မြန်မာနိုင်ငံ၏ အဖြစ်အပျက်များ အားလုံးနီးပါးသည် စိတ်ကူးယဉ်သည်ထက်ပင် ပို၍ ဆန်းကြယ်လှပေသည်။
![]() |
| စာအုပ်အမည် - Everything is Broken: A Tale of Catastrophe in Burma စာရေးသူ - Emma Larkin စာအုပ်တိုက် - Penguin Press ထုတ်ဝေသည့် ခုနှစ် - ၂၀၁၀ |
သို့သော် ၂၀၀၈ ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်းတိုက်ခတ်အပြီး မြန်မာစစ်အစိုးရ၏ ဖြစ်ကတတ်ဆန်း၊ ရက်ရက်စက်စက် အစောပိုင်းတုံ့ပြန် ဆောင်ရွက်ချက်များက ဂျော့ခ်ျအိုဝယ်၏ စိတ်ကူးတွင်ပင် မရှိနိုင်သော အရာများဖြစ်နေသည်။ မုန်တိုင်းသင့် ကျေးရွာသားများက အသက်ရှင်ဖို့ ရုန်းကန်နေရချိန်တွင် စစ်တပ်က နိုင်ငံခြား အထောက်အပံ့များကို ပိတ်ပင်တားမြစ်ခဲ့သည့်အပြင် အခြေခံ ဥပဒေ ဆန္ဒခံယူပွဲကိုပင် ကျင်းပခဲ့သေးသည်။
သူ၏ စာအုပ်အသစ်ဖြစ်သော “အရာအားလုံး ကျိုးပြတ်ကြေမွသွားခြင်း - မြန်မာ့ သဘာဝဘေးအန္တရာယ် ပုံပြင် (Everything is Broken: A Tale of Catastrophe in Burma)” တွင် မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရသည့် အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ကြီး အကြောင်းကို ပြန်ပြောင်းပြောပြထားသည်။ ထိုစာအုပ်အတွက် လာကင်သည် တွေ့ဆုံဆွေးနွေးမှုများ နှင့် ကွင်းဆင်း သုတေသနပြုချက်များကို အဓိက အားပြုထားသည်။
မုန်တိုင်းတိုက်အပြီး ရက်သတ္တပတ်များစွာ ကြာသည်အထိ ရန်ကုန်မြို့လယ်ခေါင် လက်ဖက်ရည်ဆိုင်များမှသည် နိုင်ငံတကာ အကူအညီ ပေးရေး အသိုင်းအ၀န်းများအကြားရှိ လုပ်ငန်းတူ အစုအဖွဲ့ အစည်းအဝေးပွဲများအထိ ဖြစ်ပေါ်နေသော တုန်လှုပ် ခြောက်ခြားမှုများ၊ စိတ်ရှုပ်ထွေးမှုများဖြင့် စာအုပ်ကို အစပြုထားသည်။ မကြာခဏဆိုသလိုပင် NGO ၀န်ထမ်းများသည် အခြေ အနေ တခုလုံးအပေါ် မည်သို့ လိုက်လံလုပ်ဆောင်ရမည်ကို လုံးဝမသိတော့သည့် အနေအထား ဖြစ်ခဲ့သည်။
အစည်းအဝေးတခုတွင် သဘာဝ စိုက်ပျိုးရေး ပညာရှင်များက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ လယ်သမားများ ဒုတိယ သီးနှံမစိုက်ပျိုးခင် ၎င်းတို့ မည်မျှ အချိန်ရမည့်ကိစ္စကို ဆွေးနွေးငြင်းခုံခဲ့ကြသည်။ မည်သူကမှ လယ်စိုက်ပျိုးသူ တောင်သူကြီးများကို ထိုအကြောင်းနှင့်ပတ်သက်၍ မေးမြန်းရန် စိတ်မ၀င်စားခဲ့ဟု လာကင်က အားမနာတမ်း ဝေဖန်ထားသည်။
လာကင်တွင် အနုစိတ်ကြည့်တတ်သော အံ့သြဖွယ်မျက်စိတစုံနှင့် မြင်သမျှကို ပြန်လည်ပုံဖော်ပြနိုင်သော ပါရမီ ရှိသည်။ ရုပ်ပုံကားချပ်တခုသည် စကားလုံးတထောင်မျှ တန်ဖိုးရှိနိုင်သည်။ သို့သော် မြန်မာနိုင်ငံနာဂစ်အလွန် ထောင့်စုံပါသည့် ရုပ်ပုံ ကားချပ်တခု ဖန်တီးရာတွင် လာကင်၏ စကားလုံးများက လက်ရာမြောက်လွန်းလှသည်။ မြန်မာလူမျိုးစီးပွားရေး လုပ်ငန်းရှင် တဦးက မြစ်ဝကျွန်းပေါ်ဒေသမှ သူ၏ဓာတ်ပုံများကို လာကင်အား ပြသသောအခါ လာကင်က စာဖတ်သူများကိုယ်တိုင် ထိုဓာတ်ပုံကို လာရောက်ကြည့်ရှုခွင့် ပြုထားလိုက်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အတွင်း ပုပ်ပွနေသော အလောင်းများနှင့် ကျိုးပြတ်နေသော သစ်ပင်များကို သူပုံဖော်ထားချက်က သဘာဝဘေးအန္တရာယ်၏ ကြောက်မက်ဖွယ် အတိုင်းအဆကို သိစေနိုင်သည်။
စစ်အစိုးရ နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းမှသည် ရွှေဝါရောင်တော်လှန်ရေးအထိ လတ်တလော မြန်မာ့သမိုင်းကို စာအုပ်၏ ဒုတိယအပိုင်းတွင် အကျဉ်းချုပ်ဖော်ပြထားသည်။ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူများအတွက် ထိုအခန်းကို ယေဘုယျသဘောမျှသာ ဖတ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။
လာကင်၏ ပါရမီ အစစ်အမှန်သည် စိတ်ထိခိုက်ဖွယ် ပြောပြချက်များကို ရှာဖွေခြင်း၊ ပြန်ပြောင်းပြောပြခြင်းများပင်ဖြစ်သည်။ တရားဝင် လူအသေအပျောက် စာရင်းမှာ ၁၃၈၀၀၀ ဦးရှိသည်ကို စာဖတ်သူများ သိကြပြီးဖြစ်သည်။ သို့သော် ကိန်းဂဏန်းများက ကံကြမ္မာဆိုးကြီး၏ အဖြစ်အပျက်အပြည့်အစုံကို မလွှမ်းခြုံနိုင်ပေ။ စာအုပ်၏ တတိယအပိုင်းတွင် လာကင်သည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်းရှိ အသက်ရှင်ကျန်ရစ်ခဲ့သူများနှင့် သူတွေ့ဆုံ မေးမြန်းခဲ့သည်များကို ပြန်ပြောင်းပြောပြထားသည်။ သူတွေ့ခဲ့သမျှ လူအားလုံးနီးပါးသည် မိသားစုတခုလုံး နှင့် နေစရာအိုးအိမ်များ မုန်တိုင်းအတွင်း ဆုံးရှုံးခဲ့ကြသူများ ဖြစ်ကြသည်။
“အရာအားလုံး ကျိုးပြတ်ကြေမွသွားခြင်း” စာအုပ်တွင် စိတ်အားတက်ဖွယ် အဖြစ်အပျက်အကြောင်း ပြောဆိုချက်တချို့လည်း ပါဝင်သည်။ ကလေးတဦး ရေစီးထဲတွင် သစ်လုံးတလုံးကို ဖက်တွယ်ထားကာ တညလုံး ရေစီးထဲမျောပါခဲ့သည့် အခန်းကတော့ မိမိ အနှစ်သက်ဆုံး အခန်းဖြစ်သည်။
နေ့တနေ့၏ မနက်တွင် သူ နိုးလာသောအခါ သောင်စပ်ပေါ်သို့ ချောချောမွေ့မွေ့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူ သတိထားလိုက်မိသည်မှာ ထိုသစ်သားလုံးတွင် ခြေထောက်လေးဖက်ရှိပြီး လမ်းလျှောက် နေခြင်းဖြစ်သည်။ ထိုအခါကျမှ အဆိုပါ သစ်တုံးမှာ မိကျောင်းတကောင်ဖြစ်နေမှန်း သတိထား လိုက်မိသည်။ စပါးကြီးမြွေ နှင့် ဘဲငန်းများက အသက်ကယ်လိုက်သော တခြား အသက်ရှင် ကျန်ရစ်သူများလည်း ရှိသေးသည်။
လာကင်၏ ပေါ့ပေါ့ပါးပါးရေးဟန်ကြောင့် ထိုစာအုပ်သည် လက်မှမချတမ်း ဖတ်၍ကောင်းသော စာအုပ် တအုပ်ဖြစ်သည်။ ထိုစာအုပ် မဖတ်ခင်က မိမိအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ပိုမို အတွင်းကျသော အမြင်များ ဖတ်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ “မြန်မာနိုင်ငံတွင် ဂျော့ခ်ျအိုဝယ်ကိုရှာဖွေခြင်း” စာအုပ်၏ အကောင်းဆုံးသော အရာများအနက် တခုမှာ တခြား တင်ပြမှုများနှင့်မတူ တမူထူးခြားဟန်ဖြစ်သည်။ ထိုစာအုပ်က မိမိတို့ မြန်မာ့သမိုင်းကို မြင်တွေ့သော ပုံစံကို ပြောင်းလဲ ခဲ့သည် (၀ါ) စိန်ခေါ်ခဲ့သည်။ ထိုစာအုပ်ဖတ်ပြီးသည့်နောက်ပိုင်းတွင် မိမိသည် မြန်မာနိုင်ငံ၏ ကိုလိုနီ၊ ဆိုရှယ်လစ် နှင့် စစ်အစိုးရ အကြောင်း ရေးသားထားသည့် ဂျော့ခ်ျအိုဝယ်၏ “မြန်မာ့နေ့ရက်များ (Burmese Days)” “ခြေလေးချောင်းတော်လှန်ရေး (Animal Farm)” “၁၉၈၄ (1984)” တို့နှင့် အမြဲတစေ ချိတ်ဆက်ကြည့်ဖြစ်သည်။
“အရာအားလုံး ကျိုးပြတ်ကြေမွသွားခြင်း” စာအုပ်တွင်ကား စိတ်ဝင်စားဖွယ် ပြန်ပြောင်း ပြောဆိုချက် ဒါဇင်ပေါင်းများစွာ ပါဝင်သည်။ သို့သော် အဓိက ဖော်ထုတ်ချက် မရှိပေ။ မိမိတဦးတည်းအတွက်မူ စစ်အစိုးရအတွင်းငြင်းခုံမှုများနှင့် ပတ်သက်၍ ပို၍လေ့လာရန် အထူးစိတ်ဝင်စားသည်။ သာဓကအားဖြင့် မည်သည့်အစိုးရ ၀န်ကြီးများက နိုင်ငံခြားအကူအညီများကို လက်ခံရန် ပြင်းပြင်း ထန်ထန်ပြောဆိုခဲ့ သနည်း။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူမုန်းများသော လုပ်ရပ်က မြန်မာ့တပ်မတော်အတွင်း သူ၏ တရားဝင်မှု အပေါ် သက်ရောက်မှု ရှိခဲ့ပါသလား စသည်ဖြင့် သိလိုသည်။ သို့သော် စာအုပ်တွင် ယင်းကိစ္စရပ်များကို သာမန်မျှသာ ဆွေးနွေး ထားသည်။
လွန်ခဲ့သော ၂ နှစ်အတွင်း နာဂစ်ဆိုင်ကလုန်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို စုံစမ်းလေ့လာထားသော အစီရင်ခံစာများ၊ သတင်းဆောင်းပါးများ ဒါဇင်နှင့်ချီ၍ ထွက်လာသည်။ သို့သော် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ပျံ့နှံ့ဖြစ်ပေါ်ခဲ့သော စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်မှု နှင့် ရုပ်ပိုင်းဆိုင်ရာ အတိဒုက္ခရောက်မှုများကို ပြန်လည် သရုပ်ဖော်ရာတွင် “အရာအားလုံး ကျိုးပြတ်ကြေမွသွားခြင်း” စာအုပ်ထက် မည်သည့်အရာကမှ ပီပြင်သော ကားချပ်တချပ်အဖြစ် ရုပ်လုံးမဖော်နိုင်သေးပေ။ မုန်တိုင်းပြီးခါစတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခဲ့သည့် မိမိတို့အတွက် လာကင်၏ ရေးဟန်ကို ဖတ်ရှုကြည့်ခြင်းဖြင့် စိတ်ထိခိုက် ကြေကွဲဖွယ် အမှတ်ရဖွယ်များကို ပြန်ပြောင်းသတိရစေပါသည်။
Dominic J. Nardi, Jr သည် ဝါရှင်တန်ဒီစီ အခြေစိုက် ဥပဒေရေးရာအဖွဲ့ (Governance Institute in Washington DC) တွင် ဧည့်သုတေသီဖြစ်သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ်မှ အရှေ့တောင်အာရှလေ့လာရေးဘာသာရပ်ဖြင့် မဟာဘွဲ့ရထားသူလည်း ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 8443
Comments (5)

written by Aphaygyi, August 03, 2010
It is a good book, expressing real condition of people of burma.
written by ရွှေပုဆိန်, July 21, 2010
သိကြပါသလား?
နာဂစ်ကြောင့် ကြက်ဥ ဘယ်နှလုံး ပျက်စီး သွားခဲ့တယ် ဆိုတာ၊
သတင်းစာမှာ အဲဒီ မှတ်တမ်းကို ခုဂဏန်းက အစ အသေးစိတ် တင်ပြခဲ့ပေမဲ့....
ယနေ့ထိ နာဂစ်မု န်တိုင်းကြောင့် လူဘယ်နှစ်ယော က်သေဆုံးသွားကြ သလဲ ဆိုတာ...
ဘယ်သူပြော နိုင်ပါသလဲ....
နာဂစ်ကြောင့် ကြက်ဥ ဘယ်နှလုံး ပျက်စီး သွားခဲ့တယ် ဆိုတာ၊
သတင်းစာမှာ အဲဒီ မှတ်တမ်းကို ခုဂဏန်းက အစ အသေးစိတ် တင်ပြခဲ့ပေမဲ့....
ယနေ့ထိ နာဂစ်မု န်တိုင်းကြောင့် လူဘယ်နှစ်ယော က်သေဆုံးသွားကြ သလဲ ဆိုတာ...
ဘယ်သူပြော နိုင်ပါသလဲ....
written by SAM, May 19, 2010
I found her book "Finding George Orwell in a Burmese Tea Shop" so superfical (like those one dollar romance novels we pick up at the train station) that I didn't even bother to read beyond the first pages. A movie for audiences who have a "90-minute-interest in Burma" might be nice though, something (also superficial) like "Beyond Rangoon".
Now she has another book, with another sensational title. Best of luck and happy reading! Though I doubt it will have any serious in-depth discussions of the real and complex issues of the consequences during and post-Nargis.
Now she has another book, with another sensational title. Best of luck and happy reading! Though I doubt it will have any serious in-depth discussions of the real and complex issues of the consequences during and post-Nargis.
Write comment
| < Prev | Next > |
|---|








