မျှော်လင့်ချက်ဖြင့် ဖတ်ခဲ့သည်

(၁)

မြန်မာ အတ္ထုပ္ပတ္တိ စာပေအမျိုးအစားသည် မြန်မာစာပေ စတင်ပေါ်ပေါက်လာကတည်းက တပြိုင်နက်တည်းလိုလို ယှဉ်တွဲ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရပါမည်။ မြန်မာစာပေ အရုဏ်ဦးကတည်းက အတ္ထုပ္ပတ္တိစာပေ အမျိုးအစား ပေါ်ပေါက်လာခဲ့သည့် သဘောပင် ဖြစ်သည်။

thaung-wai-oo-cover-1
စာအုပ်အမည်။    ။ စစ်သားဘဝ အမှတ်တရများ
ရေးသူ။    ။ သောင်းဝေဦး
ထုတ်ဝေသူ။    ။ ဒေါ်မူမူ ( မြရတနာ စာပေ)
ထုတ်ဝေခုနှစ်။    ။ ၂၀၀၃၊ အုပ်ရေ ၃၀၀၀
တန်ဖိုး။    ။ ၂၀၀၀ ကျပ်
အထင်ရှားဆုံး ဥပမာမှာ ခရစ်နှစ် ၁၁၁၂ ခုတွင် ရေးထိုးသော  မြစေတီကျောက်စာတွင် သာသနာ သက္ကရာဇ် ၁၆၂၈ ခုနှစ်၌ ပုဂံပြည်တွင် ကျန်စစ်သားမင်း အုပ်ချုပ်မင်းလုပ်သည့်အကြောင်း၊ ဘုရင်သည် မိဖုရား သမ္ဘူလအား ကျွန် သုံးရွာကို ပေးထားသည့်အကြောင်း၊ ထိုမိဘုရား၏ သားတော်မှာ ရာဇကုမာ ဖြစ်ကြောင်း၊ မိဘုရားလွန်သည့်အခါ မိဘုရား၏ ရတနာတန်ဆာများနှင့် ကျွန် သုံးရွာကို သားတော် ရာဇကုမာအား ပေးကြောင်း၊ နန်းစံ ၂၈ နှစ် ကျန်စစ်မင်း နာမကျန်းဖြစ်သည့်အခါ ရာဇကုမာက ဖခမည်းတော်အတွက် ဆင်းတုတော်တဆူနှင့် ကျွန် သုံးရွာကို ဘုရားထံ လှူဒါန်းသည့် အကြောင်း ကျန်စစ်သားမင်းနှင့် ရာဇကုမာတို့၏ အကြောင်းခြင်းရာ အထုတ္ထုပ္ပတ်ကို ရေးထိုး မှတ်တမ်းတင်ခဲ့သည်ကို ထောက်ရှုလျှင် မြန်မာစာပေ ပေါ်ဦးစကတည်းက အတ္ထုပ္ပတ္တိစာပေအရေးအသားသည်လည်း တပါတည်း ပေါ်ပေါက်လာခဲ့သည်ဟု ယူဆနိုင်ပါသည်။

နှစ်ပေါင်း ၁၀၀၀ ဝန်းကျင် သက်တမ်းရှိခဲ့ပြီဖြစ်သည့် မြန်မာ အတ္ထုပ္ပတ္တိ စာပေအမျိုးအစားကို အကြမ်းဖျင်းအားဖြင့် လေးမျိုး ရှိသည်ဟု ခွဲခြမ်းပြောဆို၍ ရနိုင်ပြန်ပါသည်။

ပုဂ္ဂိုလ်တဦးတစ်ယောက်၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို တခြားပုဂ္ဂိုလ်တဦးက ရေးသားမှတ်တမ်းတင်သည့် စာပေအမျိုးအစားကို “ရိုးရိုး အတ္ထုပ္ပတ္တိစာပေ” ဟူ၍လည်းကောင်း၊ မိမိ၏ ဘဝဖြစ်ရပ်ကို မိမိကိုယ်တိုင်ရေးသည့် “ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာပေ” ဟူ၍လည်းကောင်း၊ ယင်း အတ္ထုပ္ပတ္တိ စာပေအမျိုးအစားနှစ်ခုကိုပင် ရိုးရိုးစင်းစင်း မရေးဘဲ မိမိ၏ စိတ်ကူးစိတ်သန်းများကိုပါ ထည့်သွင်းရေးသားသည့် “ဝတ္ထုသဘောဆောင်သည့် အတ္ထုပ္ပတ္တိ စာပေ” ဟူ၍လည်းကောင်း၊ နောက်ဆုံးအမျိုးအစားမှာ “မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိစာပေ” အမျိုးအစားဟူ၍လည်းကောင်း ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပုံနှိပ်ထုတ်ဝေလာသည့် အတ္ထုပ္ပတ္တိဆိုင်ရာ စာအုပ်များထဲတွင် ထိပ်တန်း စစ်ခေါင်းဆောင်တချို့ ရေးသားထုတ်ဝေသည့် အတ္ထုပ္ပတ္တိစာအုပ်များကို စာဖတ်ပရိသတ်က ပို၍စိတ်ဝင် စားခဲ့ကြသည်ဟု ယူဆမိပါသည်။ ဥပမာ - တင့်ဆွေ (ဖျာပုံ) (ဗိုလ်မှူးချုပ်ဟောင်း တင့်ဆွေ) ၏ “ကျောပိုးအိတ်လေးကို ချီကာလွယ် ”၊ သောင်းဝေဦး (ဗိုလ်မှူးကြီး သောင်းဝေ) ၏ “စစ်သားဘဝ အမှတ်တရများ”၊ ထွန်းကြည် (မုံရွာ) (ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်) ၏ “အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ” စသည့် စာအုပ်များ ဖြစ်သည်။

နှစ်ပေါင်း ၄၀ ကျော် တိုင်းပြည်အာဏာကို စစ်တပ်က ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရယူထားခဲ့သည့် ကာလအတွင်း  အုပ်ချုပ်သူ စစ်ခေါင်းဆောင်တို့၏ အတွင်းရေးကို တိုင်းပြည်က မသိအောင် အထူး ထိန်းချုပ် ဖုံးအုပ်ထားသည့်အချိန် စစ်တပ်၏ ထိပ်ပိုင်း ခေါင်းဆောင်တချို့က သူတို့၏ ကိုယ်ရေး အတ္ထုပ္ပတ္တိများကို ရေးသားထုတ်ဝေလာသည့်အခါ စာဖတ်ပရိသတ်အနေနှင့် ထိုစစ်ခေါင်းဆောင်များ၏ စာအုပ်များအပေါ် မျှော်လင့်ချက်ဖြင့် စိတ်ဝင်စားခဲ့ကြသည်ဟု ဆိုရပါမည်။ အုပ်ချုပ်သူတို့၏ အတွင်းရေးများ၊ စစ်ခေါင်းဆောင်များက တိုင်းပြည်အပေါ်ထားရှိသည့် စိတ်နေစိတ်ထားနှင့် စစ်ခေါင်းဆောင်များ၏ အတွေးအခေါ် အတိမ်အနက်ကို ထိုစာအုပ်များထဲက တဆင့် တစွန်းတစအားဖြင့် သိနိုင်ကောင်းရဲ့ဟူသော မျှော်လင့်ချက်ဖြင့်သာ ထိုစာအုပ်များကို စာဖတ်ပရိသတ်က စိတ်ဝင်စားခဲ့ကြခြင်း ဖြစ်သည်။

ကျနော်သည်လည်း ထို စိတ်အာသီသ အခံဖြင့်ပင် မှတ်တမ်းသဘောပါဝင်သော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည့် သောင်းဝေဦး (ဗိုလ်မှူးကြီး သောင်းဝေ- အငြိမ်းစား) ၏ “စစ်သားဘဝ အမှတ်တရများ” စာအုပ်တွဲ ၄ အုပ်ကို ဖတ်ရှုခဲ့ခြင်း ဖြစ်သည်ဟု ဦးစွာပထမ ဝန်ခံရပါမည်။

(၂)

သောင်းဝေဦး၏ “စစ်သားဘဝအမှတ်တရများ” စာအုပ်မှာ လျှို့ဝှက်ဆန်းကြယ် မဂ္ဂဇင်းတွင် လစဉ်အခန်းဆက်ရေးခဲ့သည့် ဆောင်းပါးများကို အတွဲ ၄ တွဲခွဲ၍ ထုတ်ဝေသော စာအုပ်ဖြစ်သည်။ စစ်တပ်အတွင်း စတင်ဝင်ရောက်သည်မှ ပင်စင်ယူသည်အထိ စစ်မှုထမ်းတဦး၏ အတွေ့အကြုံများကို မှတ်တမ်းနှင့် အတွေး ရောယှက်ရေးသားသည့်  မှတ်တမ်းသဘောပါသော အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်သည်။

မျက်မှောက်ခေတ် မြန်မာ့တပ်မတော်တွင် မိမိဆန္ဒအလျောက် စစ်တပ်အတွင်း ဝင်ရောက်လာခဲ့ကြသူများ ရှိသည့်နည်းတူ မိမိဆန္ဒအလျောက်မဟုတ်ဘဲ နည်းအမျိုးမျိုးဖြင့် သိမ်းသွင်းဆွဲခေါ်၍ စစ်တပ်အတွင်း ဝင်ကြရသူများ ရှိနေသည်ဟူသည့် သတင်း ထွက်ပေါ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သောင်းဝေဦးကမူ စစ်တပ်အတွင်း ဆွဲသွင်းလို့ ဝင်ရာက်လာရသူတော့ မဟုတ်ပါ။ မိမိဆန္ဒအလျောက် စစ်တပ်အတွင်း ဝင်ရောက်လာခဲ့သူဖြစ်၏။ သူ၏ “စစ်သားဘဝ အမှတ်တရများ” စာအုပ် အတွဲ ၁၊ နိဒါန်းအခန်း “မမျှော်လင့်ဘဲ စစ်သားဖြစ်လာခြင်း” ခေါင်းစဉ်ဖြင့်ရေးသည့် ဆောင်းပါးတွင် မိမိဘက်မှ တဖက်သတ်ကြိုက်နေသော မိမိထက် အသက်ကြီးသည့် အမျိုးသမီးတဦးက မိမိအား တခြားယောက်ျားတဦးနှင့် နှိုင်းယှဉ်ကာ နှိမ်ချပြောဆိုသည်ကို မခံချင်စိတ်တခုတည်းနှင့် စစ်ထဲဝင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံရေးသားထားသည်ကို တွေ့ရ၏။ အခန်း ၁ ၏ အဖွင့် စာကြောင်းကလေးက သောင်းဝေဦး စစ်တပ်ထဲဝင်ရောက်လာရခြင်း ရည်ရွယ်ချက်ကို တိတိကျကျပင် ဖော်ပြထားသည်ကို တွေ့ရ၏။

အခန်း ၁ ပါ “အရပ်သားဘဝမှ စစ်သားဘဝသို့ ဗိုလ်လောင်းကျောင်းသား ကျနော်” ခေါင်းစဉ်ဖြင့်ရေးသည့် ဆောင်းပါးအစကို သောင်းဝေဦးက ယခုလို ရေးပြီးမှ ဖွင့်လိုက်၏။ “ကျနော်သည် ဟိုမိန်းမကြီးကြောင့် မခံချင်စိတ်ဖြင့် စစ်တပ်ထဲ ခြေစုံပစ်ဝင်ကာ စစ်သားဖြစ်လာသူဖြစ်ပါသည်” ဟူ၍ စစ်တပ်တွင်းသို့ ဝင်ရောက်လာခဲ့ရခြင်း ရည်ရွယ်ချက်ကို ရေးခဲ့၏။ (စာမျက်နှာ ၄၅)

သောင်းဝေဦးက သူ၏စာအုပ် အတွဲ ၄ တွဲတွင် စုစုပေါင်း အခန်း ၄၄ ခန်းဖွဲ့ပြီး ရေးသားခဲ့၏။ ဗိုလ်လောင်းသင်တန်း အတွေ့အကြုံများကအစ ကျောင်းဆင်းသောအခါ တာဝန်ကျရာ ဒေသအသီးသီးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဦးဆောင်သော တော်လှန်ရေး အဖွဲ့များနှင့် ရင်ဆိုင် တိုက်ခိုက်ရသည့် စစ်ပွဲပေါင်း မြောက်များစွာကို အခြေခံလျက် သူ၏ မှတ်တမ်းသဘောပါသည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ရှည်လျားစွာ ရေးထားသည်ကို ဖတ်ရ၏။ နယ်မြေအားဖြင့် ရှမ်းပြည်၊ တနသာင်္ရီတိုင်းနှင့် ကရင်ပြည်နယ်များတွင် တာဝန်ကျခဲ့၏။ ဗိုလ်အဆင့်မှ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ယူခဲ့ရ၏။ တပ်ခွဲမှူးတာဝန်မှ ဗျူဟာမှူးတာဝန်အထိ တဆင့်ပြီး တဆင့်တိုး၍ တာဝန်ယူခဲ့၏။ နှစ်ပေါင်း ၂၉ နှစ်ကျော် ၃၀ နီးပါး စစ်သက်ရှိခဲ့၏။

(၃)

သောင်းဝေဦး၏ စစ်သားဘဝ အမှတ်တရများ စာအုပ်တွင်ပါရှိသည့် အဖြစ်အပျက်တချို့မှာ ကျနော်လက်လှမ်းမီသော အဖြစ်အပျက်များ ဖြစ်နေသည်ကို တွေ့ရသဖြင့် ကျနော့်မှာ ပိုပြီး စိတ်လှုပ်ရှားနေခဲ့မိသည်။ ကျနော် လက်လှမ်းမီသော အဖြစ်အပျက်များဆိုသည်မှာ ထိုအဖြစ်အပျက်များ၏ ဖြစ်စဉ်တချို့တွင် ကျနော်ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် လက်လှမ်းမီသော အဖြစ်အပျက်များဟု ဆိုလိုခြင်းဖြစ်ပြီး ကျန်အဖြစ်အပျက်များမှာမူ ကျနော်နှင့်လုံးဝ ထိတွေ့နိုင်ခဲ့ခြင်း မရှိသည့်အတွက် ကျနော် လက်လှမ်းမမီသော အဖြစ်အပျက်များဟု ဆိုရပါလိမ့်မည်။

ထို့ပြင် ကျနော် လက်လှမ်းမီသော အဖြစ်အပျက်များနှင့် ပတ်သက်ပြီး ကျနော် သိထား မှတ်သားထားသည့် အချက်အလက်တချို့နှင့် သောင်းဝေဦး ရေးသားဖေါ်ပြသည့် အဖြစ်အပျက် အချက်အလက်တချို့မှာ မတူညီဘဲဖြစ်နေသည်ကို တွေ့ရပါသည်။ အချက်အလက် မတူညီဘဲဖြစ်နေသည့် အဖြစ်အပျက်များစွာထဲမှ အချက်အလက်တခုကို ကျနော် ဖော်ပြပါမည်။

ကရင်ပြည်နယ်အတွင်း ကမမောင်းနှင့် ဖာပွန်မြို့ နွေရာသီသုံး ကားလမ်းလုံခြုံရေး ကိစ္စများဆောင်ရွက်ရာတွင် သောင်းဝေဦး၏ မှတ်တမ်းနှင့် ကျနော်၏ မှတ်သားထားချက်များမှာ ကွဲပြားလွန်းနေပါသည်။

သောင်းဝေဦး ဗျူဟာမှူးဘဝနှင့် ယင်းနယ်မြေအတွင်း တာဝန်ကျနေစဉ် ကျနော်သည်လည်း ထိုနယ်မြေအတွင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ ကွင်းဆင်းသတင်းထောက်အနေနှင့် ရောက်ရှိနေခဲ့ပါသည်။ အတိအကျပြောရလျင် သောင်းဝေဦး စီးနင်းလိုက်ပါလာသည့် စစ်ကားတန်းအတွင်းမှ စစ်ကားတစီး မိုင်းခွဲခံရစဉ် ကျနော်သည် မိုင်းကွဲသည့်ရွာထဲက ကားလမ်းနှင့် ကိုက် ၁၀၀ ခန့် အကွာ တဲကလေးတလုံးပေါ်တွင် ရောက်ရှိနေခဲ့သည့်အချိန် ဖြစ်ပါသည်။ လိုအပ်သလို အနှစ်ချုပ်ပြီးပြောရလျင် သောင်းဝေဦးက ဗျူဟာမှူးဘဝနှင့် ကမမောင်း၊ ဖာပွန် နွေရာသီသုံး ကားလမ်းတလျောက် နအဖ စစ်တပ်များကို ကွပ်ကဲဆောင်ရွက်နေရစဉ်အချိန်က ကျနော်သည် ယင်း စစ်ကားတန်းတလျောက် ကျေးရွာများအနီးတဝိုက်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုသတင်းများကို စုံစမ်းမှတ်တမ်းတင်နေသည့် အချိန်ဖြစ်ပါသည်။

ထို့ကြောင့် တချိန်တည်း တနေရာတည်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တချို့အပေါ် သောင်းဝေဦးက မှတ်တမ်းတင်ခဲ့သလို ကျနော်သည်လည်း မှတ်တမ်းတင်နိုင်ခဲ့၏။ သို့သော် သောင်းဝေဦး၏ မှတ်သားထားချက်တချို့နှင့် ကျနော်၏ မှတ်သားထားချက်များမှာ မကိုက်ညီသည်ကို တွေ့ရပါသည်။

အထင်ရှားဆုံး ကွဲလွဲချက်တခုကို ကျနော် ပြောပါမည်။

ဖာပွန်မြို့မှာ နွေရာသီတွင် ယာယီအားဖြင့် အသုံးပြု၍ရသည့် ကားလမ်းမှတဆင့် လိုအပ်သည့် ရိက္ခာများကို စစ်ကားများဖြင့် အခေါက်ခေါက်အခါခါ သယ်ယူပို့ ဆောင်နေရသည့် မြို့ဖြစ်ပါသည်။ မိုးရာသီတွင်မူ လေယာဉ်ပျံဖြင့်သာ ဆက်သွယ်သွားလာ၍ ရသည့် မြို့ဖြစ်သည်။ ထို့ကြောင့် နွေရောက်လာသည်နှင့် တပြိုင်နက် နအဖစစ်တပ်များသည် အောင်သိဒ္ဓိလမ်းမကြီး ခေါ် ကမမောင်းနှင့် ဖာပွန် နွေရာသီသုံးကားလမ်းကို ပြင်ဆင်ခြင်း၊ ကားလမ်းတလျှောက် လုံခြုံရေးအတွက် စစ်တပ်များ လာရောက် တပ်ချ တာဝန်ယူရခြင်းနှင့် လိုအပ်သည့် စစ်ဆင်ရေးများကို ဆောင်ရွက်ကြရပါသည်။ ထိုအခါ ကားလမ်းဖောက်လုပ်ပြင်ဆင်ရေးနှင့် ကားလမ်းလုံခြုံရေးကို သက်ဆိုင်ရာ နယ်မြေတာဝန်ကျ စစ်တပ်များက စီမံကိန်းချပြီး ဆောင်ရွက်ကြရပါသည်။ ထိုစီမံကိန်းနှင့် ပတ်သက်ပြီး သောင်းဝေဦး၏ စစ်သားဘဝ အမှတ်တရများ စာအုပ်တွင် ဝန်ခံရေးသားထားသည်ကို တွေ့ရ၏။

အတွဲ ၄၊ အခန်း ၁၂ တွင် သောင်းဝေဦးက သူတာဝန်ယူရသည့် နယ်မြေအတွင်း ကားလမ်းဖောက်လုပ်ခြင်းကို ရေးရာ၌ “ယခင်က တလလောက် အချိန်ယူပြီးမှ ဖောက်လုပ်ခဲ့ရသည့် ကားလမ်းကို ယခုအခါ ဒေသခံများ၏ မေတ္တာစေတနာ အကူအညီကြောင့် နှစ်ပတ်ခန့်နှင့် ပြီးအောင်ဖောက်လုပ်နိုင်ခဲ့သည်” ဟု ရေး၏။ (စာမျက်နှာ ၃၁၆)

ထို့အပြင် ကားလမ်းတလျှောက် မောင်းနှင်လာသည့် စစ်ကားများကို ကရင်တော်လှန်ရေး ပြောက်ကျားတပ်များက ခြုံခိုတိုက်ခိုက်ခြင်းနှင့် ကားမိုင်း အခွဲခံရခြင်းများ ရှိတတ်သဖြင့် ကားလမ်းလုံခြုံရေးကို ဆောင်ရွက်ရာ၌ “တပ်များနှင့် မိုင်းရှာရုံသာမက ကားမိုင်းတလုံး သောင်းချီ၍ ဆုငွေပေးပြီး နယ်သူနယ်သားများအား ကူရှာစေ၏” ဟု ရေးခဲ့၏။ (စာမျက်နှာ ၂၆၂)

သောင်းဝေဦး၏ အထက်ပါ မှတ်တမ်းများအရဆိုလျင် ကမမောင်း-ဖာပွန် နွေရာသီသုံး ယာယီကားလမ်းကို ပြင်ဆင်ဖောက်လုပ်ရာ၌ ဒေသခံလူထု၏ မေတ္တာစေတနာနှင့် ဝိုင်းဝန်းလုပ်အားပေးမှုကြောင့် အောင်မြင် ပြီးစီးခဲ့သည့်သဘောဖြစ်၏။ တဖန် ကားလမ်းလုံခြုံရေးအတွက် ကရင့်တော်လှန်ရေးတပ်များ ထောင်ထားသည့် မိုင်းဗုံးများကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါက ဗုံးတလုံးလျှင် ငွေတသောင်း ဆုငွေပေးပြီး လမ်းလုံခြုံရေးကို ဆောင်ရွက်ခဲ့သည့် သဘော တွေ့ရပြန်ပါသည်။ သို့သော် ကျနော် ရရှိခဲ့သည့် အချက်အလက်များအရမူ ထိုသို့မဟုတ်သည်ကို တွေ့ရသည်။

နွေရာသီသုံး ကားလမ်းဖောက်လုပ်ပြင်ဆင်ရေးအတွက် ကားလမ်းတလျှောက် ကျေးရွာများအားလုံးထံမှ လုပ်အားပေး ပေါ်တာများ လိုလျင်လိုအပ်သလို အရေအတွက် အကန့်အသတ်မရှိ အချိန် အကန့်အသတ်မရှိ အဓမ္မ ဆင့်ခေါ် အသုံးပြုခဲ့၏။ သက်ဆိုင်ရာနယ်မြေ တာဝန်ကျ စစ်တပ်စခန်းများမှ တပ်ရင်း တပ်ခွဲ ရုံးတံဆိပ် ရိုက်နှိပ် ဆင့်ခေါ်သော စာများကို ကျနော် လက်ခံရရှိခဲ့၏။ (နှစ်ပတ်လည် လူ့အခွင့်အရေးချိုးဖေါက်ခံရမှု မှတ်တမ်း စာအုပ်၊ ၁၉၉၄ တွင် ပုံနှိပ်ဖော်ပြပြီး)

ယင်းသို့ ဆင့်ခေါ်သည့် အခမဲ့ လုပ်အားပေးကိစ္စများ အချိန်မီ မဆောင်ရွက်နိုင်သည့်အတွက် ပျက်ကွက်သည့် ကျေးရွာများအား အရက်၊ ကြက်၊ ဝက်၊ ဆိတ်၊ ငွေ၊ အစရှိသည်မှ ဆန်၊ ဆီ၊ ဆားကအစ တောင်းဆို ဒဏ်ရိုက်ခဲ့၏။ (နှစ်ပတ်လည် လူ့အခွင့်အရေးချိုးဖေါက်ခံရမှု မှတ်တမ်းစာအုပ်၊ ၁၉၉၄ တွင် ဖော်ပြပြီး)

ကျနော် သိမှီမှတ်သားရရှိခဲ့သည့် မှတ်တမ်းမှတ်ရာများအရဆိုလျင် ယင်း နွေရာသီသုံး ကားလမ်းဖောက်လုပ်ရေးအတွက် ဒေသခံလူထုမှာ မျက်ရည်များ၊ သွေးများ၊ ဥစ္စာပစ္စည်းများကို ရင်းပြီးမှ ဖောက်လုပ်ပေးခဲ့ရသည့် သဘောသာဖြစ်နေသည်ကို အခိုင်အမာ တွေ့ခဲ့ရပါသည်။

အဆိုးဝါးဆုံး ကိစ္စမှာ ကားလမ်းလုံခြုံရေး ဆောင်ရွက်ချက်များ ဖြစ်ပါသည်။

ကားလမ်းလုံခြုံရေးကိစ္စတွင် သောင်းဝေဦး၏ မှတ်တမ်း၌ အထွေအထူး ရှည်လျားစွာ ဖော်ပြထားခြင်း မရှိဘဲ ဗုံးတလုံး ရှာဖွေတွေ့ရှိအောင် ဆောင်ရွက်ပေးနိုင်သူ ရွာသားကို ဗုံးတလုံးလျှင် ဆုငွေတသောင်းပေးခဲ့သည်ဟုသာ ရေးသားထားသည်ကို တွေ့ရ၏။

ဤနေရာတွင်မူ ကျနော် မှတ်သားရရှိခဲ့သည့် အချက်အလက်များအရ အနည်းငယ် ပြည့်စုံအောင် ဖော်ပြမှ ရနိုင်မည်ဟု ယူဆပါသည်။

နွေရာသီသုံး ကားလမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာနယ်မြေ တာဝန်ကျ နအဖ တပ်ရင်းတပ်ဖွဲ့များသည် နီးစပ်ရာ ရွာများမှ ရွာသားများကို စုဝေးစေကာ ကားတန်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းများကို ပြောဆိုကြေညာခဲ့၏။ ထိုကြေညာချက်ထဲတွင် အကယ်၍ ကားမိုင်းအခွဲခံရပါက ဗုံးကွဲသည့်နေရာနှင့် အနီးစပ်ဆုံးကျေးရွာများသည် ပျက်စီးသွားသော စစ်ကားတန်ဖိုးကို ပေးလျော်ရမည်ဟူသော အချက်ကို အတိအလင်း ကြေညာခဲ့၏။

ထို့အပြင် စစ်ကားတန်းများ မဆင်းခင်နှင့် မတက်ခင် (ကမမောင်းမှ ဖာပွန်အသွားကို အတက်၊ အပြန်ကို အဆင်းဟု ခေါ်ဆိုလေ့ရှိပါသည်) ကျေးရွာလူထုက ကားလမ်းပေါ်တွင် သတ်မှတ်ထားသည့် နေရာအတိုင်း လမ်းလုံးပြည့် လူအုပ်နှင့် တံမြက်စည်း လှည်းခြင်းအားဖြင့် မိုင်းရှာပေးကြရမည်ဖြစ်သည်။ (လူသား မိုင်းရှာကိရိယာအဖြစ် အသုံးပြုခံရခြင်း)။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျနော်သည် ကျောက်ဖြာရွာအထွက်တွင် ကျောက်ဖြာရွာသား ကလေးလူကြီးအပါအဝင် လူ သုံးဆယ်ခန့် တံမြက်စည်းကိုယ်စီ လှည်းနေကြရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပါသည်။ (၁၃ ရက် ၃လပိုင်း ၁၉၉၄)

ထို့အပြင် ၁၃ ရက် ၃ လပိုင်း ၁၉၉၄၊ တနင်္ဂနွေနေ့ နေ့လည် ၂ နာရီခန့်တွင် နအဖ စစ်ကားတန်း အစီး ၁၀၀ ကျော် ဖာပွန်မြို့မှ ဆင်းလာရာ၌ ကျောက်ဖြာရွာထိပ်တွင်ပင် စစ်ကားတစီး မိုင်းခွဲခံခဲ့ရ၏။ မိုင်းခွဲခံရသည့် စစ်ကားနံပါတ်မှာ န - ၇၈၃၄၊ တီအီး ၁၁ အမျိုးအစား ဖြစ်ပါသည်။ ကားမောင်းသူ စစ်သား ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။ (ထိုစဉ်အချိန်က ကျနော်သည် ကျောက်ဖြာရွာအတွင်း ကားလမ်းနှင့် ကိုက် ၁၀၀ ခန့်အကွာ အိမ်တလုံးပေါ်မှတဆင့် စစ်ကားများကို မျက်မြင်ကိုယ်တွေ့ မှတ်တမ်းတင်နေသော အချိန်ဖြစ်ပါသည်။)

ကားမိုင်းအခွဲခံရပြီး နောက်တနေ့တွင် ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် တပ်မ ၉၉ လက်အောက်ခံ ခလရ ၃၀၂၊ တပ်ခွဲ ၃၊ တပ်ခွဲမှူး ဗိုလ်အေးကို၏ လက်မှတ်နှင့် ကျောက်ဖြာရွာ၊ ကွေလေရွာ၊ ကျုံထော်ရွာ တို့အား သုံးရက်အတွက် စုစုပေါင်း ကားဘိုးငွေ တသိန်း ပေးရမည်ဟူသောစာကို ကျောက်ဖြာရွာသူကြီး ဦးကျောက်လုံးထံ ပို့လာခဲ့၏။

ဤနေရာတွင် စာလေးမည်၊ စာရှည်မည်ဖြစ်သော်လည်း အရေးကြီးသည်ဟု ယူဆပါသဖြင့် အနည်းငယ် ထပ်မံ ရှင်းလင်းဖို့ ရှိပါသေးသည်။

ယခုကဲ့သို့ ကားမိုင်းအခွဲခံရသည့်အခါ ဒေသခံလူများနှင့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ကျောက်ဖြာရွာ ကားမိုင်းအခွဲခံရသည့်ကိစ္စမှာ တော်လှန်ရေးဘက်မှ ထောင်သည့် မိုင်း မဟုတ်ဘဲ ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် နအဖ စစ်တပ်ကိုယ်တိုင်က ပြန်ပြီး ထောင်ထားသည့် ကားမိုင်း ဖြစ်သည်ဟု ကျနော့်အားရှင်းပြခဲ့ကြပါသည်။

ရှင်းပါမည်။ ကားလမ်းလုံခြုံရေးအတွက် စီမံရာ၌ အကယ်၍ ကားမိုင်းအခွဲခံရပါက နီးစပ်ရာရွာများကို ကားဖိုးအလျော်တောင်းခြင်း၊ မိုင်းကွဲသည့်နေရာတွင် မိုင်းကွဲသည်နှင့်တပြိုင်နက် လူ၊ တိရိစ္ဆာန် မခွဲခြားဘဲ မဲမဲမြင်ရာ သေနတ်နှင့် ပစ်ခတ်အရေးယူခြင်း၊ အိမ်များ မီးတင်အရှို့ခံရခြင်း၊ မသင်္ကာသူကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ကရင့်တော်လှန်ရေးအဖွဲ့များအနေနှင့် ကားမိုင်းထောင်ခြင်းအလုပ်ကို လျှော့ချခဲ့သည့်အပြင် ရွာနှင့်ဝေးသည့်နေရာများတွင်သာ မိုင်းထောင်ဖို့ရာ ဆုံးဖြတ်ခဲ့ကြပါသည်။

အထူးသဖြင့် ရွာသားများက စစ်ကားတန်း ရှေ့ကကြိုပြီး လမ်းလုံးပြည့် တံမြက်စီးလှည်းခြင်း၊ ရွာသားအပြည့် တင်ဆောင်ထားသည့် လှည်းများ အခေါက်ခေါက်အခါခါ မောင်းစေခြင်းများကို အတင်းအဓမ္မ ခိုင်းစေခံရသည့်အတွက် ရွာသားများ ထိခိုက်နစ်နာမှု မရှိရအောင် မိုင်းထောင်သည့်အလုပ်ကို ခေတ္တ ရပ်ဆိုင်းထားသည့်အချိန်ဖြစ်ပါသည်။

ထို့ကြောင့် ကျောက်ဖြာရွာထိပ်တွင် ကွဲသည့်မိုင်းမှာ တော်လှန်ရေးဘက်က ထောင်သည့် မိုင်းမဟုတ်ပါဟု ကျနော့်ကို ရှင်းပြကြ၏။

ထို့ပြင် ဒေသခံ နအဖ စစ်တပ်ကိုယ်တိုင်က အဘယ့်ကြောင့် မိုင်းထောင်ရသနည်းဆိုသော်  ထိုကားမိုင်းခွဲသည့်အချိန်မှာ ယင်းဒေသခံတပ်ရင်းသည် ရှေ့တန်းမှ ပြန်လည် ရုပ်သိမ်းအနားယူရတော့မည့် ၆ လပြည့်ခါနီးရက်ဖြစ်ပြီး ကားမိုင်းခွဲကာ ကားဖိုးအလျော်တောင်းခြင်းအားဖြင့် ဝင်ငွေရှာ သွားခြင်းသာဖြစ်သည်ဟု ထောက်ပြကြပါသည်။ (ကားမိုင်းပေါက်ပြီး နောက်ထပ် ၁၅ ရက်ရှိသောအခါ ကားလမ်းလုံခြုံရေးကင်းများ ရုတ်သိမ်းသွားခြင်းနှင့် ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် နအဖ တပ်ရင်းသည်လည်း သည်တနှစ် နွေရာသီအတွက် တာဝန်ပြီးဆုံးသဖြင့် ကျေးရွာသုံးရွာမှ ငွေတသိန်းကို လက်ခံရယူပြီးနောက် ပြန်လည် ရုတ်သိမ်းသွားခဲ့ပါသည်။)

ကားမိုင်းကွဲသည့်နေရာမှာ ရွာထိပ်တွင်ပင်ဖြစ်သော်လည်း ရွာတွင်တပ်စွဲထားသည့် စစ်သားများက ယခင့်ယခင် အဖြစ်အပျက်များလို မဲမဲမြင်ရာ ပစ်ခတ်ခြင်း၊ ရွာသားများကို ဖမ်းဆီးစစ်ဆေးနှိပ်စက်ခြင်း အလျဉ်းမလုပ်ဘဲ နေခဲ့သည့်ကိစ္စမှာလည်း စဉ်းစားဖွယ်ရာကိစ္စ ဖြစ်ခဲ့ပါသည်။

အထက်ဖော်ပြပါ ကျနော် ရရှိခဲ့သည့် သတင်းအချက်အလက်များကို ထောက်ရှုလျင် သောင်းဝေဦး၏ ရေးသားချက်နှင့် ကျနော် သိရှိထားသည့်အချက်များမှာ များစွာကွဲပြားနေသည်ကို တွေ့ရမည် ဖြစ်သည်။

(၄)

ယခုအခါ စာဖတ်သူများကို သောင်းဝေဦး ရေးသားခဲ့သည့် “စစ်သားဘဝ အမှတ်တရများ” စာအုပ်အပေါ် ကျနော်၏ ရှုမြင်သုံးသပ်မှုကို အစီရင်ခံခဲ့ပြီးဖြစ်ပါသည်။

ဤ စာအုပ်ကို ဖတ်စဉ်က ကျနော်၏ မူလ အခြေခံရည်ရွယ်ချက်မှာ ကျနော်တို့တိုင်းပြည် ရာစုနှစ် တဝက်ခန့် ရင်ဆိုင်ဖြတ်သန်းနေရသည့် ပြည်တွင်းစစ် လုံးဝ ရပ်စဲရေး၊ ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး သမိုင်းပေး ပြဿနာကြီးများအပေါ် နအဖ စစ်တပ် ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူတဦးက ဘယ်လိုမြင်၊ ဘယ်လိုခံစားပြီး ဘယ်လို ဖြေရှင်း ဆောင်ရွက်ခဲ့သနည်းဆိုသည့် အချက်ကို သိကောင်း သိနိုင်ဖွယ်ရာရှိသည်ဟူသော အခြေခံ မျှော်လင့်ချက်ဖြင့် သည်စာအုပ်ကို တလေးတစား ဖတ်ရှုခဲ့ခြင်းဖြစ်ပါသည်။

သို့သော်လည်း ကျနော် မျှော်မှန်းထားသည်များ ဖြစ်မလာခဲ့ပါ။ မိမ်ဘက်မှ တဘက်သတ်ကြိုက်နေသည့် မိန်းမတယောက်က မိမိအား တဖက်သတ်ချိုးနှိမ်သည်ကို မခံချင်သဖြင့် တုန့်ပြန်ချေပရမည်ဟူသော ရည်ရွယ်ချက်တခုတည်းနှင့်သာ တပ်မတော်အတွင်း ဝင်ရောက်ခဲ့ပြီး မိမိတာဝန်ကျရာနယ်မြေအတွင်း စစ်ရေးတာဝန်များထမ်းဆောင်စဉ် ဒေသခံ မိဘပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ ထိန်ချန်ရေးသားခဲ့သူ သောင်းဝေဦးထံမှ သို့မဟုတ် စစ်သားဘဝ အမှတ်တရများစာအုပ်မှ ကျနော် မျှော်လင့်သည့် အချက်များကို တစုံတရာ အရိပ်အယောင်မျှပင်  မရရှိနိုင်ခဲ့ပါဟူ၍သာ ပြောလို့ရမည် ထင်ပါသည်။

လက်ရှိကာလမှာ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ တမျိုးသားလုံး ရင်ဆိုင်ဖြေရှင်းနေရသည့် နိုင်ငံရေးအကျပ်အတည်းကြီးအတွင်း မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍသည် အင်မတန်အရေးကြီးသည့် အနေအထားတွင် ရှိနေသည်ကို လူတိုင်းလက်ခံကြရမည့် ကိစ္စဖြစ်ပါသည်။ မြန်မာ့တပ်မတော် မပါဝင်ဘဲ တနည်းအားဖြင့်ပြောရလျင် တပ်မတော်ကို ချန်လှပ်ထားခြင်းအားဖြင့် သည်ပြဿနာကြီးကို ဖြေရှင်းလို့ ရနိုင်မည်လည်းမဟုတ်ပါ။ 

ထို့ကြောင့် သောင်းဝေဦး၏ “စစ်သားဘဝ အမှတ်တရများ” စာအုပ်ထဲမှတဆင့် လက်ရှိ သမိုင်းပေးတာဝန်များနှင့် ပတ်သက်ပြီး တပ်မတော် ထိပ်တန်း ခေါင်းဆောင်များ၏ တိုင်းပြည်အပေါ်ထားသည့် စိတ်နေစိတ်ထား၊ အတွေးအခေါ်အယူအဆများကို တွေ့ရကောင်း တွေ့ရနိုင်သည်ဟု ကျနော် မျှော်လင့်ထားခဲ့မိ၏။

သို့ပါသော်လည်း မိန်းမတယောက်အပေါ် ကလဲ့စားချေရန် ရည်ရွယ်ချက်တခုတည်းနှင့်သာ စစ်ထဲဝင်ခဲ့သူ၊ မိမိ တာဝန်ကျရာဒေသအတွင်း ဒေသခံပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထိန်ချန်ရေးသားခဲ့သူ သောင်းဝေဦး (ဗိုလ်မှူးကြီးဟောင်း သောင်းဝေ) ထံမှ သို့မဟုတ် စစ်သားဘဝ အမှတ်တရများ စာအုပ်မှ ကျနော် မျှော်လင့်ခဲ့သည့်  အချက်များ မရနိုင်သည့်အတွက် ကျနော့်မှာ သက်ပြင်းသာ ချလိုက်မိပါတော့သည်။

ကိုးကား။    ။ အတ္ထုပ္ပတ္တိစာပေ (အတ္ထုပ္ပတ္တိစာပေ နှီးနှောဖလှယ်ပွဲတွင် တင်သွင်းခဲ့သော စာတန်းများ၊ ဆွေးနွေးချက်များနှင့် အစီရင်ခံစာ)
Comments (28)Add Comment
0
စစ်သားတိုင်းမဆိုးပ
written by ပြည်သူ, September 20, 2011
မြန်မာ တနိုင်ငံလုံးက စစ်တပ်ကိုမုန်းတာ မဟုတ်ပါဘူး။ စစ်တပ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အုပ်ချုပ်သူတွေကိုပဲ မုန်းတာပါ။ စစ်သားတွေ ဆိုတာကလည်း ပြည်သူတွေက မွေးထားတဲ့ သူတွေပါဘဲ။ စိတ်ဓါတ် မကောင်းတဲ့၊ ယုတ်မာတဲ့ စိတ်ရှိတဲ့ ယောကျာ်း ဆိုတာကတော့ ဘယ်အဖွဲ့ အစည်းမှာမဆို ရှိနိုင်ပါတယ်။ စစ်သားမို့လို့ ဒီလို လုပ်တယ် ဆိုတာ လုံးဝ လက် မခံပါဘူး။
0
just feeling
written by kophyo, August 04, 2011
စစ်သားတိုင်း မကောင်းတဲ့ လူလို့ မထင်ပါဘူး စာရေးသူက နည်းနည်းများ လိုရာ ဆွဲရေးနေ သလိုပါပဲ။
0
...
written by shwebo minthargyi, July 16, 2011
အခြားသူတွေမျက်စိစုံ မှိတ်ရေးတာ ထက်စာ ရင်နော င်ကြီးရေး တာ က ပျော င်းညင်သာ ပါတယ်။ ကျွန်တော်မှာ စစ်မျိုး စစ်နွယ် မရှိပါဘူး။
မည်သို.ပင် ဆိုစေကာ မူ နိုင်ငံတနို င်ငံအတွက် တပ်မတော်တခုတည်းရှိသင့်တာ ကိုလက်ခံပါတယ်။
စုန်းပြူးေ တွကတော့ KIAနေနေKNUနေနေမြန်မာ့ တပ်မတော်ထဲနေနေ ရှိကြတာ ပါပဲ။
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘော င်ခေတ်အ ဆင့် ဆင့်မြေပုံတြွေ ကည့်ဘူးလားတော့ မသိဘူး။
တဖြ ည်းဖြည်းကျဉ်းလာ သလိုဘဲ။
0
...
written by maha, July 09, 2011
စစ်သားတွေ တင်လာတဲ. စစ်ကားကို
စစ်တပ်က ပြန် ဗုံးခွဲသတဲ.လား
ဝါးဟားဟား
စစ်ကားတိုင်းမှာ ဗိုလ် တစ်ယောက်စီ ပါတာ
မမြင်ဘူး ဘူးလား
နောက်ပြီး ကားမိုင်း တလုံးရဲ. ပြင်းအား
ဘယ်လောက် ရှိလဲ သိရဲ.လား
TE11 အင်ဂျင်တောင် ဓါတ်တိုင်၁တိုင်
လောက် လွင်.သွားမယ်
လူ ဆိုရင်တော. ပြောမနေနဲ.
ခင်ဗျာြးေ ပာတဲ.ဗုံးက ရေဗုံြး ဖစ်မယ်
လူအသေ ခံပြီး မိုင်းခွဲမလား
တွေးတွေြး ပီးရေးပါ
မျက်မြင် မရှိပဲ ကြားဖူး နားဝတွေ
မရေးပါနဲ.

0
---
written by linhtain, June 23, 2011
ဆောင်းပါးရှင်ကလဲ တကယ် မီဒီယာ အစစ်ရော ဟုတ်ရယ်လား။ အပြစ်ရှာတဲ့ လူလား .. အမှန်မြတ်နိုးတဲ့ သူလား။ မိမိအကျင့်သိက္ခာ ဘယ်လောက်ပြည်စုံလဲ။ သိချင်ပါတယ်.။
0
...
written by NHN, June 21, 2011
(1000 usd in 1994 ), it is wrong.
In 1992, SE' Saloon price is 250'000.
In 1996, around 12'000 Kyats for 1 tical of gold.
Before 1999, 1US$ = below 600 Kyats.
I memorized those data.
0
မြန်မာစစ်သားပြောသေ စကား
written by Aung Min, June 21, 2011
မြန်မာပြည်က စစ်သားတိုင်း အမှန် မသိတာထက်။ သိရက်နဲ့အမှန်ပြောရဲတဲ့လူ မရှိသ လောက်ပါဘဲ။ အမှန်တိုင်း ရေးရဲဖို့ ဆိုတာ
တွေးေ တာင်တွေးရဲကြမှာ မဟုတ်ဘူး။ ဒီဘက်ကမ်းကို တပ်ထဲမှာ အခြေအနေ မကောင်းလို့ပြေးလာတဲ့ စစ်သားတွေလည်း တကွက် ကွက်တော့
ချန်ထားကြတာဘဲ။ အကျင့် ပါနေလို့ထင်တယ်။
အကြောင်းသိသူ
0
why not possible?
written by myo, June 20, 2011
why not possible to make land mine for same group person.
Technically:
Technical person easily can confirm who made that mine as per used materials and technique.
Logically:
- no one want to kill his colleague for few money (also not sure to get this money )
- making own mine is very high risk/secret job, if some one know about that surely can get death penalty.
- the officers may have to report explaination letter for any incidents and that can affect to his promotion.
as per above facts, making own land mine for money is not possible.
0
...
written by Burmese, June 20, 2011
own lorry means bought by personal's account but this military lorry bought by country's fund. I'm trying to explain to those idiots who can't understand the difference between personal asset and public asset.
Myo, speciaonne and socretes
0
The true comment.
written by U Aung, June 19, 2011
I believe Mg Thit Oo comment .Many unfair reasons happened in our country. I have already felt many
unfair problems .The whole Burmese people were tortured by the military government.I recommend
Mg Thit Oo.
0
ဒီလိုပါပဲ
written by မြန်မာပြည်သား, June 19, 2011
ကျနော်လဲ အဲဒီစာအုပ် တအာြး ကိုက်ပဲ။ ဒါပေမယ့် စစ်တပ်ဖက်က အသေ အပျောက် အထိ အခိုက်ကိုလဲ နဲနဲလေးပဲ ရေးထားတယ်ဗျ။ မိုင်းခွဲတဲ့ ကိစ္စလဲ၊ ကားက အစိုးရ ကား ဆိုတော့ ပျက်စီး ဆုံးရှုံးစာရင်းထဲ ထည့်လိုက် ရုံပေါ့လေ။ လျော်ကြေးေ တာင်းလိုက်တဲ့ ပိုက်ပိုက်ကတော့ အဲဒီတပ်က လူတွေ ဝေစားမျှစားပေါ့။ ဖြစ်နိုင်ချေ အများကြီး ရှိပါတယ်။ ဒီလိုပဲလေ၊ အစိုးရ ဝန်ထမ်းတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အကြံအဖန် ထုနေကြရတာ ချည်းပါပဲ။ smilies/cheesy.gif စနစ်ဆိုြးေ ကာင့်ဖြစ်နေ ကြရတာ။ smilies/sad.gif
0
Good Novel and good essay.
written by Alex, June 19, 2011
Col; Thaung Wai Oo' novel reflects most of the character of myanmar's army.But I think that he cannot address some actual events because of strict rule in junta.By the way I cheer him for his open mind.
And also Mr Thit Oo can clear the some actual facts that were his own experience.Good Job.
0
I know already
written by tin win, June 18, 2011
Now I know already about washington after reading all washington's comments.
Next time I never write my view. I will write the comment as like washington's view only.
Because washington is opposite side of army only.
0
to NO BRAIN TIN WIN
written by Washington, June 17, 2011
hey Tin Win,you think Myanmar people also believe your comment?
0
to Socretes
written by Washington, June 17, 2011
hey guy (Socretes) are you army staff?don't come and waste time here Man!follow your father General and make $.you post army backed comments here for propaganda is useless.so pitiful for you
0
No brain Maung Thit Oo
written by tin win, June 16, 2011
Hey man Mg Thit Oo,

You are no brain. Because you never consider and you believe only as like talking of other people.
0
ဆိုကရေးတီး
written by စစ်ခွေး, June 16, 2011
ကွန်မင့်ရှင် ဆိုကရေးတီးရေ... စစ်တပ်ကို မုန်းတာကတော့ တတိုင်းပြည်လုံးက မုန်းနေတာပါပဲ။ KNU က ဘယ်လောက်ဖျက်ဆီးတယ် ပြောပြော ဒီကနေ့အထိ အနှစ်ငါးဆယ်ကျော် စစ်တပ်ကို ခံချနေနိုင်တာကတော့ ရှင်းပါတယ် သူ့လူမျိုးတွေ အကုန်လုံးက အားပေးနေလို့ပဲ။ ဒါမှမဟုတ် အင်အားလေးသိန်းရှိတဲ့ စစ်တပ်ကြီးက အင်အား လေးထောင်လောက် ရှိတဲ့ လက်နက်ကိုင် အဖွဲ့ကို မတိုက်နိုင်ရလောက်အောင် အဖက်ဖက်က ညံ့နေတာလည်း ဖြစ်နိုင်တာပဲ။ စစ်တပ်ကလည်း ငွေလေး တသိန်းလောက်အတွက် ကိုယ့်ကားကို ပြန်ပြီး မိုင်းထောင်ရလောက်အောင် အောက်တန်းကျလို့ ဆောင်းပါးရှင်က တခုတ်တရ ထည့်ရေးနေရတာပေါ့။ ကားပျက်ဆီးတာ သူတို့အတွက် အရေးမှ မကြီးတာ။ စစ်ကားက ပြည်သူ့အခွန်ငွေတွေနဲ့ ၀ယ်ထားတာကိုး။ အဲဒီစစ်ဗိုလ်တွေ ၀ယ်ထားတဲ့ ကားကို စစ်တပ်ထဲမှာ ပြန်သုံးရင်တော့ ဒီလိုအဖြစ်အပျက်မျိုး ရှိချင်မှ ရှိမှာပေါ့။ အဲဒီတော့ ဆောင်းပါးရှင်ကို ပုတ်ခတ်မနေပါနဲ့ကွာ... သူ့လောက် အကြောင်းအရာ တစ်ခုကို အသေးစိတ် လေ့လာတတ်အောင်သာ ကြိုးစားစမ်းပါ။ ဒါမှ အခုလို စစ်တပ်ကို ဖားနိုင်မှ ထမင်းစားရတဲ့ ဘ၀က လွတ်ပြီး ကြီးပွားနိုင်မှာပါ။
0
...
written by Socretes, June 15, 2011

ဆောင်းပါးရှင်က စာအုပ်ဝေဖ န်ရေးထက် စစ်တပ်မုန်းတီးရေးကို ပို လုပ်ချင်တဲ့ အာဘော်ပဲ။ စစ်တပ်မကောင်းကြောင်း ပြောချင်ရင် KNU ဖျက်ဆီးပုံကိုပါ ထဲ့ပြောရမှာပေါ့။
ခုတော့ KNU ကပဲ သူတော်ကောင်းမို့  ရွာတွေနား မိုင်းမထောင်ဘူး ဆိုတဲ့ ပုံရေးထားသေးတယ်။ စစ်တပ် တစ်ခုတည်းကပဲ ဘီလူး သဘက် လိုလို။
ဘယ်သူက ငွေလေး တစ်သိ န်းနဲ့ ကိုယ့်တပ်သားတွေရဲ့ ကားကို မိုင်းထောင်ပါ့ မတုန်း။
0
Dr Mg Mg Gyi
written by Washington, June 14, 2011
Mind your business.Myanmar literature censor board is puppet by army.You don't need to come and warn this author here.if you stay want to keep on your title DOCTOR mind your comments.
Washington
0
...
written by ဧည့်သည်, June 12, 2011
ခင်ဗျာြးေ ပာသမျှကိုလည်း အလုံးစုံ အမှန်တွေပါ လို့ လူတိုင်း မယုံတာတော့ သတိထားပါ...
0
Sarpay Sisityay
written by Dr. Maung Maung Gyi, June 12, 2011
Dear Maung Thit Oo,

1. Please don't forget the fact that those authors are former army officers. Your view and their view may be 180 degrees diferent.

2. Even if they were honest and wanted to write the correct facts as you pointed out, their manuscripts would have not passed through censor board called 'Sarpay Sisityay' and the books could never come into being!

3. There were some of our former classmates at the Rangoon University who joined Burmse military in the late 50's and early 60's because either they were refused by the girls they liked (Gaw Ma Soon Loe) or they were kicked out by their girl friends (Yee Sar Ka Kan Htoke Lite Loe). Some joined army because they failed 2 times at the examination at the university and had to leave the university (2 F Hti Pyee Kyaung Htoke Khan Ya Loe). Later, in the late 70's and early 80's they became colonels already and claimed that they were patriots and therefore joined army. They waned to hide their real stories and boasted that they loved Burma more than any other people.

Hence, this Thaung Wai Oo is at least honest in this case!!

4. Because of the above-mentioned kind of people two proverbs evolved: (i) When rice becomes rare, one has to eat beans; in the same way, the Dumm People go to join the military (Hsan Ma Shi Maat Pai Kyaik, Nyan Ma Shi Tat Htai Laik) and (ii) If the price of rice became expensive, Bens can be sold easily (Hsan Ma Shi Maat Pai Soon, Nyan Ma Shi Tat Htai Choon)!
0
အလားတူအျဖစ္အပ်က္ကေ း
written by u PN wara, June 12, 2011
စာရေးသူ အိန္ဒိယမှာ နေထိုင်ခဲ့စဉ် ညောင်လေးပင် နယ်မှ ဘုန်းကြီး၂ပါး ဘုရားဖူးလာရင်း မိမိထံရောက်လာပါတယ်။
သူတို့ ဒေသမှာ စစ်တပ်ရဲ့ အနိုင်ကျင့်ပုံတွေပြောပြပါတယ်။ စစ်တပ်က ပေါ်တာလိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ- ငွေလိုတဲ့အခါ ပေါ်တာ ဘယ်နှစ်ယောက် စားပွဲပေါ်လာပို့ ပါလို့  သက်ဆိုင်ရာ ရပ်ရွာ လူကြီးထံ စစ်တပ်က စာပို့ လိုက်သတဲ့။ သူတို့ ပြောတဲ့ ပေါ်တာ ဘယ်နှစ်ယောက်စားပွဲပေါ်လာပို့ ပါဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်သဖြင့်မေးမြန်းတော့ ပေါ်တာတယောက်ငှါးလျှင် ပေးရသည့်တန်းဘိုးကို တွက်ချက်ပြီး တပ်ရင်းကို သွားရောက်ပေးနှံရတဲ့ အကြောင်း ရှင်းပြပါတယ်။ အထက်ကို မတိုင်ဘူးလားမေးတော့ တိုင်ပါတယ်တဲ့- ဗိုလ်ခင်ညွန့် ထံတိုင်ပါတယ်တဲ့- အထက်ကနေ နယ်မြေခံကို ဖြေရှင်းပေးဘို့ တာဝန်ပေးတော့ နယ်မြေခံအရာရှိက တိုင်တန်းသူကို ဖိနှိပ်ပါတယ်တဲ့။ နောက်ဆက်ပြောတာက - အလွန်ရင်နီးတဲ့ စစ်ဗိုလ်တယောက်က သတိပေးသတဲ့။ စစ်သားတွေနဲ့ အတတ်နိုင်ဆုံး ခိုက်ရန်မဖြစ်ပွားအောင် ရှောင်ကျဉ်ဘို့ ။ တကယ်လို့ ဖြစ်ပွားခဲ့မယ်ဆိုရင် ကိုယ်ဘဲခံရမည်တဲ့။ ဘာဖြစ်လို့ လဲဆိုတော့ များသောအားဖြင့် စစ်သားတွေ အိပ်ကပ်ထဲမှာ အသင့်ရေးထားတဲ့ စာရွက်တရွက်ပါသတဲ့- အဲဒီစာရွက်မှာ ရေးထားတာက- ဟိုနေ့ က ပေးလိုက်တဲ့ပစ္စည်းရလား-
လုံခြုံရေးဂရုစိုက်ပါ- သင့်ရဲ့  ဘယ်သူ ဘယ်ဝါ ဆိုတဲ့စာရွက်ကလေးတဲ့- ကေအင်ယူ နဲ့ အဆက်အသွယ်ရှိသလိုလို ဘာလိုလိုစာရွက်တဲ့- ရန်ဖြစ်လို့ လူတွေ ၀ိုင်းအုံလာမယ်ဆို ဒီလူကို မသင်္ကာလို့ စစ်ဆေးတော့ ဒီစာရွက်တွေ့ တယ်ဆိုပြီး သူတို့ အိပ်ကပ်ထဲက အသင့်ယူလာတဲ့ စာကိုထုတ်ပြီး အရပ်သားကို တရာခံလုပ်ပါသတဲ့- အဲဒါကြောင့် စစ်သားနဲ့ ရန်မဖြစ်ဘဲ ရှောင်လေဝေးဝေးပါတဲ့--
0
...
written by ဘစ်ကက်, June 12, 2011
ဦးသောင်းဝေဦးရေးတဲ့ စာအုပ်အမှတ် ၁ နဲ့ ၂ ကို စကားဝါမြေမှာ တင်ထားလို့ ဖတ်ရပါတယ်။ သူရေးတဲ့ အချက်အလက်ပိုင်းတွေမှာ ဦးသစ်ဦးပြောသလို ထိန်ချန်ကွယ်ဝှက်ရေးမယ်ဆိုတာ သံသယမရှိပါဘူး။ အရေးအသားကတော့ အတော်ကောင်းပါတယ်။ စစ်သားရေးတဲ့ စာအုပ်တွေထဲမှာ မှတ်သားစရာ၊ လေ့လာစရာများ ပါတယ်လို့ထင်ပါတယ် (ဥပမာ - သူတို့စစ်ဗိုလ်များရဲ့အတွေးအခေါ်၊ ဆက်ဆံရေး စတာတွေကို အတွင်းရှုထောင့်တခုကနေ မှုန်မှုန်ဝါးဝါးမြင်ရတယ်)။ စားချင်ရင်တော့ ဆန်ထဲရောပါတဲ့ ကြွက်ချေးကတော့ ဖယ်ထုတ်ရမှာပဲ...။ အမှန်တရားသိဖို့ဖတ်တာထက် သုတနဲ့ရသကို ချင့်ချိန်ဖတ်သွားနိုင်ရင် ထင်သလောက် အကျိုးမမဲ့လို့ ယူဆပါသည်။ ဝေဖန်သူ ဦးသစ်ဦး၏ စွန့်စားဆောင်ရွက် သတင်းလိုက်ယူမှုများအပေါ်လည်း ချီးကျူးဂုဏ်ပြုပါ၏။
0
thaung wai oo
written by nanda, June 12, 2011
first of all, he is not top official in the army.
he is just noone.

second, he and his two daughters lied to alot of people in burma and made money by promising to send people abroad and get job. they were sued, but not punished due to his xxxx ability to the officials.

thanks god, those nasty people live long against people's wish.

nanda
0
ကျနော်က..
written by Khaisoe, June 12, 2011
ကျနော်ကတော့ ဖတ်တာ ၄-၅ခါရှိပြီးဗျ အတော်ကောင်းတ့ဲစာအုပ်ပါ..။ စစ်ထဲ ဘယ်လိုဝင်တယ်ဆိုတာ ပြောနေတာထက် စစ်ဘယ်လို တိုက်ကြတယ်ဆိုတာ ပိုစိတ်ဝင်းစားတယ်ဗျ..အတွဲ ၁ကနေ၅ ထိ ပြီးတော့ ကျွှန်တော် လက်လှမ်းမှီရာ သောင်းဝေဦး စာအုပ်တွေ အကုန်ဖတ်ဖြစ်တယ်ဗျ..
0
တော်လိုက်တာ
written by speciaonne, June 12, 2011
ဟုတ်ကဲ့ ခုလို စာအရှည်ကြီး ရေးရှင်းပြတာ အရမ်းကျေးဇူးတင်ပါတည် ... ဆရာသောင်းဝေဦး လွဲမှားချက်ကို ထောက်ပြပြောဆိုတည်ကိုလဲ လက်ခံပါတည် သို့သော် ကိုယ့်ကားကိုယ် ဗုံးခွဲပီး စီးပွားရှာတည်ဟု ပြောဆိုသောရွာသူကြီးက ဘယ်လိုဖြစ်လို့ တပ်အပ်ပြောနိုင်တာပါလဲ စာရေးသူကရော ယုံကြည်ပါသလား ပြန်ပီးကော သုံးသပ်ဖို့ စိတ်ကူးမရှိဘူးလားခင်ဗျ
0
ကောင်းပါသည်
written by မောင်မောင်, June 11, 2011
ဆောင်းပါးရှင်ကို ကျေးဇူးတင်ပါသည်။ လေးကေရွာမှာ သူတို့တပ်စခန်းနားက အိမ်တွေကို အတင်းရွှေ့ခိုင်းတာတွေကိုလဲ ပေါ်တင်ရေးသွားတာပါပဲ။ လုံခြုံရေးကို အကြောင်းပြလိုက်ရင် ဘာလုပ်လုပ် တရားတယ်ထင်နေလားမသိပါဘူး
0
possible?
written by myo, June 11, 2011
for 100000ks (1000 usd in 1994 ), is it possible to trap land mine for own lorry and own soldiers.
not possible, i think.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်