နောက်ဆုံး စစ်အစိုးရက ကယ်ဆယ်ရေး အကူအညီများ အပြည့်အ၀ ပေးနိုင်ရေး မီးစိမ်းပြခဲ့သည်။ သို့သော် လည်း ကယ်ဆယ်ရေးကိစ္စများ အားလုံးကို တင်းကျပ်စွာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပြန်သည်။ စစ်တပ် အာဏာပိုင်များက မြစ်ဝကျွန်းပေါ်ဒေသသို့ အကူအညီများ ပေးပို့ရေးကို နှောင့်နှေးအောင် ဟန့်တားခဲ့ကြပြီး၊ ဒေသခံ စေတနာရှင်ကူညီသူများ သည်လည်း ခြိမ်းခြောက် နှောက်ယှက်ခြင်း အမျိုးမျိုး ကြုံတွေ့ခဲ့ရသည်။ စစ်အစိုးရ၏ စည်းမျဉ်းဥပဒေများအတိုင်း မလိုက် နာ မဆောင်ရွက်ကြသည့်အခါများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းပင် ခံခဲ့ကြရသည်။ အိုးအိမ်ပျက်စီး၍ စိတ်ဒဏ်ရာ ရနေကြ သည့် ဒုက္ခသည်များကို ယာယီခိုလှုံရာစခန်းများမှ နှင်ထုတ်ခံခဲ့ကြရပြီး၊ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရသည့် လယ်ကွင်း များတွင် ပြန်လည်လုပ်ကိုင်ကြရန် ခိုင်းစေခဲ့ကြသည်။ နိုင်ငံရပ်ခြားမှ ကယ်ဆယ်ရေး အကူအညီများ တင်ဆောင်လာသည့် စစ်သင်္ဘောများကိုလည်း အတင်းအကျပ် ပြန်လည်ဆုတ်ခွာစေခဲ့ပြန်သည်။ နေပြည်တော်ရှိ အုပ်ချုပ်နေသူ စစ်ဗိုလ်ချုပ်များ က မြန်မာနိုင်ငံသို့ နိုင်ငံခြားတပ်များ ကျူးကျော်လာမည့် အရေးကို ကြောက်လန့်စိုးရိမ်နေရုံမျှမက မြန်မာစစ်တပ်ထက် အင် အားကြီးသည့် နိုင်ငံခြားတပ်များ ရှိနေပါက၊ သူတို့အားကိုးဖြင့် ပြည်သူလူထုများ အုံကြွလာမည့် အရေးကိုလည်း အမှန် တကယ်ကြုံလာရမည့် အန္တရာယ်တခုအဖြစ် ပူပန်ခြောက်ခြား ကြသောကြောင့် ဖြစ်သည်။
စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာများ၏ အယ်ဒီတာ ခေါင်းကြီးပိုင်းများက နိုင်ငံတကာမိသားစုအနေနှင့် အကူအညီအကြောင်းပြ၍ ချုပ်ကိုင်လာမည်ဟု သတိပေးပြောဆိုရေးသား ခဲ့ကြသည်။ မြန်မာနိုင်ငံ အနေနှင့် ကျန်ကမ္ဘာ့နိုင်ငံများမှ အကူအညီမလိုဘဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်သည်။ မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများသည် ချောင်းထဲ မြောင်းထဲ ဖားရှာ ငါးရှာစား ရင်း ရှင်သန်နိုင်သည်ဟု ရေးသားခဲ့ကြသည်။
နာဂစ်မုန်တိုင်း ကပ်ဘေးသင့်ခဲ့ရသော ပြည်သူလူထုက အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရသော်လည်း အလွန်အကျူး ခံနိုင် ရည်ရှိစွာ ရပ်တည်နိုင်ခဲ့ကြသည်။ သို့သော်လည်း ဤသို့ ခံနိုင်ရည်ရှိသည့် အချက်အပေါ် အကြောင်းပြ၍ အလွန်အမင်း လို အပ်နေသော အကူအညီများ ငြင်းပယ်မည်ဆိုလျှင် ဖြင့် ရက်စက်ရာ ကျလွန်းပါသည်။ ကပ်ဘေးသင့်ပြည်သူများ အနေနှင့် မိသားစုဝင်များ၊ အိုးအိမ်၊ ပိုင်ဆိုင်မှုများ၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးခဲ့ကြရပါသည်။ ယခုပြန်လည်ထူထောင် ရေး လုပ်ငန်းများသည်လည်း စိတ်နာကျည်းဖွယ် နှေးကွေးလေးလံလွန်းလှပါသည်။ မကြာသေးမီက ဖော်ပြလာခဲ့သော စာရင်းများအရ လူပေါင်း ၅ သိန်းကျော်မှာ အမြဲအတည်အကျ နေထိုင်ရာ နေရာများ မရရှိနိုင်ကြသေးဘဲ လူပေါင်း ၂ သိန်းကျော်မှာ သောက်သုံးရေသန့် မရရှိနိုင်ကြသေးပါ။ အခြား လူပေါင်း ၃၅၀,၀၀၀ မှာလည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ရိက္ခာများကို မှီခိုရှင်သန်နေကြရပါသည်။
စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း၊ တံတား၊ ဆိပ်ခံတံတား စသည့် အဆောက်အဦများ မှာလည်း အပျက်အစီးအတိုင်း ရှိနေပါသေးသည်။ အကြောင်းမှာ ပြန်လည်တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်များ မတတ်နိုင်ကြသောကြောင့် ဖြစ်သည်။
လူအများအပေါ် အနိုင်ကျင့်ရယူမှု၊ အကူအညီများကို အလွဲသုံးစားမှု၊ ကယ်ဆယ်ရေးလုပ်ငန်းများ၏ ကနဦးပိုင်းတွင် ခြစား များကို ဖော်ပြသည့် အစီရင်ခံစာ သတင်းများကြောင့် နောက်ထပ်အကူငွေများ ရလာနိုင်ဖွယ် မရှိပါ။ ထိုမျှမက စစ်အစိုးရ၏ ရုပ်ပျက်ဆင်းပျက် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့်လည်း ပို၍ ခက်ခဲနေရပါသည်။ တာဝန်ခံမှု မရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် အကူအညီများ ပို၍ ရရှိလာစေရေး တောင်းဆိုမှုများလည်း ကပ်ဆိုက်နေကြရပါသည်။
အသစ် တင်ပြလာသည့် ပြန်လည်ထူထောင်ရေး အစီအစဉ်များအရ မြစ်ဝကျွန်းပေါ်ဒေသရှိ ပြန်လည်တည်ဆောက် ရေး လုပ်ငန်းများ နောင်လာမည့် ၃-နှစ်တာ ကာလအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၉၀ လိုအပ်မည်ဟု ဆိုပါ သည်။ သို့သော်လည်း ဤမျှများပြားသော ရန်ပုံငွေကို ရှာဖွေနိုင်ဖွယ် မရှိကြောင်း အကူအညီပေးရေးအဖွဲ့များက ဆိုနေကြ ပါသည်။
မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ဆောင်ရွက်နေကြသည့် အန်ဂျီအိုအဖွဲ့များ၏ အဆိုအရ ပြင်ပရှိ မြန်မာအင်အားစုများက မြစ်ဝကျွန်းပေါ်ဒေသရှိ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် နောက်ထပ် ဘဏ္ဍာငွေ မရရှိအောင် တိုက်တွန်းစည်းရုံးနေကြ သည်ဟု ဆိုပါသည်။ သို့သော်လည်း ပြည်ပရောက် အင်အားစုများက နောက်ထပ် အကူအညီများပေးရေးကိစ္စ သူတို့ မကန့် ကွက်ကြောင်း ၎င်းစွပ်စွဲချက်ကို ငြင်းဆိုကြသည်။ သူတို့က ပို၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု ပိုမိုရှိလာစေရေး အာမခံ ချက်ကိုသာ တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုကြသည်။ အကူအညီများကို ပို၍ ထိရောက်စွာ သုံးစွဲစေလိုသည်၊ လျော်ကန် သည့်နေရာများတွင် သုံးစွဲခြင်း ဖြစ်စေလိုသည်ဟု ဆိုကြပါသည်။
နိုင်ငံခြားသား အကူအညီပေးရေးဝန်ထမ်းများက ဆိုကြရာတွင် သူတို့၏ မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများ၏ ဘ၀ပြန် လည်ထူထောင်ရေး လုပ်ငန်းများတွင် စစ်အစိုးရအနေနှင့် အလွန်အကျူး ၀င်ရောက်စွက်ဖက်မှု မရှိပါဟု ဆိုကြပြန်သည်။ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် အန်ဂျီအိုများ၏ ဆောင်ရွက်ချက်ကို တန်ဖိုးထား အသိအမှတ်ပြုပါ သော်လည်း၊ သူတို့၏ သြဇာအာဏာ မကြီးထွားလာအောင် စစ်အစိုးရက ကန့်သတ်ချုပ်ချယ်နေသည့် အချက်များကို လစ်လျူရှုထား၍ မရနိုင်ပါ။ နိုင်ငံတကာ အန်ဂျီအိုများအနေနှင့် ဆက်လက်၍ ထောက်ပံ့မှုများ လုပ်ဆောင်ပေးသင့်ပါသည်။ သို့သော်လည်း သူတို့အနေနှင့် မြန်မာနိုင်ငံ၏ ကျဉ်းမြောင်းလွန်းလှသည့် လူမှုရေး ကူညီပေးမှု လုပ်ငန်းနယ်ပယ် ကျယ်ပြန့် လာစေရန် ချဲ့ထွင်ပေးရေး အပေါ်တွင်လည်း အာရုံထားသင့်ပါသည်။ စစ်အစိုးရ ကန့်သတ်ထားသည့် ဘောင်အတွင်း၌သာ လှုပ်ရှားဆောင်ရွက်ရင်း တင်းတိမ်မနေသင့်ပါ။
မြန်မာနိုင်ငံသို့ အကူအညီ မည်မျှပေးမည်-မပေးမည်မှာ အလှူရှင်နိုင်ငံများ၏ ဆုံးဖြတ်ချက်သာ ဖြစ် ပါသည်။ သူတို့က မြန်မာစစ်အာဏာပိုင်များကို မည်မျှယုံကြည်စိတ်ချနိုင်သည်ဟူသည့် အချက်အပေါ်တွင်သာ မူတည်ပါ လိမ့်မည်။ အမှန်တကယ် အကူအညီလိုအပ်နေကြသည့် ပြည်သူများအတွက် တတ်စွမ်းသမျှ တိုး၍ ထောက်ပံ့ပေးရန် မိမိ တို့က တိုက်တွန်းပါသည်။ သို့သော်လည်း တပြိုင်နက်တည်းမှာပင် စစ်အစိုးရနှင့် ဆက်ဆံသည့်နေရာ၌ သတိကြီးကြီးထား ရန်လည်း တိုက်တွန်းအကြံပြုလိုပါသေးသည်။
နောက်ဆုံးအနေနှင့် ဖော်ပြလိုသည်မှာ မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများ၏ လူသားချင်းစာနာမှု အရေးပေါ်လိုအပ်ချက် များကို အထူးဦးစားပေးသင့်ပါသည်။ မြန်မာနိုင်ငံ၏ ရေရှည် လူ့ အခွင့်အရေးပြဿနာ၊ မပြေလည် ရှေ့မတိုးနိုင်သည့် နိုင်ငံ ရေးပြဿနာများနှင့် ရောထွေးပစ်ပြီး အကူအညီပေးရေးကိစ္စအပေါ် အငြင်းမပွားနေစေလိုပါ။ ထိုမျှမက စစ်အစိုးရ၏ နာဂစ် မုန်တိုင်းအပေါ် ဆိုးရွားညံ့ဖျင်းလှသော တုံ့ပြန်ဆောင်ရွက်မှုများသည် ကံမကောင်း အကြောင်းမလှသည့် မတော်မဆ လွဲ ချော်မှု ဖြစ်ရပ်တခုမျှသာ မဟုတ်ကြောင်း သိထားစေလိုပါသည်။ ဤအချက်များက ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူများ၏ ဘ၀များနှင့် လူ့အခွင့်အရေးများအပေါ် စိတ်ကြိုက်ထင်သလို နင်းချေဖြတ်နင်းခွင့်ပေးထားသည့် အကျိုးဆက်ကြောင့် ဖြစ် လာရသော ရလဒ်များ၏ တစွန်းတစ ဖော်ပြချက်သာ ဖြစ်ပါကြောင်း။ ။
Comments (2)

written by mg thant, May 06, 2009
လေး စား စွာ ကြို ဆို အပ် ပါ ၏ ဧ ရာ ၀ တီ။
လူ တ ယောက် လောက် ဆန္ဒ ဖေါ် ထုတ် ၇ုံ နဲ. ချက် ခြင်း ၀ိုင်း ၇ိုက် ၊ ဖမ်း နိုင် ၍ စီ မံ ခန်. ခွဲ မှု ညံ့ ခြင်း ကို သံ သ ယ ၀င် ပါ သည်။
အ ကြင် နာ မဲ. ခြင်း ကို မူ ချွှင်း ချက် မဲ. လက် ခံ ပါ သည်။
တ နှစ် ကြာ ကာ လ အ ထိ တ စိုး တ စိ မျှ မ မြင် ၇ သေး ပါ ကြောင်း ဗျာ။
က ရု ဏာ တ ရား သည် သူ ယုတ် တို. တွင် မ ဖြစ် ပွါး ---ဟု ဖတ် မှတ် ဖူး ကြောင်း ပါ ခင် ဗျာ။
လူ တ ယောက် လောက် ဆန္ဒ ဖေါ် ထုတ် ၇ုံ နဲ. ချက် ခြင်း ၀ိုင်း ၇ိုက် ၊ ဖမ်း နိုင် ၍ စီ မံ ခန်. ခွဲ မှု ညံ့ ခြင်း ကို သံ သ ယ ၀င် ပါ သည်။
အ ကြင် နာ မဲ. ခြင်း ကို မူ ချွှင်း ချက် မဲ. လက် ခံ ပါ သည်။
တ နှစ် ကြာ ကာ လ အ ထိ တ စိုး တ စိ မျှ မ မြင် ၇ သေး ပါ ကြောင်း ဗျာ။
က ရု ဏာ တ ရား သည် သူ ယုတ် တို. တွင် မ ဖြစ် ပွါး ---ဟု ဖတ် မှတ် ဖူး ကြောင်း ပါ ခင် ဗျာ။
Write comment
| < Prev | Next > |
|---|








Most of the governments in the world don't trust on Military government.
Some governments involed at the first stage of Nargis project because they were really pity on Burmese people. Even Burmese people would get a dollars from 1000 dollars support, they thought it was something better than nothing.
But for the second stage fo Nargis projects, most of the governments are thinking very seriously. The most important thing is there is no trust on military government.