ချိုကုပ်။ ။ ကဲ … ဆို … ဘာကိစ္စ။ ခင်ဗျားက ကျုပ်နဲ့ ဦးရုက္ခစိုးကို တွေ့ပြီး ဘာလုပ်မှာလဲ။စတစ်ဂလစ်။ ။ ဘာမှ မလုပ်ပါဘူးဗျာ၊ ကျနော် နားမလည်တာလေးတွေ မေးမလို့ပါ။ ဦးရုက္ခစိုးပါ ခေါ်ရတာကတော့ … တော့ ...။
ချိုကုပ်ဒူးကြီးက စတစ်ဂလစ်စကားမဆုံးခင် “ကျုပ်တို့ မြန်မာနိုင်ငံ စီးပွားရေးကို ခင်ဗျားဉာဏ်လေး တထွာတမိုက်နဲ့ မမီဘူး မဟုတ်လား။ ထင်သားပဲ” ဟု ဖြတ်ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဒါနဲ့များတောင် နေပြည်တော်က ဆွေးနွေးပွဲမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတယ် ဘာညာနဲ့ ပြောသွားသေး တယ်နော်။
စတစ်ဂလစ်။ ။ အဟီး၊ ကျနော်လည်း မြန်မြန်ပြီး၊ ပြီးရောဆိုပြီး ပြောခဲ့တာ။ ကြောက်တယ်လေဗျာ၊ ဆွေးနွေးပွဲလာတဲ့ ချိုကုပ်တွေက ဘာတွေ လိုက်မှတ်နေမှန်းမှ မသိတာ။
ချိုကုပ်။ ။ သြော် ဒါလား၊ အဲဒါမကြောက်ပါနဲ့။ သူတို့ကို လိုက်မှတ်ရမယ်ဆိုလို့ မှတ်ချင်ယောင် ဆောင်နေကြတာ။ သူတို့လည်း ခင်ဗျားပြောတာ ဘာမှနားမလည်ပါဘူး။
စတစ်ဂလစ်။ ။ ထင်တော့ထင်ပါတယ်။ ခင်ဗျားတို့ လယ်သမားတွေအတွက် လုပ်ပေးနေတယ်ဆိုတာလေးသိချင်လို့ ရှင်းပြပါလား။
ချိုကုပ်။ ။ သြော် … လယ်သမားတွေအတွက်ကတော့ စိုက်သမျှ တို့ရိတ်သိမ်းရမယ်ဆိုတဲ့ မူနဲ့သွားနေတာ၊ တော်တော်လေး အောင်မြင်ပါတယ်။
ရုက္ခစိုး။ ။ စိုက်သမျှ တို့ရိတ်သိမ်းရမယ် ဆိုတာက … လယ်သမားတွေက စိုက် စစ်တပ်ကရိတ်သိမ်း။ ဟုတ်တယ် မဟုတ်လား။
ချိုကုပ်။ ။ စစ်တပ်ကရိတ်သိမ်းတယ် မပြောနဲ့၊ နိုင်ငံတော်က ရိတ်သိမ်းတာပါ။ မျိုးမျိုးမြတ်မြတ်လေး ကျန်အောင် အပြတ်ရိတ်ပြီး အမြတ်တွေကိုကြိတ်တာ၊ တကယ် အောင်မြင်တယ်နော်။
စတစ်ဂလစ်။ ။ မှတ်သားလောက်ပါပေတယ်။ သူတို့ စပါးစိုက်ဖို့ အရင်းအနှီးကျတော့ ဘယ်လိုလုပ်လဲ။
ချိုကုပ်။ ။ ဒါက အမတော်ကြေး ထုတ်ပေးတယ်လေ။ အတိုးက ၇ ကျပ်ကနေ ၁၀ ပဲယူတာပါ။
စတစ်ဂလစ်။ ။ ဟ … ဟ … အဲဒီလောက်နှုန်းက အရမ်းများတာလေ။ ကမ္ဘာမှာ ဘယ်သူမှ မယူတဲ့နှုန်းဗျ၊ သူတို့အတွက် ဘယ်ကိုက်မလဲ။
စတစ်ဂလစ် မျက်ဖြူလန်မလို ဖြစ်သွားသောကြောင့် ဦးရုက္ခစိုးက အသင့်ပါလာသော နှာရှုဘူးဖြင့် နှာခေါင်းကို တေ့ပေး လိုက်ရသည်။
ချိုကုပ်။ ။ များလို့လား၊ ကျုပ်တို့စစ်တပ်အတွက်တော့ အဲ နိုင်ငံတော်အတွက်တော့ နည်းတောင်နည်းနေသေးတယ်။ ဈေးထဲက ငွေတိုးချေးစားတဲ့ သူတွေဆို အပေါင်ပစ္စည်းမပါရင် ၂၀ တိုးဗျ။
ဦးရုက္ခစိုးက “အင်း … သူ့အမတော်ကြေးက အချွန်နဲ့မတဲ့ အမတော်ကြေးကိုး” ဟု တွေးလိုက်သည်။
ရုက္ခစိုး။ ။ (လေပြေလေးနှင့်) မျိုးစပါးနဲ့ ဓာတ်မြေသြဇာကို ဈေးသက်သက်သာသာနဲ့ ပေးလိုက်ရင် ခံသာပါတယ်။
ချိုကုပ်။ ။ မရဘူးဗျ။ မျိုးစပါးတို့ ဓာတ်မြေသြဇာတို့က ကျုပ်တို့ ချိုကုပ်တွေရဲ့ သား၊ မြေး၊ တီ၊ တွတ်၊ ကျွတ်တွေရဲ့ စီးပွားရေး၊ သွားထိလို့မရဘူး။ ထိရင် သူတို့က ငိုမှာ ဟဲဟဲ။
စတစ်ဂလစ်။ ။ ဒါ … ဒါဆို … လယ်သမားတွေက ထွက်လာတဲ့စပါးကို ရောင်းချင်တဲ့သူကို ရောင်းလို့ရလား။
ချိုကုပ်။ ။ ဈေးပြိုင်စနစ်နဲ့လား၊ မရဘူးလေ။ အကုန်လုံး စစ်တပ်ကို အဲ နိုင်ငံတော်ကို ရောင်းရတယ်။
“အင်း … သူပြောတဲ့ နိုင်ငံတော်ဆိုတာ စစ်တပ်ပဲကိုး၊ ဒါကြောင့် စစ်တပ်က ခေါ်ခေါ်သုံးတဲ့ ဟိုမင်းသမီးကိုလည်း နိုင်ငံတော် လို့ ခေါ်တာဖြစ်မယ်” ဟု ဦးရုက္ခစိုး တွေးနေသည်။
စတစ်ဂလစ်။ ။ (မျက်နှာငယ်လေးနှင့်) ကျနော်တော့ ခင်ဗျားတို့ကို အကြံမပေးတတ်တော့ ဘူးဗျာ။
ချိုကုပ်။ ။ မပေးတတ်လည်း ပြဿနာမရှိပါဘူး။ ကျုပ်တို့ကလည်း ခင်ဗျားပေးမယ့်အကြံကို မယူပါဘူး။ ခင်ဗျားကိုတောင် အကြံ ပြန်ပေးလိုက်ဦးမယ်။ အခု မြန်မာပြည်မှာ နောက်ဆုံးပေါ် အခြေခံ စီးပွားရေးလုပ်မလို့။ ဒီမှာ တုတ်ဂလိ။
ရုက္ခစိုး။ ။ စတစ်ဂလစ်ပါ ...။
ချိုကုပ်။ ။ သိတယ်။ ကျုပ်အင်္ဂလိပ်စာဆရာက သင်ထားတယ်၊ စတစ်ဆိုတာ တုတ်တဲ့၊ အဲဒါကြောင့် မြန်မာဆန်ဆန် ခေါ်တာ။
စတစ်ဂလစ်။ ။ ကြိုက်သလိုသာ ခေါ်ပါတော့ဗျာ။ တုတ်ဂလိပဲခေါ်ခေါ်၊ ဂျင်ဂလိပဲခေါ်ခေါ် ...။
ချိုကုပ်။ ။ ဒီမှာ တုတ်ဂလိ၊ အခုလုပ်မယ့်အလုပ်ကို သေချာလိုက်မှတ်။ ထောင်တွင်း သက်သာချောင်ချိရေးအတွက် လုပ်ရင်း ... အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်မယ့်ကိစ္စဗျ။
စတစ်ဂလစ်ကော ဦးရုက္ခစိုးပါ မျက်လုံးပြူးသွားကြသည်။
ချိုကုပ်။ ။ ဟဲဟဲ အံ့သြသွားလား၊ ကျုပ်က အားအားရှိ တွေ့ကရာလူတွေ၊ ဘုန်းကြီးတွေကို ထောင်ထဲ ဖမ်းထည့်နေတာဆိုတော့ ထောင်ဝန်ထမ်းတွေလည်း တိုးချဲ့ခန့်ထားဖို့ လိုလာပြီ။ အဲဒါကတော့ အလုပ်အကိုင်အခွင့်အလမ်း ပေါ့ဗျာ။ နောက်ဆို မြန်မာပြည်က ဝန်ထမ်းနဲ့တင် မလောက်လို့ စင်ကာပူတို့၊ ဒူဘိုင်းတို့၊ မလေးရှားနိုင်ငံသားတွေကိုပါ အလုပ်လုပ်ဖို့ လှမ်းခေါ်ရတော့မှာလေ။
ဦးရုက္ခစိုး။ ။ ဒီနေ့ ချိုကုပ်ဒူးကြီး ပြောတာတွေက အသစ်တွေချည်းပါပဲလား။ ဆက်ပါဦး။
ချိုကုပ်။ ။ အဲဒီလို ထောင်ဝန်ထမ်းတွေ များလာတော့ … သူတို့မိသားစုတွေ စားဝတ်နေရေးအတွက် သက်သာချောင်ချိရေး အနေနဲ့ အင်းစိန်ထောင်ကြီးကို ပြစားမယ်။ ရှေးဟောင်းအမွေအနှစ်ပေါ့၊ တနည်းပြောရရင် ပြတိုက်လုပ်မယ်။
စတစ်ဂလစ်က “အိုး ဂေါ့ဒ်” ဟု တလိုက်ရာ ဦးရုက္ခစိုးက “ခဏလေး၊ သတိမလစ်နဲ့ဦး၊ သူ့စကားဆုံးအောင် နားထောင်ဦး” ဟု သတိပေးလိုက်ရသည်။
ချိုကုပ်။ ။ နယ်စပ်က အေအေပီပီပြတိုက်ကို သနားတယ် လို့တောင် ပြောလို့ရတယ်။ သူတို့က အတုလုပ် ပြထားတာ။ ကျုပ်က အစစ်တွေကို ပြမှာ။ ရှိသေးတယ်၊ အခု နရသိန် ဆိုပြီး မဂ္ဂဇင်းတအုပ်ထုတ်မယ်။ စာမူအတွက်က ပူစရာမလိုဘူး အေအေပီပီ ဝက်ဘ်ဆိုက်နဲ့ တခြား ပြည်ပမီဒီယာတွေက ရေးနေတဲ့ ထောင် အချက်အလက်တွေကို ပြောင်းပြန်လှန်ပြီး ရေးမယ်။ အဲဒီမဂ္ဂဇင်းမှာ အသံတိတ်ဂျာနယ်က အယ်ဒီတာပြုတ် တယောက်ကို ခန့်မယ်။
ရုက္ခစိုး။ ။ ကောင်းတယ်ကောင်းတယ်၊ အဲဒီအယ်ဒီတာက ငွေအတွက် အလုပ်မလုပ်ဘူး၊ ပိုက်ဆံအတွက်ပဲ အလုပ် လုပ်မယ်လို့ ကြွေးကြော်ဖူးတယ်။
ချိုကုပ်။ ။ အဲဒီမဂ္ဂဇင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ကြော်ငြာတွေထည့်ရင် ကျုပ်အိတ်ထဲ … အဲ … ယောင်လို့ သက်သာချောင်ချိရေး ရန်ဘုံးငွေ၊ အဲ ရန်ပုံငွေရမယ်။
ရုက္ခစိုး။ ။ အဲဒီမဂ္ဂဇင်းမှာ ကြော်ငြာထည့်မယ့်သူတွေက ပန်းပဲလုပ်ငန်းတို့၊ လက်ထိပ်ရောင်းဝယ်ရေးတို့ပဲ ဖြစ်မယ်။
ချိုကုပ်။ ။ ထည့်ချင်တဲ့သူ ထည့်ပစေပေါ့ဗျာ။ ပိညှက်အရိုးဆိုလား၊ ပိစိအရိုးဆိုလား အဲဒီပုဂ္ဂိုလ်က ပြောသွားတယ်လေ။ အင်းစိန်ထောင်ကြီးက ရှေးဟောင်းပစ္စည်း ဖြစ်နေပြီတဲ့။
ရုက္ခစိုး။ ။ (ဒုက္ခပဲ ထင်ရာတွေလျှောက်လုပ်ပြန်ပြီဟု တွေးရင်း) ပီညဲရိုးပါဗျာ၊ သူက အင်းစိန်ထောင်က ကိုလိုနီခေတ်ကတည်းက ဆောက်တာမို့လို့ နိုင်ငံတကာ ထောင် အဆင့်အတန်းနဲ့မမီဘူးလို့ ပြောတာပါ။
ချိုကုပ်။ ။ ဘာဖြစ်ဖြစ်ဗျာ၊ တနည်းအားဖြင့်တော့ ရှေးဟောင်းပစ္စည်းလို့ ပြောတာပဲ မဟုတ်ဘူးလား။ ဒီတော့ ပြတိုက်လုပ်စားလို့ ရတာပဲ။
စတစ်ဂလစ်။ ။ သိပြီ သိပြီ။ ရလာတဲ့ အကျိုးအမြတ်ကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေမယ့် နေရာတွေမှာ သုံးမယ်ပေါ့။ ဟုတ်လား။
စတစ်ဂလစ်က “ငါမှန်းတာ မှန်ကိုမှန်ရမယ်” ဆိုသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
ချိုကုပ်။ ။ ခင်ဗျားပြောတာ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အားကစား … အဲဒီနေရာတွေကို ပြောတာလား။
စတစ်ဂလစ်က ချိုကုပ်ဒူးကြီးအမေးကို ပြုံးပြုံးလေး ခေါင်းညိတ်ပြရင်း ရေနွေးကြမ်းတခွက် ငှဲ့သောက်လိုက်သည်။
ချိုကုပ်။ ။ ကြံကြံဖန်ဖန်ဗျာ၊ သုံးစရာလား၊ ရလာတဲ့အကျိုးအမြတ်ကို ကျုပ်တို့ အိတ်ဖောင်းစေဖို့ ထိုးထိုးထည့်တာပါ။ ကျုပ်တို့ချိုကုပ်တွေက အိတ်မဖောင်းရင် စိတ်မကောင်းဘူးဗျ။
စတစ်ဂလစ် သောက်လက်စ ရေနွေးကြမ်း “ခွီး” ခနဲသီးသွားသည်။
စတစ်ဂလစ်။ ။ ဟာ … အဲဒီလိုလုပ်လို့မရဘူးလေ။ အမေရိကန်က အချိန်မရွေး ဝင်စစ်ပြီး မသင်္ကာလို့ ဘဏ်စာရင်းတွေ ပိတ်လိုက်ရင် ခင်ဗျားတို့ပိုက်ဆံတွေ မှောင်ခိုဖြစ်သွားမှာဗျ။
ချိုကုပ်ဒူးကြီးမျက်နှာက ငိုမဲ့မဲ့ ဖြစ်ကာ “အဲလိုတော့ မလုပ်နဲ့လေဗျာ။ ခင်ဗျားတို့တော်တော်ရက်စက် ကြတာပဲ” ဟု ပြောရင်း ချုံးပွဲချ ထိုင်ငိုသည်။
ချိုကုပ်။ ။ (မျက်ရည်နှင့် နှာရည်များကို တရှုံ့ရှုံ့လုပ်ရင်း) တုတ်ဂလစ်ရေ … ကျေးဇူးမမေ့ပါဘူး၊ ပြောပေးပါနော် … နော်။ သမီးတော် လိုချင်ရင်လည်း ပေးပါ့မယ်၊ နိုင်ငံတော်ဆိုတဲ့ မင်းသမီးလေး လိုချင်ရင်လည်းပေးပါ့မယ်။ အကုန်ပေးပါ့မယ်။ မပြောပေးရင်တော့ ငိုမှာပဲ၊ အဟင့် … ငိုလို့မရရင်တော့ …. ။
ချိုကုပ်ဒူးကြီးက ရွှတ်ခနဲ နှပ်ချေးညှစ်ကာ စတစ်ဂလစ်နှင့် ဦးရုက္ခစိုးကို မျက်ထောင့်နီကြီးနှင့် ကြည့်သည်။
ရုက္ခစိုး။ ။ စိတ်မကောင်းဘူး ဆိုတာက ရူးတာကို ပြောတာ စတစ်ဂလစ်ရေ။ ဒီနေရာက မြန်မြန်လစ်ကြမယ်။ ခင်ဗျားစကားကို ကြားတာနဲ့ သူ စိတ်ဖောက်လာပြီ၊ တော်ကြာ တခုခု ထလုပ်နေမှာ ကျုပ်တို့ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ်ဗျ ….။
အတွေ့အကြုံ များလှပြီဖြစ်သော ဦးရုက္ခစိုးစကားဆုံးသည်နှင့် စတစ်ဂလစ်က “အဲဒါတွေ ကြိုမြင်လို့ ဦးရုက္ခစိုးကိုပါ ခေါ်ထားတာ ပါဗျ” ဟု အော်ကာ နေရာက တချိုးတည်း လစ်ပြေးလေတော့သည်။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Set as favorite
Bookmark
Email this
Hits: 7729
Comments (13)

written by konaing, December 29, 2009
နိုင်ငံတော သုံးသုံး နေတဲ့ နိုင်ငံတော်မင်းသမီး က မလွတ်တော့ဘူး လားလို့...
written by မောင်မျိုး, December 28, 2009
သေချာရင် သိ ရင် သက်သေနှင့် တကွ ရှင်းသင့်တယ် ကြာသပတေးနံနဲ့ မင်းသမီးတို့ နာမည် လေးလုံးနှစ်လုံး မင်းသမီးတို့ ဆိုတဲ့ ရမ်းတုပ် တာတွေ ပြင်သင့်ပြီ အစွပ်စွဲ ခံရတာတွေ အများကြီးပဲ
written by Myanmar Pyi Thar, December 27, 2009
You very naughty.
Now everyone is puzzle.
Now everyone is puzzle.
written by Ko Sant Tint, December 27, 2009
Couldn't Naing Ngan Taw Minn Tha Mee be Kyaing Kyaing?
written by myanmar girl , December 25, 2009
may be i think some model and actress in ygn who want to be like naing ngan taw min tha mee. if u think carefully then u can know who she is

written by War, December 25, 2009
Who is she? I have no idea on that. Would you mind telling us who is she???
is there someone who know her??? Irrawaddy, you give us homework! But it is above me.
is there someone who know her??? Irrawaddy, you give us homework! But it is above me.
written by steven, December 25, 2009
u dont know that?i also dont know.but i do know the minthar is sein myauk myauk the nay shwe thway
written by ဘိုကာ, December 24, 2009
နိုင်ငံတော် မင်းသမီး ကို သိချင်လို့လား။
မပြောဘူး၊ သတ်ပြစ်လိုက်။
မပြောဘူး၊ သတ်ပြစ်လိုက်။
written by ဖူးမန်းချူး, December 24, 2009
ဟဲလို...ဟိုင်း ... မိုးရှိ မိုးရှိ ...ဗိုလ်ရုက္ခစိုးလား?
ကျုပ် စတစ် ဂလစ်လေ၊ စင်္ကာပူ က လှမ်းခေါ်နေဒါ။ ကြောက်ပြေး ချိုကုပ် ပြန်သွားပြီလား?
ချိုကုပ်ရှေ့ မှာ မပြောချင်လို့၊ ဒီလိုဗျ...ချိုကုပ်ကြီး က အင်းစိန်ထောင် ကို ရှေးဟောင်း ထောင်ပြတိုက် လုပ်စားဖို့ဘဲ သိဒါ။
ကျုပ် အသေးစိတ် လေ့လာ ထားပြီးပြီ၊ သူ့ထက် ကောင်းတဲ့ အဲန်တစ် အဆောက် အအုံတွေ ကျန်သေးတယ်၊ ရန်ကုန် ဆေးရုံကြီးတို့၊
အတွင်းဝန်ရုံး တို့၊ နောက်ဆုံးဗျာ..သော်မဆင် က လေမှုတ်စက် (ချီးစက်) ကြီးတောင်၊ တိုးရစ်တွေ ပြပြီး ရိုက်စားလို့ ရသေး တယ်။
ဘယ်သူမှ မပြောနဲ့နော်၊ ခင်ဗျား နဲ့ ကျုပ်နှစ်ယောက် ထဲ ဂွင် ရိုက်ကြဒါပေါ့၊
အိုကေ...တာ့တာ။
ကျုပ် စတစ် ဂလစ်လေ၊ စင်္ကာပူ က လှမ်းခေါ်နေဒါ။ ကြောက်ပြေး ချိုကုပ် ပြန်သွားပြီလား?
ချိုကုပ်ရှေ့ မှာ မပြောချင်လို့၊ ဒီလိုဗျ...ချိုကုပ်ကြီး က အင်းစိန်ထောင် ကို ရှေးဟောင်း ထောင်ပြတိုက် လုပ်စားဖို့ဘဲ သိဒါ။
ကျုပ် အသေးစိတ် လေ့လာ ထားပြီးပြီ၊ သူ့ထက် ကောင်းတဲ့ အဲန်တစ် အဆောက် အအုံတွေ ကျန်သေးတယ်၊ ရန်ကုန် ဆေးရုံကြီးတို့၊
အတွင်းဝန်ရုံး တို့၊ နောက်ဆုံးဗျာ..သော်မဆင် က လေမှုတ်စက် (ချီးစက်) ကြီးတောင်၊ တိုးရစ်တွေ ပြပြီး ရိုက်စားလို့ ရသေး တယ်။
ဘယ်သူမှ မပြောနဲ့နော်၊ ခင်ဗျား နဲ့ ကျုပ်နှစ်ယောက် ထဲ ဂွင် ရိုက်ကြဒါပေါ့၊
အိုကေ...တာ့တာ။
Write comment
| < Prev | Next > |
|---|







