မီးစက်သံ တညံညံပေး ...

လျှပ်စစ်မီး ပျက်လိုက်၊ လာလိုက်နှင့် ၅ မိနစ်တခါ “ဟာ” “ဟေး” “ဟာ” “ဟေး” ဟု အော်နေရ သောကြောင့် အမောဆို့လျှက် ရှိသော ရန်ကုန် လူထုကြီးမှာ ညသန်းခေါင်ပင် ဖြစ်သော် ငြားလည်း နိုးကြားလျက် ရှိနေသည် ကို ဦးရုက္ခစိုး တွေ့လိုက်ရသည်။



ရုက္ခစိုး။     ။ ရန်ကုန်သားတွေက အံ့သြစရာပဲနော် ဖိုးရှုပ်၊ ဒီလောက် တဟေးဟေး၊ တဟာဟာနဲ့ အော်နေရတာတောင် မောတဲ့ပုံ တစက်မှ မတွေ့ရဘူး။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးက နတ်မျက်စိနဲ့ မြင်ပေမယ့် ကျနော်ကတော့ ဘာမှကို မမြင်ရဘူး၊ ကြည့်လေရာ မှောင်နဲ့ မည်းမည်းပဲ တွေ့ရတယ်။

ထိုစဉ် ဖျတ်ခနဲ မီးများလင်းလာပြီး “ဟေး” ခနဲ အသံကြီး ထွက်ပေါ်လာသည်။

ရုက္ခစိုး။     ။ ကြည့် ကြည့် … လူတွေ အပြေးပြေး အလွှားလွှားနဲ့ ဘာတွေဖြစ်ကုန်ပါလိမ့်။

ဖိုးရှုပ်။     ။ သြော် … အဲဒါက မီးလာတုန်း ရေမောင်းကြတာ၊ ထမင်းအိုး တည်တာ၊ လျှပ်စစ်မီးနဲ့ လုပ်ရမယ့် အလုပ်တွေ ထလုပ်တာ။

ရုက္ခစိုး။     ။ နအဖ က နှစ်သစ်မှာ လူတွေကို ပုံစံသစ်နဲ့ မီးပေးနေတာထင်တယ်။ ၅ မိနစ်တခါ မီးလာလိုက် ပျက်လိုက်နဲ့။

ဖိုးရှုပ်။     ။ အဲဒီထက် ထူးတာရှိသေးတယ်။ နှစ်သစ်မှာ အိုဇုန်းလွှာပေါက်တာကို ကာကွယ်တဲ့အနေနဲ့ အိုဇုန်းလွှာကို ထိခိုက်စေမယ့် ဓာတ်ငွေ့ထွက်တဲ့ အဲကွန်းတွေ၊ ရေခဲသေတ္တာတွေ သွင်းခွင့်မပေးဘူးတဲ့ဗျ။

ရုက္ခစိုး။     ။ နအဖက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အသိ တော်တော်ရှိတယ် ပြောရမယ်။ လူတွေ ဝယ်ထားပြီးသား ရေခဲသေတ္တာတို့ အဲကွန်းတို့ သုံးမှာစိုးလို့ မီျးမပေးတာဘဲဖြစ်မယ်။

သူတို့နှစ်ဦး ထင်ရာ လျှောက်ပြောနေစဉ် “ဟာ” ဆိုသော အသံနှင့်အတူ တလောကလုံး မှောင်အတိ ကျသွားပြန်သည်။ ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ ရပ်နေသည့် ရန်ကုန်မြို့လယ်ခေါင်က ဂဏန်း ၂ လုံးနှင့် လမ်းတလမ်းပေါ်၌ လူတယောက် စမ်းတဝါးဝါး လျှောက်လာသည်ကို မြင်လိုက်ရသည်။

ဖိုးရှုပ်။     ။ ရှေ့က ဘယ်သူလဲ မသိဘူး ဦးရုက္ခစိုး။

ရုက္ခစိုး။     ။ ဘယ်သူလဲ သိရအောင် ငါ ကိုယ်ထင်ပြလိုက်မယ် လာလေ့။

ဖိုးရှုပ်။     ။ ကိုယ်က ထင်ပြပြီးသားပဲလေ၊ မီးမလာလို့ မမြင်ရတာ၊ ကိုယ်ရောင်ကိုယ်ဝါ တောက်ပပြလိုက်မှ ရမယ်။

ဦးရုက္ခစိုးက ဖိုးရှုပ်ကို မျက်စောင်းတချက်လှည့်ထိုးရင် ကိုယ်ရောင်ကိုယ်ဝါများ တောက်ပပြလိုက်ရာ သူ့အနီးနား ပတ်ဝန်းကျင် တွင်ပါ လင်းသွားသည်။ သူတို့ဘက်လျှောက်လာနေသူမှာ အမျိုးသမီးတယောက် ဖြစ်နေသည်။ လက်ထဲတွင်လည်း အထုပ်တထုပ် ကိုင်ထားသေးသည်။ ထို အမျိုးသမီးက ဦးရုက္ခစိုး၏ ကိုယ်ရောင်ကိုယ်ဝါကြောင့် မျက်စိကျိန်းသွားပုံဖြင့် မျက်မှောင် ကြုတ်လိုက်သည်။

ဖိုးရှုပ်။     ။ ဒီက အစ်မကြီးက မီး ဒီလောက်မှောင်နေတဲ့ ညကြီးမှာ တိုက်အောက်ဆင်းပြီး ဘာလုပ်မလို့လဲဗျ။

အမျိုးသမီး။     ။ မီးမှောင်တုန်း အမှိုက်ထုပ် လမ်းပေါ်လာပစ်တာလေ။ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့စကားရှိတယ် မဟုတ်လား။

ရုက္ခစိုး။     ။ ဟာ … အဲဒီလို လုပ်လို့ရမလားဗျ။ စည်းကမ်းမဲ့ရာကျတာပေါ့။

အမျိုးသမီး။     ။ လူတိုင်း ဒီလိုပဲ ပစ်နေတာပဲ၊ မထူးဆန်းပါဘူး။ (ပြောရင်း ဦးရုက္ခစိုးကို သေချာကြည့်ကာ) ဒီအလင်းရောင်က ဖရောင်းတိုင် မီးထက်တော့ သာတယ်။ တရုတ်ကလာတဲ့ အားပြန်သွင်းရတဲ့ မီးလုံးလေးတွေထက်လည်း သာတယ်၊ ဦးလေး အိမ်ခဏလောက် လိုက်ခဲ့ပါလား။ ဦးလေးကို ထိုင်ခိုင်းပြီး ကလေးတွေ စာကျက်ခိုင်းမလို့။

ရုက္ခစိုး။     ။ မလုပ်ပါနဲ့ဗျာ … ကျုပ်ရဲ့ ကိုယ်ရောင်ကိုယ်ဝါကလည်း ခဏပဲ ခံတာပါ။ တရုတ်လုပ် မီးလုံးတွေလိုပါပဲ။ ဒါနဲ့ အစ်မကြီးက ဘာအလုပ် လုပ်လဲဗျ။

ဦးရုက္ခစိုး စကားလမ်းကြောင်း လွှဲလိုက်သည်ကို မကျေနပ်သဖြင့် အမျိုးသမီးကြီးက “ဘာအလုပ်မှ မလုပ်ဘူး၊ နှစ်လုံးထီပဲ ထိုးတယ်။ အဲ ယောင်လို့ အိမ်ရှင်မ” ဟု ဆောင့်ကြီးအောင့်ကြီး ပြောလိုက်သည်။

ဖိုးရှုပ်။     ။ အိမ်ရှင်မဆိုတော့ အတော်ပဲဗျ။ ကျနော် အင်တာဗျူးလေး နည်းနည်း လုပ်ပါရစေ။

ရုက္ခစိုး။     ။ သတင်းသမား ဇာတိကတော့ ပြပြီ။

ဖိုးရှုပ်။     ။ ကျနော်တို့ ဒေဝါလီ မဂ္ဂဇင်းအနေနဲ့ ရွေးကောက်ပွဲကို အမျိုးသမီးတွေ ဘယ်လောက်ထိ စိတ်ဝင်စားလဲဆိုတာ သိချင်လို့ ပါ အဟဲ။

အမျိုးသမီး။     ။ ရွေးကောက်ပွဲ ဟုတ်လား၊ ဘာရွေးကောက်ပွဲလဲ။ စပါးလုံးရွေးတဲ့ ရွေးကောက်ပွဲလား။

ဖိုးရှုပ်။     ။ ဟာ အစ်မကြီးကတော့ နောက်ပြီ။ ခု ၂၀၁၀ မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲလေ။ အစိုးရအသစ် ရွေးမှာလေ။

အမျိုးသမီး။     ။ အဲဒီအစိုးရအသစ်က လျှပ်စစ်မီးပေးမလား။ လျှပ်စစ်မီး မပေးနိုင်ရင်လည်း အားမသွင်းရတဲ့ ဘက်ထရီတို့၊ ဆီမထည့်ရတဲ့ မီးစက်တို့ တီထွင်နိုင်ရင် မဲထည့်မယ်။ ထောက်ခံမယ်။

ရုက္ခစိုး။     ။ ဒီလိုလေ ငါ့ညီမကြီးရဲ့။ အစိုးရသစ်တရပ် တကယ်တက်လာမယ့် ကိစ္စက တိုင်းပြည်အတွက် အရမ်း အရေးကြီးတယ် လေ။

အမျိုးသမီး။     ။ လျှပ်စစ်မီး မလာတဲ့ကိစ္စက ကျမအတွက် အရေးကြီးတယ်လေ ဦးလေး။ ထမင်း ချက်လို့မရတဲ့ ပြဿနာ၊ ချက်ရင်းတန်းလန်း မီးပျက်သွားတဲ့ ပြဿနာ၊ မီးမလာလို့ ရေတင် မရတဲ့ပြဿနာ ဘယ်လောက်ကြီးလဲ ဦးလေးသိလား။

ဖိုးရှုပ်။     ။ ဒီ … ဒီလိုလေ အစ်မကြီးရဲ့။ ဒီမိုကရေစီ တကယ်ရပြီဆိုရင် ...။

အမျိုးသမီး။     ။ ဒီမိုကရေစီက အင်ဗာတာလောက် အသုံးဝင်လား။

အမျိုးသမီးကြီးပုံစံက တင်းမာနေသဖြင့် ဖိုးရှုပ်က မျက်နှာချိုသွေးလိုက်သည်။

ဖိုးရှုပ်။     ။ အဟီး … အစ်မကြီးတို့လို အိမ်ရှင်မတွေ အနေနဲ့ အမျိုးသမီး ကိစ္စကိုတော့ စိတ်ဝင်စားမယ်ထင်တယ်။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ရသင့်တယ် ဆိုတဲ့ တောင်းဆိုမှုကို ဘယ်လို သဘောရလဲ။

အမျိုးသမီး။    ။ ကျမသာဆိုရင်တော့ ကုန်ဈေးနှုန်း ၃၀ ရာခိုင်နှုန်း ကျရေးပဲ အရင်တောင်းဆိုမယ်။

“ကြည့်ရတာ ဘယ်လိုမှ မေးလို့ရမယ့်ပုံ မရှိဘူး” ဟု တိုးတိုးရေရွတ်ရင်း ဖိုးရှုပ်တယောက် ခေါင်းကုတ်လိုက်သည်။ ဦးရုက္ခစိုး ကတော့ ငါ့အလှည့်ဆိုသည့် မျက်နှာပေးဖြင့် ဖျောင်းဖျဖို့ကြိုးစားကြည့်သည်။

ရုက္ခစိုး။     ။ အဲ … တိုင်းပြည် တပြည်လုံး အပြောင်းအလဲ ဖြစ်မယ့်ကိစ္စက ခုနကပြောတဲ့ ရွေးကောက်ပွဲပေါ်မှာ မူတည်နေတယ် ညီမကြီးရဲ့။

ထိုစဉ် “ဟေး” ဟူသော အသံကြီးပေါ်ထွက်လာကာ လင်းထိန်သွားပြန်သည်။

အမျိုးသမီး။     ။ ကျမ တအိမ်လုံး ထမင်းမငတ်မယ့် ကိစ္စကလည်း မီးလာတုန်း ထမင်းပြေးချက်ရမယ့် ကျမအပေါ်မှာ မူတည်နေတယ်ရှင့်။ သွားလိုက်ပါဦးမယ်။

ရန်ကုန်ည သန်းခေါင်ကျော်အချိန်တွင် လှုပ်လှုပ်ရှားရှား ဆူဆူညံညံ ပြန်ဖြစ်သွားသည်။ လျှပ်စစ်ပေါင်းအိုးဖြင့် ထမင်း မကျက် တကျက်ခန့် ကြာသောအခါဝယ် …. “ဟာ” ဆိုသော အသံကြီးဖြင့် တလောကလုံး မှောင်မိုက် တိတ်ဆိတ်သွားပြန်သည်။

ထိုစဉ် နာမည်ကျော် အဆိုတော်ကြီး တွံတေးသိန်းတန်၏ နာမည်ကြီးတေးသွားအလိုက်အတိုင်း သီဆိုထားသည့် သီချင်းသံ တသံသာ မည်သည့် နေရာကမှန်းမသိ ဆွေးမြေ့စွာ ထွက်ပေါ်လာသည်ကို ဦးရုက္ခစိုးတို့ ၂ ဦးသား ကြားလိုက်ရလေတော့သည်။

“မီးစက်သံ တညံညံပေး … ဟေးဟေး … မြို့အဝင်လမ်းဆီကလေ ... ရင်ချင်းအပ်ကာ တိုးကာ ဝှေ့ကာ … ဘတ်စ်ကားစီးလာကြ တာ … တွေ … မေ့နိုင်ပါ့မလား … မင်းတို့ငါတို့ ရန်ကုန်မြို့ကလေ … ဒန့်တန်တန် … ဒန့်တန်တန် ...။ ကျည်းရေလေ တပ်မတော် ထဲက အာဏာရူးတွေ … မီးလေးတော့ ပေးသင့်ပါတယ်လေ ...၊ ရွေးကောက်ချင်ကောက် … မကောက်လည်း... တို့ကတော့ လုံးဝ ဂရုမစိုက်ပေ … မီးလေးတော့ အမြန်ပေးလိုက်ပါဟေ ဒန့်တန်တန် … ဒန့်တန်တန်”

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (11)Add Comment
0
...
written by soe, February 22, 2010
၇န် ကုန် က လူ တွေကို နှိမ် တာ လို ဘဲမြင်တယ်smilies/angry.gif
0
Real situation
written by Tunwin, January 17, 2010
This article reflects real situation of Myanmar. We have many natural resources than neighboring countries but we have the least infrastructures and we are the poorest except junta families. Ordinary people in our country are not interested whether election is fair or not. They want to think for their daily life and many people think that election will not affect on their life. Everyone involved in Myanmar politics should consider this condition. Congratulation! Ko Tar Tay. Carry on.
0
ကောင်းတယ်ဗျ
written by zero, January 15, 2010
ကောင်းတယ်ဗျာ
အင်း တစ်ချိန်ချိန်တော့ ပြောင်းလဲေ ကာင်းပါရဲ့နော်. .......................
0
They siad they have been developing the country for a couple of years
written by ko thet, January 15, 2010
It is very interesting story that concerns all of Myanmar people who have been under full of fears in spite of having a lot of natural resources and energy that can make people and country happier living and involving in international levels. I am really worried about that elecitrity is not provided enough for people expecially in Yangon which is capital of Myanmar. But, the governemnt said that they have been developing the country, nothing is happened as a good thing.

Actually, electrity is one of a basic needs for people. So, even if it is not still peovided enough, I would say that they are not trying to develop our country. Just focus on building more military power and less pay attention to development.

As far as I am concerned, Myanmar will become worse and worse without fulfilling the basic things.
And it will never be better because of lack of basic needs for people.
0
good
written by minkoko, January 14, 2010
တွံတေးကြီးရဲ့ သီချင်းကို စမြောင်လုပ် ထားတာကြို က်လွန်းလို့  သုံးခါထက်မနဲ ဆိုမိပါတယ်။ မီးစက်သံတညံညံပေးတဲ့
ကောင်းဗျာ။
0
...
written by ရဲနောင်လှအောင်, January 14, 2010
hahaha ... တွံတေးသိန်းတန် တေးသွား နဲ့ သီချင်းကိုေ တြာ့ ကိုက်တယ်ဗျာ .. ဒီနေ့ အိမ်ပြန်ေ ရာက်လို့မီးပျက်တာနဲ့ .. တွံတေးသိန်းတန်သီချင်းနဲ့ ကျွန်တော့်မိသားစုကို ဖျော်ဖြေလိုက်မယ် .... ကျွန်တော်တို့ရဲ့ ဘ၀ အမောကို ဟာသ အသောလေးနဲ့ ဖေါ်ပြပေးတာ ကျေဇူးဗျာ .. smilies/cheesy.gif ကြိုက်တယ်ဗျို့  smilies/cheesy.gif hahahaha
0
a
written by awba, January 14, 2010
smilies/grin.gifsmilies/cheesy.gif har har har
0
Who cares?
written by layman, January 13, 2010
Bravo! Ko Tar Tay !!! Your idea is getting better and better time after time . Its really painted the real and true situation of what is happening in the country and some how the lady's answers are truly reflecting the ordinary public interest at all. Keep it up Ko Tar Tay, Congrats!!!
0
That's really touched!!!!!!!!
written by myasandar, January 13, 2010
So funny, even though really angry about these things.
Thank you U Tar Tay. Really touched. Hee Hee!
0
yangon Thar
written by namastay, January 13, 2010
Yote ka soe gyi ga yangon down town bae youte tar goo:
Bogyote twe nay dat Inyar lan doe, Pyi Lann: doe , ma ma yote tar
MEE GA PYIDU dwe nay dat nar: bae pyat tar.....
BOGYOTE twe myar myar; nay dat nar ma pyat buu
naut ta khaut U yote ka soe gyi ygn lar yin bogyote myar dat nay yar lai twa oon........
0
တကယ်ရင်လေးပါတယ်
written by aung, January 13, 2010
နေ့စဉ်ပြသနာတွေ၊ အဆင်မပြေမှုတွေကိုသာ ဦးစားပေး နေရတဲ့ မြန်မာ့လူမှုဘ၀ကတော့
အရမ်းဝမ်းနည်း ဖို့ကောင်းလှပါတယ်။ အန္တာရာယ်ကတော့ တော်တော်ကြီးနေပြီ။
အမြန် လွတ်လပ်မှ တော်ကာကျမယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်