စာနယ်ဇင်း တောင်ပြုံးပွဲ

ပြည်ပ အခြေစိုက် သတင်းသမား အများအပြား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စုဝေးပြီး ညီလာခံတခု ပြုလုပ်ကြသည်။ ၃ ရက်ကြာ ပြုလုပ်သည့် စာနယ်ဇင်း ညီလာခံတွင် တက်ရောက်ပြီး ရှင်းလင်း ပြောကြားပေးရန် ချင်းမိုင် အခြေစိုက် ရုက္ခစိုး ကိုလည်း ဖိတ်ခေါ်ထား ကြသည်။

ညီလာခံတွင် နိုင်ငံရေး နယ်ပယ်မှ ထိပ်သီးပုဂ္ဂိုလ် တချို့လည်း ရောက်နေသည်။ ဦးရုက္ခစိုးနှင့် အတူ ဦးဆောင် ဆွေးနွေး ပြောကြားမည့် သူများမှာ ၂၀၁၀ ရွေးကောက်ပွဲကို ခါးခါးသီးသီး ငြင်းဆိုသည့် ပြည်ပရောက် နိုင်ငံရေးသမား ဦးပြောင်ပြောင်၊ ရွေးကောက်ပွဲကို ၀မ်းသာအားရ ကြိုဆိုသည့် ရန်ကုန်မှ နိုင်ငံရေးသမား ဦးကိုယ့်ဝေတို့ ဖြစ်သည်။

တက်ရောက် လာသော စာနယ်ဇင်း သမားများက ၀မ်းသာအားရ ဖြစ်နေကြသည်။ ဦးပြောင်ပြောင် တို့ကို စိတ်ဝင်စားခြင်းကြောင့် မဟုတ်ဘဲ မိတ်ဟောင်း မိတ်သစ် စာနယ်ဇင်း သမားများ နှစ်နှင့်ချီ ကွဲကွာရာမှ ပြန်လည် ဆုံတွေ့ကြခြင်း၊ ယခင်က နာမည် ကြားဖူး သော်လည်း ပြင်ပတွင် ယခုမှ ပထမဦးဆုံး အကြိမ် တွေ့ဆုံကြခြင်း တို့ကြောင့် ဖြစ်သည်။ အလွန် ပျော်ကြလေသည်။ တက်ရောက်လာသူ ကဗျာဆရာ တဦးက ညီလာခံကို “မီဒီယာ တောင်ပြုံးပွဲ”ဟု ကဗျာဆန်ဆန် အမည်ပေးလိုက် သေးသည်။

ညီလာခံ စတင်သည့်အခါ အခမ်းအနားမှူးက ရုက္ခစိုးနှင့် ထိပ်သီး နိုင်ငံရေးသမား ၂ ဦးကို ဖိတ်ခေါ်သည်။ ဦးပြောင်ပြောင်က ဦးစွာ ဆွေးနွေးသည်။ ထိုသို့ ဆွေးနွေးစဉ် ဦးရုက္ခစိုးက မကြာခဏ ကြားဖြတ်ပြီး ၀င်ပြောသဖြင့်  ဦးပြောင်ပြောင်နှင့် အချေအတင် ဖြစ်ကြလေသည်။

ဦးပြောင်ပြောင်။     ။ ကျုပ်တို့က ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကို လက်ခံလို့ မဖြစ်ဘူး၊   ချိုကုပ်ဒူးကြီးတို့ ဆွေစဉ် မျိုးဆက် အာဏာ ချုပ်ကိုင်သွားကြမှာ ဖြစ်တဲ့အတွက် လုံး … … … … ၀ လက်ခံလို့ မဖြစ်ဘူး။ ဒီတော့ ၂၀၁၀ ကိစ္စကို ဖြေရှင်းနိုင်ဖို့ ကျုပ်တို့ ဒီနေ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကဲ  … ဒါဖြင့် ကောင်းပြီ … ၂၀၁၀ ကိစ္စ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။

ရုက္ခစိုး။     ။ သြော် … ဦးပြောင်ပြောင်ရယ် … ၊ အဲဒီ ၂၀၁၀ ကိစ္စက လွယ်ပါတယ်၊ ခင်ဗျားက အသုံးကြီးတော့ နှစ်ထောင်ယူလိုက်၊ ဟိုဘက်က နိုင်ငံရေးသမားကို တဆယ်ပေးလိုက်၊ ရှင်းရော။

ဦးပြောင်ပြောင်။     ။ ဟုတ်တယ်၊ အဲဒီလို ဖြစ်သင့်တယ် … ဟာ စကားပြောတာ မှားကုန်ပြီ၊ … … ဟေ့လူ … အဲ … ဟေ့ ရုက္ခစိုးကြီး၊ ဘာတွေ လာပြောနေတာလဲ။

ရုက္ခစိုး။     ။ ကိုယ်ထင်တာကို ကိုယ်ပြောလိုက်တာပဲ။ စာနယ်ဇင်းသမားတွေက ကျုပ်ကို တကူးတက ဖိတ်ခေါ်ပြီး
အယူအဆကို ပွင့်ပွင့် လင်းလင်း ပြောပေးပါလို့ မေတ္တာရပ်ခံထားတော့ ပြောရတာပေါ့။

ဦးပြောင်ပြောင်။     ။ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါပေမယ့် ကျုပ်ပြောနေတုန်းတော့ ကြားဖြတ်မပြောနဲ့ဗျာ။ မကြိုက်ဘူး။ နိုင်ငံရေးသမားလည်း စိတ်တိုတတ်တယ်ဗျ။

ဦးပြောင်ပြောင်က ရွေးကောက်ပွဲ ကန့်ကွက်မှုမိန့်ခွန်းကို ကွမ်းတရာညက်ခန့်ကြာအောင် ပြောကြားပြီးသောအခါ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးကိုယ့်ဝေက ရွေးကောက်ပွဲကို အဘယ့်ကြောင့် ကြိုဆိုသင့်ကြောင်းကို ထမင်းအိုးတလုံးကျက်ခန့် ကြာအောင် ရှင်းပြလေသည်။

ဦးကိုယ့်ဝေ။     ။ ကျုပ်က ရွေးကောက်ပွဲကြီးကို အူလှိုက်သည်းလှိုက် ထောက်ခံနေရတာ အကြောင်း ရှိတယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ ချိုကုပ်ဒူးကြီးက အာဏာစွန့်မှာဗျ။ နိုင်ငံတော်အာဏာဟာ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထု လက်ထဲ ရောက်လာတော့မှာပါ။ ကဲ … ကျုပ်က ရွေးကောက်ပွဲကို ထောက်ခံတာ မှားသလား ပြောပါဦး။

ဦးကိုယ့်ဝေ၏ ၂၀၁၀ ရွေးကောက်ပွဲ ထောက်ခံသံကို ကြားလိုက်ရသည့် ညီလာခံအတွင်းရှိ စာနယ်ဇင်းသမား အများအပြား ထိန်းမနိုင် သိမ်းမရ ရှူးရှူးရှဲရှဲ ဖြစ်သွားကြသည်။ သို့သော်လည်း ဦးကိုယ့်ဝေက စာနယ်ဇင်းသမားတို့၏ သဘောမကျမှုများကို ဂရုမစိုက်ဘဲ ဆက်လက်ပြီး မိန့်ခွန်းချွေလေသည်။

ဦးကိုယ့်ဝေ။     ။ ခင်ဗျားတို့ သိတဲ့အတိုင်း ချိုကုပ်ဒူးကြီးက စစ်သားဗျ။ ထမင်းစား၊ ရေသောက်တာက အစ တရုတ်သိုင်းကား ကြည့်တာ အဆုံး ဘာလုပ်လုပ် စစ်ရေး အမြင်နဲ့ပဲ လုပ်တတ်တာ။ အခုလည်း သူက တပ်ဆုတ်နေပြီ။ စည်းကမ်းရှိရှိ သိသိ သာသာကြီး ဆုတ်နေပြီ။ ရွေးကောက်ပွဲ ကျင်းပတယ် ဆိုတာ စည်းကမ်းရှိရှိ တပ်ဆုတ်တဲ့ သဘောလို့ ကျုပ်က လုံးဝ ယုံကြည်တယ်။

ထိုသို့ ပြောနေခိုက် ညီလာခံခန်းမအတွင်းသို့ လူတယောက် ၀င်လာသည်။ ထိုသူမှာ အထူး ဖိတ်ကြားထားသည့် နာမည်ကြီး ဘလော်ဂါ မိုးသီးဇူလိုင် ဆိုသူ ဖြစ်နေသည်။ မိုးသီးဇူလိုင်ကို အဝေးမှ လှမ်းမြင်လိုက်သည်နှင့် ဦးကိုယ့်ဝေက ယောင်ပြီး ခေါင်းကို ပွတ်လိုက်မိသည်။ စိုးရိမ်မှုများလည်း တဖွားဖွား ပေါ်ပေါက်လာသည်။

ဦးကိုယ့်ဝေ စိုးရိမ်မည် ဆိုလျှင်လည်း စိုးရိမ်စရာပင်။ အကြောင်းမှာ အနှီ ဘလော်ဂါ မိုးသီးဇူလိုင်က ဘွတ်ဖိနပ် ချွတ်ပြီး ချိုကုပ်တယောက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဖိနပ်ဖြင့် အပေါက်ခံရသည့် ချိုကုပ်သည် ဖနှောင့်နှင့်တင်ပါး တထပ်တည်းကျအောင် ပြေးခဲ့ရကြောင်း ဆိုသည့် သတင်းများကို ကြားထားသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ဦးကိုယ့်ဝေက ခေါင်းကို ယောင်ပြီး ပွတ်နေမိခြင်း ဖြစ်၏။

ဘလော်ဂါကြီးက ကျောပိုးအိတ်ထဲမှ ကွန်ပျူတာကို ထုတ်လိုက်သည်။ ထို့နောက် ဗီဒီယို ကင်မရာကို ဖွင့်ပြီး ကွန်ပျူတာနှင့် ချိတ်ကာ ဆွေးနွေးပွဲ အစီအစဉ်များကို သူ၏ ဘလော့သို့ တိုက်ရိုက် လွှင့်တင်တော့သည်။ ထိုအပြုအမူကြောင့် ညီလာခံတွင် ရောက်နေကြသော စာနယ်ဇင်းသမားများ အားလုံး ဖျားသွားကြလေသည်။ တကိုယ်လုံး အီလက်ထရွန်နစ် ပစ္စည်းများဖြင့် ရှုပ်ရှက်ခတ်နေသူ အေဘီစီဒီ သတင်းဌာနမှ ကိုပဒေသာပင် ဆိုသူမှာ သူ့နဖူးကိုသူ လက်ဖြင့် ဖြန်းခနဲ ရိုက်လိုက်ပြီး “အိုးမိုင်ဂေါ့၊ ဒီတခါတော့ ငါ ခံလိုက်ရပြီ” ဟုပင် ညည်းတွားရေရွတ်လိုက်၏။

ဘလော်ဂါ မိုးသီးဇူလိုင်၏ အရှိန်အ၀ါကို ထိတ်လန့်မိသည့် ဦးကိုယ့်ဝေက သူ၏ ဆွေးနွေးချက်များကို ကမန်းကတန်း နိဂုံးချုပ်လိုက်သည်။ ထပ်မံ ဆွေးနွေးရန် အလှည့်ကျသူမှာ ချင်းမိုင်အခြေစိုက် ရုက္ခစိုး ဖြစ်လေသည်။

ရုက္ခစိုး။     ။ သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ဗျာ။ တယောက်က ရွေးကောက်ပွဲကို ထောက်ခံတယ်၊ တယောက်က ကန့်ကွက်တယ်။သတင်းသမားတွေဟာ ဘက်မျှအောင် ရေးသား ဖော်ပြရတယ် ဆိုတော့ အခုလို အမြင် ၂ မျိုးနဲ့ ဆွေးနွေးတာတွေကို သတင်းပို့တဲ့အခါ သူတို့ သတင်းတွေဟာ အလိုအလျောက် မျှတသွားပြီပေါ့။ ကောင်းပါလေ့။

ဦးပြောင်ပြောင်။     ။ ဟေ့လူ … အဲ ရုက္ခစိုး … လိုရင်း ပြောနော်၊ ဒီပွဲမှာ ဆရာတွေချည်းပဲ။ လက်ချာရိုက်ဖို့ မစဉ်းစားနဲ့။

ရုက္ခစိုး။     ။ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ကျုပ်ရှေ့က လူကြီးမင်း၂ယောက် ပြောသွားတဲ့ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဆိုတဲ့ ခေါင်းခဲစရာ ကိစ္စတွေဟာ ကျုပ်အမြင်ပြောရရင်တော့ ဖင်ကုန်းတုတ်ထိုး လုပ်နေကြတဲ့အတိုင်းပဲလို့ ထင်ပါတယ်။

ဦးပြောင်ပြောင်။     ။ ဟေ့ …  ဟေ့ …  ဟေ့ … ရုက္ခစိုးကြီး၊ ခင်ဗျားကြီး မမိုက်ရိုင်းနဲ့နော်။ ဒါ လူကြီးလူကောင်းတွေ နိုင်ငံအရေး ဆွေးနွေးနေကြတာဗျ။

ရုက္ခစိုး။     ။ ဟုတ်တယ်လေ၊ ရွေးကောက်ပွဲ ဆိုတဲ့အကြောင်း ခင်ဗျားတို့ ပြောကြတာကို နားထောင်ရတာ ဖင်ကုန်းတုတ်ထိုးသလိုပဲ။

ဦးကိုယ့်ဝေ။     ။ ဒီလိုရှိတယ် နောင်ကြီး ဦးရုက္ခစိုးရေ၊ တကယ်တော့ ရုက္ခစိုး ဆိုတာ စာနယ်ဇင်းသမား မဟုတ်တော့ စာနယ်ဇင်းသမား ညီလာခံနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ မတော်တဆ ရောက်လာတယ်ဆိုရင်လည်း တိတ်တိတ် … … …

ဦးကိုယ့်ဝေ၏ မှတ်ချက်ကြောင့် ဦးရုက္ခစိုး အနည်းငယ် စိတ်တိုသွားပြီး စကား ဖြတ်ပြောလိုက်သည်။

ရုက္ခစိုး။     ။ တော်စမ်းပါဗျာ။ ခင်ဗျားကရော စာနယ်ဇင်းသမားလား။ ကျုပ်ကို လာပြောပါ ဆိုလို့ ကျုပ်က လာပြောနေရတာ။ ဖင်ကုန်းတုတ်ထိုး ဆိုတာ စားပွဲစိမ်းစိမ်းပေါ်က ရောင်စုံ ဘောလုံးတွေကို တုတ်နဲ့ထိုးတဲ့ ကစားနည်းလေဗျာ။ ခင်ဗျားတို့ မတွေ့ဖူးဘူးလား။ ဘောလုံးတွေကို တုတ်ရှည်ရှည်နဲ့ လှမ်းထိုးရတယ်။ မထိုးခင် ဖင်ကို ကုန်းလိုက်သေးတယ်။ ဒါပေမယ့် အဲဒီကစားနည်းကို ခင်ဗျား နားလည်သလား။ ဘယ်ဘောလုံးကို ဘာကြောင့်ထိုးရသလဲ၊ ဘယ်လို ထိုးသလဲ၊ ထိတော့ ဘာဖြစ်သလဲ၊ မထိတော့ ဘာဖြစ်သလဲ ခင်ဗျား နားလည်သလား။ ကျုပ်တော့ နားမလည်ဘူး။ ဒါကြောင့် ခင်ဗျားတို့ ပြောနေတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ အဲဒီ ဖင်ကုန်းတုတ်ထိုး ကစားနည်းလိုပဲ ကျုပ် နားမလည်ဘူးလို့ ပြောတာပါ။

အခမ်းအနားမှူးက ထိုကစားနည်းမှာ ဘိလိယက် သို့မဟုတ် စနူကာ ဟု ခေါ်သည့် ကစားနည်းဖြစ်ကြောင်း ၀င်ရောက် ရှင်းလင်းကာ အခြေအနေကို ထိန်းသိမ်းပြီး၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ဆိုင်ရာ မေးခွန်းများ၊ ပြန်လည် ဆွေးနွေးချက်များကို ဖိတ်ခေါ်လေသည်။

မိုက်ကရိုဖုန်းကို ဦးစွာ ပြေးယူသူမှာ ဘလော်ဂါကြီး မိုးသီးဇူလိုင် ဖြစ်လေသည်။ အားလုံးက သူ့ထံမှ မည်သို့သော မေးခွန်း ထွက်ပေါ်လာမည်ကို သိလိုသဖြင့် နားစွင့်နေကြသည်။ သူက ရွေးကောက်ပွဲအမြင်များဖြင့် ပထမဆုံး နိဒါန်း ပျိုးလေသည်။
တချိန်တည်းမှာပင် သူ၏ ဘလော့သို့ သူ၏ ပြောဆိုဆွေးနွေးချက်များ အဆက်မပြတ်  ရောက်ရှိနေသည်။ ထို့ကြောင့် သူ၏ ဘလော့သို့ သွားရောက်ကြည့်ရှုသည့် နိုင်ငံတကာမှ မည်သူမဆို ညီလာခံ ဆွေးနွေးချက်များကို တိုက်ရိုက် ကြည့်ရှုနိုင်ကြလေသည်။

မိုးသီးဇူလိုင်က မေးခွန်းမေးလိုသည်ဟု ဆိုပြီး မိုက်ကရိုဖုန်းကိုင်ကာ ပြောကြားနေသည်မှာ ၁၀ မိနစ်ခန့်ကြာလာသော်လည်း မေးခွန်း တခုမှ ထွက်ပေါ်မလာပေ။ နောက်ထပ် ၁၀ မိနစ်ကြာသောအခါ အခမ်းအနားမှူးက ဗီတို အာဏာသုံးပြီး တားဆီးလိုက်သည်။ ထိုနည်းမှာ တခြားမဟုတ်ပေ။ မိုးသီးဇူလိုင် ကိုင်ထားသည့် မိုက်ကရိုဖုန်း အသံမထွက်စေရန် ကြိုးဖြတ်လိုက်သည့်နည်း ဖြစ်လေ၏။

ထို့နောက် ဆွေးနွေးမေးမြန်းလိုသူများ လက်ထောင်ပြကြရန် မေတ္တာရပ်ခံလိုက်ရာ စာနယ်ဇင်းသမား ထက်ဝက်ကျော်က အပြိုင်အဆိုင် လက်ထောင်ကြ၏။

မေးမြန်းသူ အားလုံးက ရန်ကုန်မှ ၀ါရင့် နိုင်ငံရေးသမားကြီး ဦးကိုယ့်ဝေ တဦးတည်းကိုသာ ၀ိုင်းဝန်းချောင်ပိတ်ပြီး မေးမြန်းကြသည်။

“ရွေးကောက်ပွဲ ဒီနှစ်ထဲမှာ လုပ်မယ်ဆိုတာကို ခင်ဗျားကြီး ယုံသလား”
“ဘာကြောင့် ရွေးကောက်ပွဲကို မဆန့်ကျင်ရတာလဲ။ ယုံကြည်ချက်တွေကို ချက်ချင်း ပြောင်းပစ်စမ်း”
“ရွေးကောက်ပွဲပြီးရင် အာဏာလွှဲမယ်ဆိုတာ အာမခံနိုင်သလား”
“ရွေးကောက်ပွဲထောက်ခံတာ ဘယ်လောက်ရသလဲ”
“စစ်ဗိုလ်တမတ်သားလွှတ်တော်ကို ခင်ဗျားကြီး တက်ချင်သလား”

တရစပ် ၀င်ရောက်လာသော မေးခွန်းများကြောင့် ၀ါရင့် နိုင်ငံရေးသမားကြီး ဦးကိုယ့်ဝေ တုန်လှုပ်သွားသည်။   လက်နှစ်ဘက်ကို စားပွဲပေါ်သို့ တင်ကာ အားယူပြီး ထရပ်လိုက်သည်။  စာနယ်ဇင်းသမားတွေကို အားကိုးပြီး အယူအဆများ လာရောက် ဖလှယ်မိတာ မှားပြီဟု နောင်တ အကြီးအကျယ်ရသွားကာ ညီလာခံ ခန်းမအတွင်းမှ ထွက်ပြေးသွားလေသည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (10)Add Comment
0
ဒီမိုကရေစီ
written by Kyaw Zwa, March 05, 2010
မတူတာတွေ ခွဲပြီး လုပ် တူတာတွေ တွဲပြီး လုပ် မိမိ ယုံကြည်ချက် အပေါ် တစိုက် မတ်မတ် လုပ် ကိုယ်ကျိုးသာ မပါစေနဲ့  နှစ်ဖက် စလုံး မှန်တယ်။
0
လောက်င အောင် ဝေကြပါ
written by Ko Yin, March 05, 2010
ကိုရင်တို့ ရွာက လူကြီးတွေ ပြောသလိုပဲ
"ဝေရာ ခြမ်းရာမှာ ငါ့ ဖို့ အရေးကြီးတယ်" တဲ့ ဦးကိုယ့်ဝေရေ။
ဦးပြောင်ပြောင်လည်း သိပ်အသုံး မကြီးနဲ့ပေါ့နော်.....
0
Wrong Satire
written by Maung Aung, March 04, 2010
Welcome your satire but you take wrong way. What is your conculation or give massage, I can't see. Only your propose is beat U thu wai but you can't give anwer. You have a good hand for right but UThu Wai does not have, it not fair. If you want to beat someone, you must give wright anwers.
0
ဒီဘက်ကလေ၊ ဟိုဘက်က လက်နက် ငွေ...
written by မျိုးလွင်, March 04, 2010
နွားကွဲ ရင်တော့ ကျား ဝင်ဆွဲမှာနော၊ အချင်းချင်း လေစစ်တွေ တိုက်မနေကြပဲ ညှိနှိုင်းပြီး လုပ်ရင်တောင်မှ ဗိုလ်သန်းရွှေတို့ အုပ်စုကို ခက်ခက်ခဲခဲ ဖြိုရမှာ သူတို့ဘက်မှာ အာဏာက လက်ရှိ၊ စစ်တပ်က ကျောခံ၊ ငွေကြေးက ကုဋေကဋာ။
0
နိုင်ငံရေး လက်အောက်ခံ မဟုတ်တဲ့ မီဒီယာ စစ်စစ် ဖြစ်စေချငိ ပါေ=ကာင်း။
written by မောင်မီဒီယာ (အစစ်), March 04, 2010
တောင်ပြုံး-စာနယ်ဇင်း ပွဲလို့ အမည် မှည့်လိုက်တာ သင့်လျော် ကောင်းမွန်လှပါကြောင်း။

ဟိုက် ရှာလပါတ်ရည်--- ဆရာ အီကြာေ ကွးကြိးသာ အသက် မသေသေးဘဲ ဒီညီလာခံကိုသာ တက်ခွင့်ရမယ် ဆိုရင် ဘယ်လို ဆက်ရေးမလဲ - သိချင်စ မ်းပါဘိ။

ဆက် လှော်စေဗျာ။
0
...
written by big cat, March 03, 2010
very very funny. I propose a model show to include in the next conference. Just kidding. I am grateful to the organizers and sponsors of this conference. Reporters, journalists, and pressmen need intimacy to develop confidence and share information. Cheers!
0
...
written by Zin, March 03, 2010
ရုက္ခစိုး။ ။ သြော် … ဦးပြောင်ပြောင်ရယ် … ၊ အဲဒီ ၂၀၁၀ ကိစ္စက လွယ်ပါတယ်၊ ခင်ဗျားက အသုံးကြီးတော့ နှစ်ထောင်ယူလိုက်၊ ဟိုဘက်က နိုင်ငံရေးသမားကို တဆယ် ပေးလိုက်၊ ရှင်းရော။

smilies/cheesy.gif smilies/cheesy.gif Awesome Idea..................... I couldn't stop laughing for like 2mins smilies/tongue.gif
ကျုပ်ကတော့ ယုံတယ်, Low-rated comment [Show]
0

written by ပုဏ္ဏားဘကွန်း, March 03, 2010
ဟား... ဟား... ဟား. .ဟား.....ငါ စဉ်ထားတဲ့ အကွက် ထဲတော့ ဝင်လာပြီ။ အချင်းချင်း စကားများကုန်ပြီ၊ ပြီးရင် ဖိနပ်နဲ့ပေါက် မဲ့ သူက ပေါက်၊ ဆဲမဲ့သူက ဆဲ၊ ထိုးမဲ့ သူက ထိုး၊ ဒီလိုနဲ့ပဲ ပွဲပြီး သွားမယ်။ ဒီလိုနဲ့ ပဲ ငါ တော်တော်အသက်ရှည် ဦးမှာပါလား။
ဟား...ဟား...ရွေးကောက်ပွဲ ဆိုတဲ့ အရိုးလေးပြ လိုက်တာနဲ့ ကိုက် ကုန်ကြပြီ။ သိပ်ပြီး သောင်းကျန်း လာရင် ငြိမ်ဝ ပ်ပိပြား အောင်လုပ်ပြီး၊ ဗိုလ်နေမြဲ ကျားနေမြဲ ဆက်နေ သွားယုံပေါ့။ ဟိုတုံး က သီချင်းတပုတ် ကြားဖူးတယ် မဟုတ်လား၊ မင်းမင်းငတ် ဆိုခဲ့တဲ့ သီချင်းလေ..ဘာတဲ့ " စိတ်ထဲရှိဒါ အကုန် လုပ်မယ်.. .ဘယ်သူမှ မတားနဲ့ကွယ်... ....ရူးသွား မဲ့သူဟာ ကျနော်ပါ " ဟေ.. ..ဟုတ်လား ...ငါ ရူးသွား မှာလား?
0
...
written by kojj, March 03, 2010
ရေးထားတာ ကောင်းလွန်းတယ်ဗျာ .... ဖင်ကုန်း တုတ်ထိုး စကားလုံးကတော့ အထိမိဆုံး ပါဘဲ. ...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်