အဆင်သင့်စောင့်ဆိုင်းနေသည့် သမ္မတလောင်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။

အကယ်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများသာ ဖြစ်ခဲ့ပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သူဦးဆောင်သည့် ပါတီကို ပြည်သူအများက ခေါင်းဆောင်အဖြစ် ခွင့်ပြုဆန္ဒမဲပေးကြဦးမည်ပင် ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးခဲ့ကြရသည့် စစ်အစိုးရသည် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် သူတို့ အာဏာဆက်လက် တည်မြဲစေရေးအတွက် ဖြစ်သမျှညစ်နည်းပေါင်းစုံကို သုံးတော့မည်ဟု ယူဆရသည်။

၂၀၀၈ ခုနှစ် မေလတွင် စစ်အစိုးရက မဲလိမ်မဲညစ်၍ အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံ၏ခေါင်းဆောင်နေရာ မယူနိုင်ရန် ရည်ရွယ်၍ ကန့်သတ်ချုပ်ချယ်မှုများ ပြုထားပြီး သူဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည်လည်း ခြိမ်းခြောက်ဖိနှိပ်မှုများ ကြုံတွေ့နေကြရပြီ ဖြစ်သည်။

အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်ခွင့်ပေးခဲ့ပါက တိုင်းပြည် အတိုင်းမသိတိုးတက်စည်ပင်နေသည်ကို မြင်ကြရမည်ဖြစ်ပြီး ဤအဖြစ်ကို ကြောက်ရွံ့နေကြသည့် စစ်ခေါင်းဆောင်များ၏ ပိတ်ပင်ကန့်သတ်နေမှုများကြောင့် နိုင်ငံ က ပို၍နက်သည့် ဆင်းရဲတွင်း ချောက်ထဲသို့ ထိုးဆင်းနေသည်ကို မြင်တွေ့နေကြရသည်မှာ အလွန်မှ စိတ်နာကြည်းဖွယ်ပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤသို့သော အခြေအနေမျိုးကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အစစ်အမှန် ခေါင်းဆောင်၊ သမ္မတတဦး ဖြစ်ရမည့် အခြေအနေ၊ လူထု၏ တရားဝင် တောင်းဆိုမှုကို အသိအမှတ်မပြုဘဲ ရေငုံ နှုတ်ပိတ် တိတ်ဆိတ်နေရန် မဖြစ်နိုင်ပါ။ ဧရာဝတီမဂ္ဂဇင်း၏ အယ်ဒီတာတဖွဲ့လုံးက ပြည်သူများ၏ ယခုတောင်းဆိုချက်ကို တခဲနက် အူလှိုက်သည်းလှိုက် ထောက်ခံပါသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ သမ္မတရာထူးတာဝန် ထိုက်တန်သည်ဆိုသည်မှာ ပြည်သူအများ ထောက်ခံထား ချက်အရသာ မဟုတ်ဘဲ သူ၏ ခေါင်းဆောင်မှု အရည်အချင်း၊ အကျင့်သိက္ခာ၊ သြဇာခွန်အားတို့ကြောင့် ယခုကဲ့သို့ ထောက ခံရခြင်း ဖြစ်ပါသည်။ ဤအရည်အချင်းများကြောင့် စစ်အစိုးရက သူ့ကို ၁၃ နှစ်ကျော်ကြာ အိမ်အကျယ်ချုပ်ချထား ခဲ့ရုံမျှ မက ယခုအစိုးရဆင်ကွက်ပြုထားသည့်တရားခွင်မှနေ၍ ပြောင်ပြောင်တင်းတင်း နောက်ထပ် ထောင်ဒဏ် ဆက်လက် ချမှတ်ရန် အကြောင်းလည်း ရှိနေပါသည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ယခုကဲ့သို့ ယုတ်မာကောက်ကျစ်လှသော စစ်အစိုးရနှင့် လက်ပါးစေလူမိုက်များ၏ မတရား မမျှတမှုများနှင့် ချိုးနှိမ် စော်ကားမှုများ ခံနေရသည့်တိုင် သူ့ကို ထောင်သွင်းအကျဉ်းချထားသူများအပေါ် ဒေါ်အောင်ဆန်းစုကြည်က အမျက်ထွက် ရန်လိုဟန် တစိုးတစိမျှ မပြခဲ့ပါ။ သူက အရှည်ကိုမျှော်တွေး၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း စွာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုနေခဲ့ပါသည်။ သူ၏ တည်ကြည်သည့်ဟန်၊ ကိုယ် ခံအား အပြည့်ဖြင့် တုံ့ပြန်ခဲ့ပါသည်။ ဤသို့ တည်ကြည်စွာ ရင်ဆိုင်ခဲ့သည့်အပေါ်လည်း မြန်မာ ပြည်သူလူထုက ပို၍ထောက်ခံခဲ့ကြပါသည်။

သို့သော်လည်း ဤသို့ထောက်ခံသည့် အသံများကို စစ်အစိုးရက အကျဉ်းထောင်နံရံများ၏ နောက်ကွယ်တွင် ပိတ်ဆို့၍ မကြားရအောင် ပြုခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်မှာ လူမဆန်သည့် ပြစ်ဒဏ်များကို အကျဉ်း ထောင်များအတွင်း ခံစားနေကြရဆဲ ဖြစ်ပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ထူးချွန် ထက်မြက်သည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး၊ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်ဦး၊ ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မစုစုနွေး စသည့် ခေါင်းဆောင်များကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ချုပ်မှုအောက်မှာ ကူညီပံ့ပိုးပေးမည့်သူများ ဖြစ်ပါသည်။

ယခင် စစ်တပ်မှ တပ်မှူးခေါင်းဆောင် များကိုလည်း ပြန်ဖိတ်ခေါ်၍ မြန်မာနိုင်ငံကို တိုးတက်ရာ တိုးတက်ကြောင်း ရှေ့ဆောင်ကြရန် အကူအညီတောင်းခံနိုင်ပါသေးသည်။ ထိုအချိန်တွင် ပြည်ပရောက်နေကြသည့် ရပ်ဝေးနေ ရွှေမြန်မာ များကလည်း ပူးပေါင်းလက်တွဲ၍ တတပ်တအား ပြန်လာကူညီကြမည်မှာ မလွဲပေ။

အမှန်စင်စစ် လက်တွေ့ကျကျပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်တွင် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ကပ်ဘေးပြဿနာ များအားလုံးကို ဥုံဖွဖြေရှင်းနိုင်ရန် ဆေးအစွမ်း ရှိနေမည်ဟု မျှော်လင့်မထားသင့်ပါ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မှလွဲလျှင် မည်သူတဦးကမျှ နိုင်ငံရေး အင်အားစုများ အားလုံးကို သိမ်းကျုံးဆွဲငင်နိုင်ရန်အတွက် အရည်အချင်း ရှိမနေပါ။ သူက တိုင်းရင်းသားလူမျိုး စုများ၏ ယုံကြည်မှုကိုလည်း ရယူနိုင်သလို၊ မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာ နှင့် ပြန်လည်ထိ တွေ့ ဆက်ဆံခွင့်ရရှိစေရန် တံခါးဖွင့်ပေးနိုင်သူလည်း ဖြစ်သည်။ နိုင်ငံတကာအလယ် မျက်နှာငယ်နေရသည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ပေးမည့်သူ ဖြစ်သလို၊ တရုတ်၊ အိန္ဒိယနိုင်ငံများ အပါအ၀င် ကမ္ဘာ့အရေးပါသည့် နိုင်ငံများ၏ ယုံကြည်မှုကို ပြန်လည်ရယူပေးနိုင်မည့် သူလည်း ဖြစ်သည်။

ယခုကျဆင်းနေရသည့် မြန်မာ့တပ်မတော်နှင့် စစ်တပ်ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ပေးမည့်သူ ဖြစ်သလို၊ အမုန်းအာဃာတ ကင်းစင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ထားကြောင့်လည်း စစ်တပ်ကို မြန်မာပြည်သူ များ ဒေါသအမျက်ဘေးမှ ပြန်၍ လှိုက်လှဲနွေးထွေးလာစေရန် စွမ်းစေလိမ့်မည် ဖြစ်သည်။

သမ္မတ ဒေါ်အောင်ဆန်းစုကြည်က သူ၏လွတ်မြောက်ရေးကို အစဉ်အမြဲ တောင်းဆိုနေသည့် ကမ္ဘာ့ခေါင်းဆောင်များဖြစ် သော အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းတို့နှင့်အတူ ကမ္ဘာ့ စင်မြင့်အလယ်တွင် ယှဉ်၍ ခန့်ခန့်ညားညား တန်းတူရည်တူ ယှဉ်ထိုင်နိုင်မည့်သူမျိုးလည်း ဖြစ်သည်။ သမ္မတ ဒေါ်အောင် ဆန်းစုကြည် က တရုတ်နိုင်ငံ သမ္မတ ဟူကျင်းတောင်၊ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ တို့နှင့် တန်းတူရည်တူ ဆွေးနွေး ပြောဆိုနိုင်မည့်သူ ဖြစ်ပြီး ဒေသအတွင်း မြန်မာ့ဂုဏ်ကို ပြန်၍ သိက္ခာဆည်ယူနိုင်မည့်သူလည်း ဖြစ်သည်။ ကမ္ဘာတ၀န်းလုံး ရှိ မြို့တော်များက နွေး ထွေး လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုကြမည့် အမျိုးသားခေါင်းဆောင်မျိုးလည်း မြန်မာပြည်မှာ ရှိလာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရက ဤအမှန်တရားကို ကြားရဲသည့် အစွမ်းမရှိပါ။ မည်သို့ပင် ဖြစ်စေ၊ ယခု သူတို့လုပ်ရပ် လွန်လှပြီဆိုသည်ကိုတော့ မြန်မာစစ်ဗိုလ်ချုပ်များ သိသင့်ပြီ ဖြစ်သည်။

သူတို့ချစ်လှပါသည်ဆိုသည့် မြန်မာနိုင်ငံကြီးကို ဂုဏ်သိက္ခာပြန်လည် ဆယ်ပေးနိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည်သာ ရှိပါ တော့သည်။

ကမ္ဘာကြီးတခုလုံးနှင့် အဖိနှိပ်ခံနေကြရသည့် မြန်မာပြည်သူများ အနေနှင့်မူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည် ဆိုလျှင် အတိုင်းထက်အလွန် ကြိုဆိုရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ပါသည်။ မိတ်ဘက်အဖြစ် မြန်မာနိုင်ငံကို လက်ကမ်း ရန် အသင့်ဖြစ်နေကြသည်။ သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြ မည်မှာ မလွဲ ဧကန် ဖြစ်ပါသည်။

ဧရာဝတီ မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော် The World is Ready for a President Aung San Suu Kyi ကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (30)Add Comment
0
Agree With Condition
written by Zo Khup, September 20, 2009

I agree with Irrawaddy writer, but with some conditions.

She should not be the president elect of 2010 facist election.
0
အနာဂတ် ပြည်မြန်မာ
written by win maw, August 20, 2009
သစ်လွင် လှပတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် စည်းရုံးကြပါစို့။
0
ကျွန်တော် ထင်မိတဲ့ ကျွန်တော့ နိုင်ငံရဲ့ အကျပ်အတည်းမှ လွတ်မြောက်ဖို့ တခုတည်းသော အခွင့်အရေး
written by Moe Oo, August 05, 2009
ကျွန်တော်ထင်တာကတော့ ကျွန်တော် တို့ နိုင်ငံဖွံဖြိုး တိုးတက်ဖို့အတွက် အလွန်ပင်ကောင်းမွန်တဲ့ သံတမန် ဆက်ဆံ ရေးကို ပြုလုပ်နိုင်တဲ့ ဂုဏ်သိကခါရှိတဲ့ ( The whole world နှင့် သင့်မြတ်သည့်) The great leader တစ်ယောက် လိုတယ်၊ ပြီးတော့ Capital ငွေအရင်းအနှီးတွေ လိုအပ်တယ်။ လက်ရှိ ကျွန်တော် တို့ နိုင်ငံရဲ့ မတိုးတက်မှုဟာ အဲ့ဒီ (2) ချက်မှာ ချို့ယွင်းချက် ဖြစ်နေလို့ ဖြစ်မယ် လို့ ကျွန်တာ် ယူဆပါ တယ်။ အခုအချိန် မိမိနိုင်ငံဆင်းရဲ နေတဲ့ချိန်မှာ ခေါင်းဆောင်တွေအနေနဲ့ အရာရာကို မိမိ စိတ်ကြိုက်လုပ်ရမှ ဆိုတဲ့ စိတ်ကိုဖျောက်ပြီး မိမိ တိုင်းပြည်ရဲ့ ကောင်းကျိုး အတွက် လိမ်မာပါးနပ်စွာ စွမ်းဆောင်နိုင်မဲ့ ခေါင်းဆောင်မျိုးဖြစ်ရမယ်။ ဘယ်သူမှားမှား ကိုယ်ဘက်က မမှားအောင်ပြုလုပ်ပြီး တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ခွင့်လွှတ်မှု တွေနဲ့တည်ဆောက်ရမယ်။ လက်ရှိ ခေါင်းဆောင် အတွေ အနေနဲ့လည်း စေတနာပါတိုင်း အကျိုးသက်ရောက်မှု ကောင်းတာ မဟုတ်ဘူး၊ ဥာဏ်ပါမှ အကျိုးသက်ရောက်မှု ကောင်းတယ်ဆိုတာကို ခွဲခြားပြီး နားလည် စေခြင်တယ်။ The Road to Hell is Paved with the good intention ဆိုသလိုပေါ့။ ဘယ်သူဘဲလုပ်လုပ် တိုင်းပြည် ကောင်းကျိုးအတွက် ဖြစ်ရင်လုပ်ခွင့် ပေးနိုင်ရမယ်။
အခုတိုင်းပြည် အတွက် အဆိုးရွားဆုံး အခြေအနေကတော့ ပိတ်ဆို့ အရေးယူခံထားရခြင်း ဖစ်တယ်။ ပိတ်ဆို့တော့ ခေါတ်စနစ်နဲ့ မလျှော်ညီတဲ့ စီပွားရေးစနစ် Local business ကို ကျင့်သုံးနေ ရပြီး The Whole world နဲ့ ဟန်ချက်ညီညီ ဖွံ့ဖြိုးဖို့ကမလွယ်ဘူး။ အမှန်ဝန်ခံရရင်တော့ ပိတ်ဆို့ခံထားရတဲ့ ဒီအခြေအနေကြီးကို ကျွန်တော် ကတော့ မကြိုက်ဘူး။ ဘယ်သူမှလည်း ကြိုက်မယ်လို့ မထင်ပါဘူး။ ဒီအခြေအနေကနေ လွတ်မြောက်အောင် ကြိုးစားရမှာ အားလုံးတာဝန်ဘဲ။ လက်ရှိအနေအထားမှာ ပါးနပ်မှု ရှိပြီး၊ နိုင်ငံတကာနှင့် သင့်မြတ်တဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေး ဦင်္းဆောင်နိုင်မဲ့ ခေါင်းဆောင်ကောင်း ရွေးချယ်ကြဖို့ လိုနေတာပါ။ နိုင်ငံတကာ အသိအမှတ် မပြုတဲ၊့၊ လက်မခံတဲ့ခေါင်းဆောင် (1)ယောက်ထပ်တက် လာရင်တော့ မြန်မာနိုင်ငံငံဟာ စစ်တပ်ကဘဲ ဦးဆောင်သည်ဖြစ်စေ၊ အရပ်သားဘဲ ဦးဆောင်သည်ဖြစ်စေ မွဲတေ ဆင်းရဲနေမည်မှာ အမှန်ပါဘဲ။ ကျွန်တော့ ရွေးချယ်ထားတဲ့ စိတ်ထဲက ခေါင်းဆောင်၊ ပြသနာကို ဖြေရှင်းနိုင်မဲ့ခေါင်းဆောင် ကတော့ အန်တီ စု ပါဘဲ၊။ It is my opinon.
0
ဆောင်းပါကိုတော့ ကြိုက်ပါသည်။ ဒါပေမဲ့ .....
written by sunman, July 09, 2009
ဆုတောင်းရုံနဲ့ တင် မပြီးပါဘူး။ ဆုတောင်းတိုင်းသာ ပြည့်မည် ဆိုပါက လူတိုင်း အပင်ပန်း ခံပြီး ဘာမှ လုပ်ဖို့  မလိုပါဘူး။ အိမ်မှာ နေပြီး ဆုတောင်းရုံပါပဲ။
တစ်ခါ တလေ ဖိုးသူတော် မေတ္တာ ပို့ သလို လုပ်သင့်တယ် ထင်ပါတယ်။

တစ်ခါက လမ်းခရီး တစ်ခုကို ဆရာ ဘုန်းကြီး တစ်ပါးနဲ့  ဖိုးသူတော်တို့  တူတူ သွားကြားတယ်။ ဒီလို သွားရင်းနဲ့  လမ်းခရီး တနေရာ ရောက်တော့ နွားရိုင်း တစ်ကောင်ဟာ သူတို့  ကို မြင်တော့ ဝှေ့ မလို့  ပြေးလာတယ်။

ဆရာဘုန်းကြီးက သတ္တ၀ါတွေ ချမ်းသာပါစေ ကျန်းမာပါစေ ဆိုပြီး ဆုတောင်းတယ်။

နွားရိုင်းကြီးက ပိုတောင် နီးလာနေပြီ။ အဲဒါနဲ့  ဖိုးသူတော်လဲ အနီးအနားမှာ ရှိတဲ့ ခဲ(ဂဲ) နဲ့  နှစ်ချက် သုံးချက် ထုလိုက်တော့မှ နွားရိုင်းကြီးလဲ နာပြီး အဝေးကို ပြေးသွားတော့တယ်။ အဲဒါနဲ့  ဆရာဘုန်းကြီးက ပြောတယ် "သူတော်ရေ မင်းမေတ္တာက ငါ့ထက် ပိုစွမ်းတယ်ကွ" ဟူသတတ် ...............
0
Agree that !
written by Waso, July 01, 2009
I like ur voice.
All myanmar people BE HAPPY & HEALTHY
0
Of course! She's the only one President for Burma
written by Ahmad, June 15, 2009
Yeah! I second Editor's Speeches. Daw Aung San Suu Kyi is our REAL LEADER.
0
တိုင်းပြည်ကံကြမ္မာ ကောင်းလာဖို့ ဝိုင်းဝန်း မေတ္တာ ပို့ကြပါစို့.....
written by uncle lawyer, June 12, 2009
တိုင်းပြည်နဲ့ သင့်တော်တဲ့ ခေါင်းဆောင်တွေနဲ့ လွဲချော်နေခဲ့ရတယ်။ အမြော် အမြင်ရှိတဲ့ ကနောင် မင်းသားကြီး၊ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ရိုးသားတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးတွေနဲ့ လွဲခဲ့ရတယ်။

အခုတစ်ခါ တိုင်းပြည် အတွက် အသင့်တော်ဆုံး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လို ခေါင်းဆောင်မျိုးနဲ့ မလွဲချော်ရအောင် အကောင်းဆုံး နည်းလမ်းကတော့ မေတ္တာ ပို့ရမယ်။ ကိုယ်ချင်းစာ စိတ်နဲ့ ငါအခု အေးချမ်းသလို ငါ့တို့ ခေါင်းဆောင်လည်း အေးချမ်းပါစေ၊ ငါအခု လွတ်လပ်သလို ငါတို့ ခေါင်းဆောင်လည်း လွတ်လပ်ပါစေ၊ ငါအခု ပျော်ရွင် ချမ်းမြေ့သလို ငါတို့ ခေါင်းဆောင်လည်း ပျော်ရွင် ချမ်းမြေ့ပါစေ ဆိုတဲ့ တကယ့် အေးငြိမ်း ချမ်းသာမှုကိုသာ ပို့လွတ်ရမှာ ဖြစ်ပါတယ်။

ကိုယ့်မှာရှိတဲ့ အရာကို သူများလည်း ရပါစေ ဆိုတဲ့ စေတနာပါမှ မေတ္တာက ထိရောက်မှာပါ။ ထို့အတူဘဲ မေတ္တာ
နည်းလမ်းကို သုံးမယ် ဆိုရင်အရေးကြီးဆုံးက တိုင်းပြည်ကို ဒုက္ခ ရောက်အောင်၊ ဆင်းရဲ မွဲတေအောင် လုပ်ပြီး ကိုယ်ကျိုးရှာ ကြီးပွား ချမ်းသာအောင် လုပ်နေတဲ့ စစ်ခေါင်းဆောင်တွေကိုလည်း ကျွန်တော်တို့ ခေါင်းဆောင်ကို ပို့လွတ်ပေးနေတဲ့ မေတ္တာ ပို့တဲ့နည်းနဲ့ဘဲ သူတို့ဆီလည်း ပို့ပေးရမှာ ဖြစ်ပါတယ်။ သူတို့က အမှန်တကယ်တော့ ပြည်သူ့မေတ္တာကို ငတ်နေတဲ့ ဒုက္ခသည်တွေပါ လို့ သိပြီး ညီမျှစွာ စိတ်ထားပြီး မေတ္တာ ပို့ပေးရမှာ ဖြစ်ပါတယ်။

၂၀၀၇ စက်တင်ဘာ တုန်းက အစောပိုင်း ရက်တွေမှာ နိုင်ငံ တဝှမ်းလုံး မှာရှိတဲ့ သံဃာတော်တွေ မေတ္တာသုတ် ၇ွတ်ဖတ်ပြီး စီတန်း လှည့်လည်တာကို စစ်ဗို်လ်ချုပ်ကြီးတွေ တုန်လှုပ် ခြောက်ခြားသွားခဲ့ရပါတယ်။ ချက်ချင်း ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။ နောက်ပိုင်း ရက်တွေမှာ သူတို့က သေနပ်နဲ့ ပစ်တယ်။ ဒုတ်တွေနဲ့ရိုက်တဲ့ အချိန်မှာ မေတ္တာသုတ် ရွတ်ဖတ်နေတဲ့ ရဟန်း ရှင်လူတွေဟာ ချက်ချင်း ဆိုသလိုဘဲ မေတ္တာကနေ ဒေါသဘက်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် သွားခဲ့ကြတဲ့ အတွက် အဲဒီတိုက်ပွဲမှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတယ်။ မေတ္တာသုတ်ရဲ့ ကျမ်းဂန်လာတိုင်းဆိုရင် မတုန်မလှုပ်၊ မယိမ်းမယိုင်တဲ့စိတ်နဲ့ ကြံကြံခိုင် ဆက်ပို့နေမယ် ဆိုရင် သေနပ်နဲ့ ပစ်တဲ့သူတွေ ပစ်ရဲပါ့အုန်းမလား။ ဒုတ်နဲ့ရိုက်တဲ့ သူတွေ ရိုက်ရဲပါ့အုန်းမလား။

တစ်ချို့က ဒေါသတွေထွက်ပြီး ခဲတွေနဲ့ထုတော့မှ ကျွန်တော်တို့ရဲ့ တိုက်ပွဲ စတင် ရှုံးတော့တာလို့ ကျွန်တော် မြင်ပါတယ်.။ ဒါဟာ ကျွန်တော်ရဲ့ အဖြစ် အပျက်ပေါ်မှာ အားမနာတမ်း ပြန်လှညိ့ ကြည့်ပြီး သင်ခန်းစာ ယူတာပါ။ အဲဒီအချိန်က ရုတ်တရက် ဆိုသလို တိုက်ပွဲအရှိန်က မြင့်တက်လာပြီး ပြည်သူတွေနဲ့ ကမ္ဘာရဲ့ ထောက်ခံမှုတွေ ရလာတဲ့ အချိန်မှာ မေတ္တာတိုက်ပွဲကို စနစ် တကျ မလုပ်နိုင်ခဲ့တယ့် အမှားလို့ မြင်မိပါတယ်။

မေတ္တာပို့တယ် ဆိုတာ ကျင့်စဉ် တစ်ခုလို ကျင့်ယူရတဲ့ အရာ ဆိုတာကို သေသေ ချာချာနဲ့ မှန်မှန် ကန်ကန် သိဖို့ပါဘဲ။ ကိုယ် အေးချမ်းချင်သလို သူများတွေလည်း အေးချမ်းပါစေ ဆိုတဲ့ တကယ့် စေတနာ ရှိရပါမယ်။

စစ်ဗိုလ်ချုပ်ကြီးတွေဟာ တိုင်းပြည်ရဲ့ သယံဇာတတွေကို ရောင်းစားပြီး အကောင်းဆုံးသော စည်းစိမ် ဥစ္စာတွေနဲ့
ယစ်မှုးနေတယ်။ ပြည်သူတွေ ငတ်ပြတ်နေပြီ။ တိုင်းပြည်ကြီးလည်း အောက်တန်း ကျနေပြီ ကမ္ဘာ့ အလည်မှာ မျက်နှာငယ်နေရပြီ ဆိုတာကို လုံးဝ ဂရုမစိုက်ဘူး။ သူတို့လို စိတ် ပြန်မွေးရင် ကိုယ့်ပါ လိုက်မိုက်မဲရာ ကျမနေဘူးလား။

တစ်နေကုန် မဟုတ်ပါဘူး။ ကိုယ့်မှာ ကြည်လင် အေးချမ်းတဲ့ စိတ်ကလေး ရှိတဲ့ မနက်ခင်းလို အချိန်မျိုးမှာ ပြည်သူ တရပ်လုံးက ၀ိုင်းပြီး မေတ္တာ ပို့ကြမယ် ဆို ရင် မကြာသော ကာလမှာ ကျွန်တော်တို့ ချစ်တဲ့ ခေါင်းဆောင်လည်း ကျန်းမာ ချမ်းသာပြီး အေးချမ်းတဲ့ တိုင်းပြည် တစ်ခုကို အမြန် ဆုံး ရောက်ရှိ လာလိမ့်မယ်လို့ လက်တွေ့ပါသော မျှော်လင့်ခြင်းနဲ့ မျှော်လင့်ပါတယ်။

ပြည်သူတွေလည်း လမ်းပေါ် တတ်စရာ မလိုဘဲ။ အသေအပျောက် မရှိ မေတ္တာကို ကိုယ့် အိမ် ထဲမှာ ကိုယ်ပို့တာ အသံလည်း ထွက်စရာမလိုတော့ အိမ်ပေါ်ထိ လိုက်ဖမ်းလို့လည်း မရအောင် မေတ္တာ တိုက်ပွဲ ပြန်စကြပါ စို့လားဗျာ။ ဒီတစ်ခါတော့ အသေးစိတ် ဝိုင်းဝန်း ဆွေးနွေးကြပြီး ညီညာ လိုက်ကြပါစို့ ဗျာ.။

ခပ်သိမ်းကုန်သော မင်္ဂလာသည် ဖြစ်ပါစေသတည်း။

ဆက်လက် အသေးစိတ် ဆွေးနွေး လိုပါသည်။ ရှေ့နေကြီးပါ allbepeaceful@gmail.com သို့ ဆက်သွယ် နိုင်ပါသည်။
0
Totally agree with you
written by Shwe Pyi Thar, June 12, 2009
No one is suitable for the president position apart from her. We can not search the one like her. We really hope for better future of the country...
0
the most excited feeling
written by tuntauk, June 12, 2009
i'm very very pleased and very excited to read this article and pray for becoming reality very soon as we've been waiting for twenty years to see Daw Aung San Suu Kyi as our graceful president.
0
...
written by TMZ, June 12, 2009
It is sure that your article will be applauded by everybody (including me). But I oppose creating personal cult, it will definitely fail at the end. Nobody can deny that in the long term we need the good and sincere leadership for our country. Daw Aung Sann Suu Kyi has these abilities (may be more) but we have to consider "Are there anyone else who is qualified for our future leadership?" If not, it is very sad for the future of our country, the crooks will prevail because of that. If something happen to Daw ASSK unfortunately, what shall we do? We need many more leaders like Daw ASSK. Some has to be ready to take over such responsibilities and duties.
0
Um.....
written by Ko Ye, June 12, 2009
To dream too much is just illusion. What we have to consider now is that how to stop the mechanism of SPDC. If we can stop this mechanism, the country will have good changes, at least some better changes as SPDC's system is in the very bottom of the worst of worst system. So, how will we stop the brutal junta who even never know "the rule of law." NLD? um...sometimes, NLD is just a party, not more than that. Without Daw Aung San Suu Kyi, they can't challenge SPDC. On the other hand, to catch a snake by others' hand is not a right choice. To hope too much only on Daw Aung San Suu Kyi will never work. We should rely more on the people power. Our goal is not to make Aung San Suu Kyi a president or Prime Minister, but to get true liberation or independence from the brutal military junta who are the step fathers of Hitler(Nazi).

One very serious mistake we Myanmar citizen have made is that we have never think about Myanmar without Aung San Suu Kyi. Please be remind what happened to Myanmar after the assassination of General Aung San. We are not sure about Daw Aung San Suu Kyi too. Where is our plan B? Supposed she get the power, how about the case of ethnic nationalities?
0
...
written by pi si, June 11, 2009
ဒီမိုကရေစီမှာ လူထု အကျိုးစီးပွား တိုးတက်အောင် လုပ်ပေးနိုင်တဲ့ အကောင်းဆုံး ခေါင်းဆောင်တွေကို လူထုက ရွေးချယ်မှာဖြစ်ပါတယ်။

မြန်မာပြည်သူအများစုက ဒီမိုကရေစီရဲ့ သဘောတရား၊ လူ့အခွင့်အရေး ဆိုတာတွေကို သေသေ ချာချာ သဘောမပေါက်ဘဲ ၀ိုးတိုး ၀ါးတား ဖြစ်နေကြတာကို အခွင့်ကောင်း ယူပြီး မတရား နေရာ ယူနေကြတာပါ၊ ဒီမိုကရေစီစနစ်မှာ ခေါင်းဆောင်နေရာကို ၀င် အရွေးခံနိုင်ပါတယ်၊ ကိုယ်က ကိုယ်အတွက်ဆိုတာ မကြည့်ဘဲ ပြည်သူတွေ အကျိုးကို ဘယ်လောက် လုပ်ပေးနိုင်သလဲ ဆိုတာ ပေါ်လာပါလိမ့်မယ်။
0
အသင့် ပြင်ထားသင့်
written by pi si, June 11, 2009
ဒီအတိုင်း အမြန်ဆုံး ဖြစ်လာရန် ရည်မှန်းပြီး ပြည်သူ ပြည်သားများ အားလုံး ကျရာနေရာက ပါဝင်ကြပြီး၊ ကိုယ် တတ်နိုင်တဲ့ နေရာက တစ်တပ်တစ်အား တာဝန် ထမ်းဆောင်နိုင်ရန် အတွက် ကိုယ် အရည် အချင်းများကို ကိုယ်သွေးပြီး အသင့် အနေ အထားနဲ့ ပါဝင် ဆောင်ရွက်ကြရန် အတွက် ပြင်ထားသင့်သည်။
0
နောက်ဆုံးပိတ် တိုက်ပွဲ
written by မင်းတို့ သွေး, June 11, 2009
တိကျ။ စစ်မှန် တာဝန်ခံ။ တာဝန် ယူရဲတဲ့ အဖွဲ့ ။ ခေါင်းဆောင်တွေက နိုင်ငံတကာနဲ့ ပေါင်းပြီး သုံ့ပန်း ပေါ်လစီ များချကာ စစ်တပ်ကို တာဝန်ယူမယ် ဆိုရင်တော့ ငါတို့  တပ်မတော်ကြီးဟာ ပြည်သူချစ်တဲ့ ပြည်သူနဲ့ လာပူးပေါင်းမှာပါ၊၊ လက်စားခြေခြင်း။ ခွင့်လွှတ်ခြင်းကို အတိအလင်း ကြေငြာရဲရမယ်၊
ယူ အဲန် နဲ့  ညှိ နှိုင်းပေ ရော့.........
0
ကိုနေ.. သို့
written by အဖြူရောင်လူ, June 10, 2009
ကိုနေ ဆွေးနွေးတာကို လက်ခံပါတယ်။ ကြိုဆိုပါတယ်။
ကျွန်တော့် အနေဖြင့် ဤဆောင်းပါးကို ကန့်ကွက်လိုခြင်း မဟုတ်ပါ။ အပြည့်အ၀ ထောက်ခံ ယုံကြည်ပါသည်။ သို့ရာတွင် ထည့်သွင်း စဉ်းစားသင့်သော အချက်များကိုသာ ဆွေးနွေးပေးခြင်း ဖြစ်ပါသည်။

၁။ ကိုနေ ပြောသလို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရလာအောင် တိုက်ခိုက်ယူရမည့် အချိန် ရောက်လာပြီ ဆိုသည်ကို ထောက်ပြခြင်း ဖြစ်ပါသည်။ အသက်ကြီးရင့် လာသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီရေး လုပ်ဆောင်နိုင်စွမ်း ရှိနေသေးမှုကို အပြည့်အ၀ ယုံကြည်ပါသည်။ ကိုနေ ဆွေးနွေးချက်ကို သဘောတူပါသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည် အတွက် နောက်ထပ် အနှစ် ၂၀ စောင့်ဆိုင်းရဦးမည် ဆိုလျှင် အလွန်ပင် စိုးရိမ်ဖွယ်ရာ ဖြစ်လာပါမည်။ ထို့ကြောင့် မစောင့်ဆိုင်းရအောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာပြည်သူ အားလုံး တိုက်ပွဲအရှိန် မြှင့်ချိန် တန်လာပြီ ဖြစ်ကြောင်း တင်ပြခြင်းသာ ဖြစ်ပါသည်။

၂။ မှန်ပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း ထိုကဲ့သို့ ဆုံးဖြတ်ချက် ချထားသူ ဖြစ်ပါသည်။ သို့ရာတွင် မမေ့သင့်သော အချက်မှာ ဆွေးနွေးခဲ့သော ကဏ္ဍများတွင် ပြေးနေသူက ပြေးနေ သော်လည်း ရပ်တန့် နေသူက ရပ်တန့် နေမည် ဆိုပါက ၄၊ ၅ နှစ်အတွင်း အဆပေါင်းများစွာ ကွာခြား သွားနိုင်ပါသည်။ ယခုခေတ် နည်းပညာ များသည် ခုန်နိုင်သူကို အမြန်တိုးတက် နိုင်စေပြီး ထိုင်နေသူကို ပို၍ ခါးကုန်းလာစေအောင် စွမ်းဆောင် လာနိုင်နေပြီ ဖြစ်ပါသည်။ နည်းပညာ ကွာဟမှုကို ထည့်မတွက်၍ မဖြစ်ပါ။ မြန်မာ ပြည်သားများ ထိုဒဏ်ကို ယခု ခံနေရသည် ဖြစ်သည်ကို ငြင်းဆိုနိုင်မည် မဟုတ်ပါ။

၃။ ကျွန်တော်၏ စေတနာ မှာ ဒေါ်အောင်ဆန်းစုကြည် ခန္ဓာကိုယ်ကို နှိပ်စေခိုင်းလို၍ မဟုတ်ပါ။ ယခု ကြုံတွေနေရသော နိုင်ငံရေး လမ်းပိတ်ကြီးကို အမှန်တကယ် ဖွင့်နိုင်သူမှာ ဒေါ်အောင်ဆန်း စုကြည်မှတပါး အခြားသူ မရှိနိုင်တော့ပါ။ အကယ်၍ သူ့အား ထောင်ချ (သို့) နေအိမ် အကျယ်ချူပ် ချခဲ့ပါလျှင် သူ့အနေနှင့် တခုခု လုပ်ဆောင် သင့်လာပြီ ဖြစ်ကြောင်း ဆွေးနွေးခြင်း ဖြစ်ပါသည်။ အကယ်၍ သူသာ အစာငတ်ခံ ဆန္ဒပြလျှင် ကမ္ဘာ အဖွဲ့အစည်းများက ၅ ရက်၊ ၁၀ ရက်ခန့် တောင် အကြာခံ လိမ့်မည် မဟုတ်ပါ။ အစိုးရကို ဖိအားပေး၍ ဆွေးနွေးပွဲများ အမြန် စတင်လာနိုင် စေပါမည်။ အခြား အခြားသော နည်းလမ်းများဖြင့် အခြား အခြားသော သူများ၊ အဖွဲ့အစည်းများ မည်သို့ပင် ကြိုးစားသော်ငြား အနှစ်နှစ်ဆယ် အတွင်း ထိရောက် နိုင်မှုမှာ တိုးတက်မှု မရှိလှပါ။ တိုးတက်မှုများ ရှိနေသည်ကို လက်ခံပါသည်။ သို့ရာတွင် အနှစ် ၃၀၊၄၀ သာ ဆက်ယူ ရဦးမည် ဆိုပါက တိုက်ပွဲ ဆင်ရကျိုး နပ်မည် မထင်ပါ။ ထို့ကြောင့် အမြစ်ပြတ် တိုက်ပွဲများ လုံးဝ စတင်သင့်ပြီဟု ယုံကြည်မိပါသည်။ ထိုသို့ စတင်လာစေရန် ပြည်တွင်း အင်အားများကို လှုံ့ဆော်နိုင်သူ၊ ပြည်ပအင်အား များကို ဆွဲဆောင်နိုင်သူ၊ ထိရောက်စွာ လွမ်းမိုးမှု ရှိသူမှာ ဒေါ်အောင်ဆန်း စုကြည်ပဲ ဖြစ်ပါသည်။ ထိုသူကိုသာ ဆက်လက် ထိန်းချူပ်ခံထား ရဦးမည် ဆိုပါလျှင် ......
0
အဖြူရောင်လူ... ....သို့
written by ကိုနေ, June 10, 2009
ဒီဆောင်းပါးကို လုံးဝထောက်ခံပါတယ်။ အမေစုသည်သာ လက်ရှိမြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး ခေါင်းဆောင်ပါ။
၁။ ဒေါ်အောင်ဆန်းစုကြည်သည် အသက်အရွယ်ကြီးရင့်လာပြီမှန်သော်လည်း ဒီမိုကရေစီထွန်းကားအောင် ကောင်းကောင်းလုပ်ဆောင်နိုင်ပါသေးတယ်။ အမေစုကို လွတ်လွတ်လပ်လပ်သာ လှုပ်ရှားခွင့်ပေးလိုက်ပါ။ အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ထောင်နိုင်ပါတယ်။ ဗမာပြည်မှာ ယောက်ျားသားတွေအပါအဝင် ဘယ်သူမှမစွမ်းဆောင်နိုင်တာတွေကို အများကြီးလုပ်ဆောင်ပြခဲ့တာကို မမေ့သင့်ပါဘူး။
၂။ ဒေါ်အောင်ဆန်းစုကြည်သာ ဦးဆောင်မည်ဆိုပါက ပြည်ပရောက် အသိပညာရှင် အတတ်ပညာရှင်များစွာက ကူညီကြပါလိမ့်မယ်။ (အခြားသူများက စိတ်ကူးယဉ်ဆန်တယ်လို့ ဝင်ငွေအပေါ်တွက်ချက်ပြီး ခန့်မှန်းချက်တွေ ထွက်ခဲ့ဖူးပါတယ်)
၃။ အဖြူရောင်လူအနေနဲ့ အမေစုကို ထပ်ပြီး ခန္ဓာကိုယ်ကို ညှဉ်းဆဲဖို့ အကြံမပေးပါနဲ့တော့လို့ မေတ္တာရပ်ခံလိုပါတယ်။
0
...
written by Momo, June 10, 2009
That's wonderful dream which should come true in a short time.
0
မြန်မာ့ရှေ့ရေး
written by sithusoe, June 10, 2009
အန်တီစုသာ သမ္မတတစ်ဦးဖြစ်လာခဲ့လျှင် ပြည်သူပြည်သားများ ၀မ်းသာနေမည်မှာမလွဲအေကန်ဖြစ်ပေသည်၊
သို့ပါသော်လည်း နိုင်ငံရေးအင်အားစုမျာြး ပည်တွင်းပြည်ပအတိုက်အခံများ အနေဖြင့်အန်တီစု၏ဦးဆောင်မှု့နောက်
သို့ကြည်ဖြူစွာ လိုက်ကြပါမည်လား၊ ဒီမေးခွန်းက အရေးကြီးမေးခွန်းတစ်ခု ဖြစ်လာမည်မှာလည်း မလွဲအေကန်ဖြစ်
ပါသည်၊ အဘယ်ကြောင့်ဆိုသော်ကျွန်တော်တို့ တိုင်းပြည်အတွက်ပထမဆုံးသောသမ္မတသည် အခက်အခဲပေါင်းစုံဖြင့်
ကြုံရမည်မှာ လည်းမလွဲအေကန်ဖြစ်ပေသည်၊ စစ်အစိုးရပေးသည်ဒုက္ခ၊ အတိုက်အခံအင်အားစုများ၏ ဝေဖန်မှု့၊ မိမိ
ပါတီတွင်း နှင့်ပြည်ပအဖွဲ့အစည်းများ၏ အကြပ်ကိုင်ခိုင်းစေမှု့များ ဖြင့်ကြုံရမည်ဖြစ်ပေသည်၊ ထိုင်းနိုင်ငံတွင်းနိုင်ငံရေး
အခြေအနေများအတိုင်းဖြစ်ပေမည်၊ အဖိစစ်ဝန်ကြီးချုပ်ဖြစ်စေရန်ကြိုးစားအားထုတ်ပေးခဲ့ကြသောအ၀ါဝတ်
ခေါင်းဆောင်များကဲ့သို့ အဖိစစ်ဝန်ကြီးချုပ်ဖြစ်ချိန်တွင်သူတို့လိုအပ်ချက်ကို ၀န်ကြီးချုပ်အားအကြပ်ကိုင်ခိုင်းစေ
ခဲ့ကြပေသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် မလွဲမသွေရင်ဆိုင်ရမည်ဖြစ်ပါသည်။ ထိုအပြင်မြန်မာလူမျိုးများ၏
လူတစ်ချို့သဘောထားများကိုလည်း အလျှင်သင့်၍ အနည်းငယ်ဖေါ်ပြခွင့်ပြုပါ၊ ၈၈၈၈ လေးလုံးအရေးအခင်းကာလ
ကျောင်းသားသမဂ္ဂများဖွဲ့စည်းချိန် ကျွန်တော်တို့မြို့နယ်တွင်လည်း အလာတူဖွဲ့စည်းရန်အတွက်အစည်းအဝေးပွဲ
ကျင်းပခဲ့ပါသည်၊ မည်သူများကခေါင်းဆောင်၊ မည်သူများကအဖွဲ့ဝင်များအဖြစ် ဆုံးဖြတ်အတည်ပြုပြီးချိန်တွင်
ကျောင်းသားတစ်ချို့က စင်မြင့်ထက်သို့တက်လာပြီး..... ဆိုသူကတော့မည်သည့် လတွင်ထောင်ကျခဲ့ဘူးသည်၊
သူကအနစ်နာခံလုပ်ခဲ့ ပြီးမှယခုဖွဲ့စည်းသောခေါင်းဆောင်ပိုင်းတွင်မပါဝင်ရသဖြင့်မကျေနပ်ချက်များ ကိုတက်ရောက်
ထုတ်ဖေါ်ပြောကြားရင် ဖွဲ့စည်းမှုအခမ်းအနားကြီး ပျက်ခဲ့ရပေသည်။ အခုအချိန်တွင်ထိုထက်ပိုမိုဆိုးဝါးသော
လိုလားချက်များရှိလာမည် ဆိုလျှင်လုံးဝမမှားနိုင်မှာသေခြာပါသည်။ ကျွန်တော်တို့ကြုံရမည်သမ္မတသစ်၏ အခက်
အခဲများကို အားလုံးကနားလည်သဘောပေါက်ပြီး ပွဲထဲမပါရရင် ပတ်မကြီးထိုးခွဲမည့်ပုံစံမျိုး မလုပ်ဖြစ်စေရန်ကောင်း
သောစိတ်ထားများထားပြီး ကျွန်တော်တို့၏ဒီမိုကရေစီ ခရီးရှည်ကိုကောင်းမွန်စွာ ဆက်ကြနိုင်စေရန်နိုးဆော်အပ်ပါ
သည်။
0
Leadership
written by Monlay, June 10, 2009
နောက်ဆုံးမှာ ခေါင်းဆောင် အရည်အချင်းရဲ့ သတ်မှတ်ချက်ကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ ကိုယ်ကျိုးရှာမှုနဲ့သာ အဆုံးသတ်တာရှိသလို ဒီနောက်မှာလည်း သဘောထားကြီးမှုကလည်း အရေးကြီးပါသည်၊
ဒေါ်စုက ကိုယ်ကျိုးစွန့်အနစ်နာခံမှု လူးသားတယောက်ဖြစ်ပါတယ်၊ ကိုယ်ချင်းတတ်သည့် စိတ်အပြည့်ရှိတဲ့လူသား ဖြစ်ပါတယ်၊
0
...
written by thuya, June 10, 2009
Yes...Daw Aung Sun Su Kyi is only our first president.....
0
Yes
written by Icon, June 09, 2009
Yes, i totally agree with you. Daw Aung San Suu Kyi is our country's true leader. She is a person who will respect law and order. She will never corrupt. She will never lie to people. She will love and respect every citizens in our country. On the other hand, world leaders will respect her because of her honest. She will also be one of the respected-leaders in ASEAN.
0
...
written by kyaw t aung, June 09, 2009
bravo Irrawaddy.
Alright generals,read this and
stop embarrass your self and our
people in front of the whole world
hail to the our true leader and make
the country better or you 'll go to
hell like other generals before you.
0
အိမ်မက် မဖြစ်ပါစေနဲ့ ဗျာ...
written by Burmese, June 09, 2009
သန်းရွှေ ဟာဒေါ်စုကို အလွတ်ပေးမယ် မထင်ပါဘူး။ ကျုပ်အထင်တော့ သန်းရွှေလည်း သေမှ ဒေါ်စုလည်း သမ္မတဖြစ်မှပါ။
0
She is our president
written by Thein Htike, June 09, 2009
This is absolutely right.
0
...
written by John, June 09, 2009
ဖတ်ရတာနဲ့တင် အရမ်းကို ဖြစ်စေချင်ပါပြီ၊ ဖြစ်လည်း ဖြစ်သင့်ပါတယ်။
မှန်ပါတယ်။, Low-rated comment [Show]
0
Our President
written by Aye, June 09, 2009
Gracefully welcome to the world's most famous President Daw Aung Sun Suu Kyi.
0
တကယ်ဖြစ်ခဲ့မယ်ဆိုရ်....
written by တောင်ပေါ်သား, June 09, 2009
မြန်မြန် ဖြစ်လာပါစေလို့ ဆုတောင်းကြရအောင်... တိုင်းပြည် ကိုကောင်းအောင် အားလုံး ၀ိုင်းဝန်းပါဝင်ကြပါ..
0
:)
written by zero, June 09, 2009
အရမ်း မှန်ပါတယ်.. ဒေါ် အောင်ဆန်းစုကြည်သာ လျှင် မြန်မာ နိုင်ငံ ရဲ့ ခေါင်းဆောင်ပါ ..
She is our president!!
0
very cool
written by Naing, June 09, 2009
yeah, that's what we want to be. It is also our dream.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်