ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တခုတည်းသော လိုအပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေးရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်း၏ ဖိအားကရေချိန် မြင့်တက်လာသည့်နည်းတူ နအဖ အစိုးရအပေါ် အနည်းနှင့်အများ ထိရောက်မှု ရှိလာသည်ကိုလည်း မြင်တွေ့နေရသည်။

သို့ရာတွင် အဆိုပါ နိုင်ငံတကာ ဖိအားများက ဒေါ်အောင်ဆန်းစုကြည် အပြီးသတ်လွတ်မြောက် သည်အထိ အကျိုးသက်ရောက်မှု ရှိ၊ မရှိ ဆိုသည့်အချက်ကမူ မသေချာလှပေ။

(၁၇) ကြိမ်မြောက် အာဆီယံ - အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က “မြန်မာနိုင်ငံက ရေရှည်ကျင့်သုံးခဲ့တဲ့ ဘက်မလိုက်မူဝါဒနဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ တခြား နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသလို တခြားနိုင်ငံတွေက မြန်မာနိုင်ငံ အပေါ် ဝင်ရောက်စွက်ဖက်ခြင်းကို မလိုလားပါ” ဟု ပြောကြားခဲ့သည်။

နအဖ အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဇွန်လ ၁ ရက်နေ့တွင် ကြားနာရန် ချိန်းဆိုခဲ့ပြီးနောက် ၅ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ပြီးမှ တဖန် ၃ ရက်နေ့ညနေပိုင်းတွင် တရားရုံးက ငြင်းပယ်ခဲ့သော သက်သေ ၃ ဦးအား ပြန်လည်လက်ခံစဉ်းစားမည်ဟု ထုတ်ပြန်လိုက်သည်။ ယခုအခါ ထိုသက်သေ ၃ ဦးအား ပြန်လည် စဉ်းစား နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ကြားနာရန် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။

အထက်ပါ ဖြစ်ရပ်များအရ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီး၏ တောင်းဆိုမှုများနှင့် ထုတ်ပြန်ချက်များက နအဖအပေါ် အတိုင်းအတာ တခုအထိ အကျိုး သက်ရောက်မှု ရှိကြောင်း မြင်တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ရွှေ့ပြောင်းခဲ့သည့် မေလ ၁၄ ရက်နေ့မှ စတင်၍ အမေရိကန်၊ ဥရောပ ကော်မရှင်၊ အာဆီယံ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များနှင့် အဖွဲ့အစည်း အသီးသီးက သူ့အား အမြန်ဆုံးလွှတ်ပေးရန် အင်တိုက်အားတိုက် တောင်းဆိုလာကြသည်ကို ကြည့်ချင်းဖြင့် ထို အခြေအနေကို မည်မျှ စိုးရိမ်မှုရှိနေကြကြောင်း သိသာ ထင်ရှားလှသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းတို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အရေးအတွက် သီးခြား တောင်းဆိုမှုများ ပြုလုပ်လာသည်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေအားလုံးကို ဖယ်ရှားပြီး သူနဲ့အတူ အဖမ်းအဆီး ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမယ့် အချိန်ဖြစ်ပါတယ်” ဟု အမေရိကန်သမ္မတ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထားရာမှ အင်းစိန်အကျဉ်း ထောင်သို့ ပြောင်းရွှေ့ပြီး မကြာမီတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်း စုကြည်၏ ၆၄ နှစ်ပြည့်မွေးနေ့အတွက် စာလုံးရေ ၆၄ လုံးပါသော ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် မစ္စတာ ဘရောင်းက “ခင်ဗျား လွတ်မြောက်လာဖို့ တောင်းဆိုတာတွေ မြိုင်မြိုင်ကြီး ထွက်ပေါ်နေချိန်မှာ ကျနော်လည်း ပါဝင် တောင်းဆိုလိုက်ပါတယ်။ သည်းမခံနိုင်စရာ ကောင်းတဲ့ မတရားမှုကို ရင်ဆိုင်ဖို့ ကမ္ဘာကြီးက ပျက်ကွက်နေတာ ကြာပါပြီ။ အခုတော့ ပြောင်းလဲလာနေပါတယ်။ ဥရောပတလွှား၊ အာရှနဲ့  တကမ္ဘာလုံးက ခင်ဗျား လွတ်မြောက်ဖို့ အတွက် တောင်းဆိုနေကြပါပြီ” ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် မခိုင်မာသည့် စွဲချက်တင်ထားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများအနက် အင်အားအကြီးဆုံး နိုင်ငံ ၁၅ နိုင်ငံက မြန်မာ နိုင်ငံ၏ နိုင်ငံရေးအခြေအနေအတွက် စိုးရိမ်ပူပန်ကြောင်း ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောကြား လိုက်သည်။

“လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနေနှင့် မြန်မာအစိုးရအတွက် အမှန်တကယ် လိုအပ်ချက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး၊ အတိုက်အခံပါတီများအားလုံးနှင့် တိုင်းရင်းသားအဖွဲ့များ ပါဝင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကုလသမဂ္ဂ၏ ကူညီထောက်ပံ့မှုနှင့် ပြုလုပ်သွားနိုင်ရန် ဆက်လက် ထုတ်ပြန်သွားမည်” ဟု လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဖြစ်သည့် ရုရှားနိုင်ငံ ကိုယ်စားပြုသူ Vitaly Churkin က ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံရပြီးနောက် များမကြာမီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူထားသည့် ထိုင်းနိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ် ပေးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စိုးရိမ်သည်ဟူသော ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နအဖ အစိုးရက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်၍ အချိန်ယူရင်း ခြေတလှမ်းဆုတ်ကာ စဉ်းစားနေသဖြင့် အမှုကို လျှော့ပေါ့နိုင်သည်ဟု မျှော်လင့်စရာ ရှိသော်လည်း နေပြည်တော်ရှိ ဗိုလ်ချုပ်များ မည်မျှ ခေါင်းမာသည်ကို သမိုင်းအထောက်အထားများအရ သိရှိပြီးဖြစ်သည်။

ထို့ကြောင့်ပင် လက်ရှိရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအနေအထားအရ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် သို့မဟုတ် လျှော့ပေါ့လျှင် အနည်းဆုံး နေအိမ်အကျယ်ချုပ်အဆင့်သို့ ပြန်ရောက်သွားနိုင်သည့် အနေအထားရှိကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်မည်လားဆိုသည့် မေးခွန်းထုတ်စရာ ရှိသော်လည်း သူ့ကို ပြန်လွှတ်ပေးလျှင် နိုင်ငံတကာဖိအားထက် မလျော့သော ပြည်တွင်းဖိအားတရပ်ကြောင့် ခေါင်းခြောက် ရမည်ကို နေပြည်တော်ရှိ ဗိုလ်ချုပ်များ မရိပ်မိ၊ မသိရှိဘဲ နေမည်မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ကာ လမ်းပေါ်သို့ ထွက်လာသည်နှင့် တပြိုင်နက် သူ့ကိုထောက်ခံသော ပြည်သူလူထုက သူ့နေအိမ်သို့ သွားရောက်ခြင်း၊ သူသွားသည့်နောက်သို့ လိုက်ပါခြင်းများ သေချာပေါက် ပြုလုပ် ကြလိမ့်မည်။

နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းကမူ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ကြားနာနေသည့် တရားခွင်သည် နိုင်ငံရေး သက်ရောက်မှု မည်သို့မျှမရှိဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးတွင် စစ်ဆေးဆဲကာလ၌ နိုင်ငံတကာဖိအား များပြားခဲ့သော်လည်း ယခုကဲ့သို့ တရားစီရင်ရေး ရွှေ့ဆိုင်းထားသည့် ကာလတွင် နိုင်ငံတကာ ဖိအားက သိသိသာသာ ပြန်လည် လျော့ပါးလာသည်ကို တွေ့ရသည်။ နိုင်ငံတကာ သတင်းများတွင်လည်း ဒေါ်အောင် ဆန်းစုကြည်၏ သတင်းများ မှိန်ဖျော့လာသည်ကို သတိထားမိနိုင်သည်။

အပြစ်မရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ လွှတ်လိုက်ဖို့ဆိုလျှင် နိုင်ငံတကာ အနေနှင့် ညီညွတ်ပြီး ပိုမို စနစ်ကျကာ ထိရောက်သော ဖိအားတရပ် လိုအပ်နေဆဲပင် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၀ ပြည့်နှင့်မှ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနှင့် ကိုယ်စားလှယ်အဖွဲ့ဖွဲ့ကာ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေး၍ နိုင်ငံတကာ ခုံရုံးသို့တင်၍ အရေးယူသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အာဆီယံအဖွဲ့ဝင် အမတ်တချို့ကလည်း မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ ယာယီဆိုင်းငံ့ အပြစ်ပေးရန် တောင်းဆိုထားကြသည်။ ထိုကိစ္စက ဖြစ်နိုင်ခြေနည်းပါးသော်လည်း ယင်း တောင်းဆိုချက်အတိုင်း ဖြစ်မည်ဆိုပါက အလွန်ထိရောက်သည့် ခြေလှမ်းတခုကို လှမ်းနိုင်သည်ဟု ဆိုရပေလိမ့်မည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အာဆီယံ၏ လုပ်ဆောင်ချက်များကို အမေရိကန်၊ ဥရောပကော်မရှင် စသော အင်အားကြီး နိုင်ငံများနှင့် အဖွဲ့အစည်းများကလည်း အရေးယူ ဆောင်ရွက်သည်အထိ ဖြစ်လာရန် တွန်းအားပေးသင့်သည်။

နအဖ၏ မဟာမိတ်များ ဖြစ်ကြသော တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့က မြန်မာစစ်အစိုးရ၏ မတရားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နှုတ်ပိတ်ကာ ၎င်းတို့ အကျိုးစီးပွား တခုတည်းကိုကြည့်၍ ငြိမ်သက်နေမှုကိုလည်း မေ့မထားသင့်ပါ။ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပ ကော်မရှင်၊ အာဆီယံ တို့က ထို ငြိမ်သက်နေသော နိုင်ငံများ ပါဝင်လာရန် ဆွေးနွေး၊ ညှိနှိုင်း၊ စည်းရုံးကာ တွန်းအားပေးသင့်သည်။

ဒေါ်အောင်ဆန်းစုကြည် အပြီးသတ်လွတ်မြောက်ရေးအတွက် နိုင်ငံတကာက လုပ်နိုင်သည့် နည်းလမ်းများ ရှိနေသည်။ သို့သော် အမှန်တကယ်ဖြစ်စေချင်သည့် ဆန္ဒနှင့် ဖိအားပေး အရေးယူ ခြင်းသည်သာ တခုတည်းသော လိုအပ်ချက် ဖြစ်ပါသည်။
Comments (3)Add Comment
0
Incorresct
written by mcfadden, February 14, 2010
မမှန်ပါ၊ အဓိကဖြစ်သော မြန်မာနိုင်ငံသားများ တာဝန်မကျေ ပါ။
ဒေါ်စု ၇ုးံထုတ်တဲ.အချိန်မှာ ၇ှိတဲ. လူဦးေ၇ြ ကည့်လိုက်၇င်ပဲဖြစ်ဖြစ်၊
မင်းကိုနိုင် ပြန်လွတ်တဲ.အချိန် အတော အတွင်း ဒီမိုကေ၇စီ တ၇ားဟောတဲ.အချိန်ြ ကည့်လိုက်၇င်ပဲဖြစ်ဖြစ်၊
ဘယ်ေ၇ာက်နေလဲ ဒီမိုကေ၇စီ လိုချင်တယ် ဆိုတဲ. ပြည်သူများ၊
ဘာတွေ လုပ်လို.နေလဲ၊ ဘာတွေ လေ့လာနေကြတာလဲ။

ကိုယ့်လူမျိုး အုပ်ချုပ်သူ အာဏာ၇ှင်ကို တော်လှန်၇ာမှာ ပြည်ပ အကူ အညီ ဆိုတာ အစိတ် အပိုင်း သေးသေး လေးပဲ လုပ်ပေး နိုင်တာပါ။


Mr.မောင်ကြီးရေ....
အဲဒီလို အုတ်ကြီးအုတ်ငယ်နဲ. လုပ်နေတာကို ခွေးမသားသန်းရွှေတွေရဲ. လူတွေက နောက်နေ.တွေမှာ တစ်ယောက်
ချင်းဆီ အိမ်အထိလိုက် ကုတ်ပြီး ထောင်ထဲသွင်းပါလေရော.....
မင်းလဲ မင်းမိန်းမနဲ.ကွဲ မင်းသားသမီးတွေနဲ.ကွဲပြီး လုပ်ရဲပါသလား...ကျန်ပါသေးတယ်။
မင်းအဲဒီလို နိုင်ငံရေးလုပ်ပြီးလို. ပြည်ပကို ရှောင်အုံးမလား။ရပါတယ်...ကိုကို သန်းရွှေတို.အဖွဲ.က စိတ်မဆိုးပါ....
မြန်မာပြည်မှာကျန်ခဲ့တဲ့ မင်းမိဘ ညီအစ်ကို မောင်နှမများ ရွှေမျိုးများ ချောင်မယ်မင်းထင်သလား....
အဲဒီလို နှိပ်ကွတ်လို. ဘယ်သူမှ ထွက်မလာတာပေါ့......
အင်း ရွှေပြည်တော်လည်း မျှော်လေတိုင်းဝေးပါပေါ့
0
...
written by မောင်ကြီး, December 03, 2009
မမှန်ပါ၊ အဓိကဖြစ်သော မြန်မာနိုင်ငံသားများ တာဝန်မကျေ ပါ။
ဒေါ်စု၇ုးံထုတ်တဲ.အချိန်မှာ ၇ှိတဲ.လူဦးေ၇ြ ကည့်လိုက်၇င်ပဲဖြစ်ဖြစ်၊
မင်းကိုနိုင် ပြန်လွတ်တဲ.အချိန် အတော အတွင်း ဒီမိုကေ၇စီ တ၇ားဟောတဲ.အချိန်ြ ကည့်လိုက်၇င်ပဲဖြစ်ဖြစ်၊
ဘယ်ေ၇ာက်နေလဲ ဒီမိုကေ၇စီ လိုချင်တယ် ဆိုတဲ. ပြည်သူများ၊
ဘာတွေ လုပ်လို.နေလဲ၊ ဘာတွေ လေ့လာနေကြတာလဲ။

ကိုယ့်လူမျိုး အုပ်ချုပ်သူ အာဏာ၇ှင်ကို တော်လှန်၇ာမှာ ပြည်ပ အကူ အညီဆိုတာ အစိတ် အပိုင်း သေးသေးလေးပဲ လုပ်ပေးနိုင်တာပါ။

0
မှန်သည်
written by sunrise, June 06, 2009
ဒေါ်အောင်ဆန်းစုကြည် လွတ်ဖို့ နိုင်ငံတကာက ၀တ်ကျေ တန်းကျေ လုပ်နေသလိုဖြစ်နေတယ်... ဒီပြသနာဟာ အမေရိကန်နိုင်ငံသားကြောင့် ဖြစ်တာမို့ အိုဘားမား အစိုးရအနေနဲ့ ဒီ့ထက်ထိရောက်တဲ့ ဆောင်ရွက်မှုမျိုး လုပ်ဆောင်အောင် ၀ိုင်းပြောဖို့ လိုပါတယ်...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်