ဦးဝင်းတင်၏ ထောင်ဋီကာ

မြန်မာစာပေ လောက၌ နှစ် ၅၀ ကျော် ပျောက်ကွယ် နေခဲ့သော ထောင်စာပေ၊ အကျဉ်းသား ဘဝစာပေ၊ နရသိန် အဖြစ်ဆိုးစာပေ ဟင်းလင်း ကွက်လပ်တွင် အားဖြည့်ရန် ဆိုသည်မှာ “ဘာလဲဟဲ့ လူ့ငရဲ” ကို ရေးရခြင်း၏ အာသီသ ဖြစ်သည်။ ဆိုသည့် အတိုင်းပင် ဦးဝင်းတင်၏ ထောင်တွင်း ရက် ၇၀၀၀ ကျော် ပုံဖော်ချက်က စစ်အာဏာရှင်ခေတ် နရသိန်၏ သရုပ်သကန်ကို ပေါ်လွင်စေသည်။

စာအုပ်အမည်။    ။ ဘာလဲဟဲ့ လူ့ငရဲ
စာရေးသူ။    ။ ဟံသာဝတီ ဦးဝင်းတင်
ထုတ်ဝေသူ။    ။ ဒီမိုကရက်တစ် မြန်မာ့အသံ
ထုတ်ဝေခုနှစ်။    ။၂၀၁၀၊ မတ်
ဖြန့်ချိရေး။     ။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)
၂၀၁၀ မတ်လ ၅ ရက်နေ့တွင် အပြီးသတ် ရေးထားသော ထို ထောင်ဋီကာမှာ ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်းအမှတ် အဖြစ် မတ်လ ၁၂ ရက်နေ့တွင် ထုတ်ဝေ ခြင်းလည်း ဖြစ်သည်။

“ဦးဝင်းတင်ဟာ သူနစ်နာ ခံစားနေရ တာတွေကို ပြောတာထက် သူတပါး နစ်နာ ခံစားနေ ရတာတွေကို ပိုပြောပြတယ်” ဟု ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာပီညဲရိုးက သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဖူးသည်။ ထိုအချက် သည်လည်း ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” တွင်လည်း ထင်ဟပ်နေသည်။

အနှစ် ၂၀ ကာလ အတွင်း သူခံစား ခဲ့ရသော ကာယဒုက္ခ၊ စိတ္တဒုက္ခများကို နည်းနည်းသာ ပြောပြီး ထောင်တွင်း မတရားမှုများ၊ အာခံမှုများ၊ အကျဉ်းသား အချင်းချင်း ရိုင်းပင်း ကူညီမှုများ၊ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျဖော်များ အကြောင်းနှင့် ထောင်တွင်း အမြင်မတော် ထော်လော် ကန့်လန့် မှန်သမျှကို ကွက်ကွက် ကွင်းကွင်းပင် ရေးထားသည်။

အခြား အကျဉ်းသားများနှင့် ဆက်ဆံခွင့် မပေးဘဲ နှစ်ပေါင်းများစွာ ခွဲခြား လှောင်ပိတ်ထားသောကြောင့် “ထောင်ထဲက ဖြစ်ရပ် ဖြစ်စဉ်တွေ အသေးစိတ် မသိ” ဟု ဆိုသည့်တိုင် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများသည် ဦးဝင်းတင် ဖော်ပြသမျှနှင့်ပင် သိနားလည်ရန် လုံလောက်နေပေပြီ။

ဦးဝင်းတင်၏ လူ့ငရဲသည် ထောင်ကို ကြောက်ရွံ့ တွန့်သွားရေးမဟုတ်။ ထောင်ကို ထီမထင်ရေး၊ ထောင်မကြောက်ရေး ဖြစ်သည်။ “ထောင်ထဲက ထွက်လာခဲ့တယ်၊ အပြင်ရောက်တော့လည်း ထောင်ကိုပဲ ရောက်နေရပြန်ပါပကောလား၊ ထောင်ကြီးတာနဲ့ သေးတာပဲ ကွာတယ်”ဟု အနှစ် ၂၀ အကြာမှ ပြန်တွေ့ရသော အပြင်လောက မြန်မာပြည်ကြီးကို သုံးသပ်သည်။ တပြည်လုံး “ကိုကိုးကျွန်း” ဖြစ်နေပြီဟု မြင်သည်။

လူ့ငရဲကို ၁၉၈၉ ခုနှစ် အသက် ၆၀ အရွယ်တွင် ထောင်ထဲသို့ စဝင်သွားပြီးနောက် ဖြစ်ပေါ်လာသော ခံစားမှု၊ တွေးတောမှု၊ စိတ်ပဋိပက္ခများမှ စထားသည်။  ငါဘယ်လို ပြုံးမလဲ၊ မုန်းမလဲ၊ ရုန်းမလဲ၊ ဝုန်းမလဲ၊ ဆုံးမလဲ၊ သုဉ်းမလဲ၊ ငါဘယ်လို ကြံမလဲ၊ ဖန်မလဲ၊ ခံမလဲ၊ လှန်မလဲ၊ ညံမလဲ၊ ထန်မလဲ၊ နှံမလဲဟု လူလုပ်ငရဲထဲသို့ရောက်ပြီးနောက် မာန်တင်းသည်။ ရင်ကော့သည်။

စစ်ကြောရေးနှင့် ပတ်သက်၍ ပြန်ပြောမနေချင်တော့ဟု ဦးဝင်းတင်က ပြည်ဖုံးကားချသည်။ “တိရစ္ဆာန်ထက် ပိုမိုရိုင်းပျရက်စက်၊ ကျင့်ပျက်ကြမ်းကြုတ်စွာ စစ်မေး ညှဉ်းပန်းနှိပ်စက်ကြတယ်” ဟုသာ လိုရင်းတိုရှင်း သရုပ်ဖော်သည်။

လူထုအပေါ် ဥပဒေမဲ့ နှိပ်စက်ကလူ ပြုသူ အာဏာပိုင်များကို ဘယ်လို သဘောထားမည်လဲဟု ဆင်ခြင်သည်။ ရှစ်လေးလုံးကာလအတွင်းက ဦးနုပြောခဲ့သည့် ချေ ၂ ချေကို ဦးဝင်းတင်က ဆွဲထုတ်ပြသည်။ လက်စားချေနှင့် သင်ပုန်းချေ။ ဘယ်ချေကို လက်ခံကြမလဲဟု မေးခွန်းထုတ်သည်။

ရေရှည်တွင် စိတ်ခိုင်မာမှု ဦးမကျိုးစေရေးအတွက် မကျိုးပဲ့ရေးတရား  သုံးပါး ကို ချမှတ်သည်။ စိတ်ဓာတ် မကျိုးပဲ့စေနဲ့၊ ကျန်းမာရေး မကျိုးပဲ့စေနဲ့၊ စုဖွဲ့မှု မကျိုးပဲ့စေနဲ့။ ထောင်ကျနေခြင်းသည် အချိန် လေလွင့် ကုန်ဆုံးစေခြင်း မဟုတ်၊ “အရေးတော်ပုံတပ်သား”အဖြစ် အမှုထမ်းနေခြင်း ဖြစ်သည်ဟု ဦးဝင်းတင်က ယူဆသည်။ ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်းဟု သုံးသပ်သည်။

ထောင်တွင်း ပါတီစွဲ၊ အယူစွဲတွေ ကိုယ်စီရှိသည်။ ယင်းမှ ပေါ်ပေါက်လာသော အငြင်းပွားစရာ၊ သဘောမတူနိုင်သည်များကို လူမှုရေးအရ ခင်မင်အောင် ပြုပြီး အရင်ညှိရပုံကိုလည်း စိတ်ဝင်စားဖွယ် သိရသည်။ အကျဉ်းကျ နိုင်ငံရေးသမားများ၏ လူမှုဆက်ဆံရေး၊ အယူအဆ ဆက်ဆံရေးကို မြင်ရသည်။

ထောင်ဘာသာဗေဒကိုလည်း ဦးဝင်းတင်က မလွတ်အောင် မှတ်တမ်းတင်သည်။ အကျဉ်းဦးစီး (အကစ) သည် အကြမ်းဖက်ဦးစီးဌာန၊ အူကြောင်ကြောင်ဦးစီးဌာန၊ အကျိုးရှာဦးစီးဌာန၊ အကုန်နှိုက်ဦးစီးဌာနဟူ၍ ဝိဂြိုဟ်ပြုထားသည်။

အကျဉ်းသားတို့၏ စိတ်အခြေအနေ၊ ကျွမ်းကျင်မှုကို လိုက်ပြီး “ကြောင်” အမျိုးမျိုးကိုလည်း နာမည် တပ်ပြသည်။ “လွတ်ကြောင်” ဆိုသည်မှာ လွတ်ခါနီး ကြောင်သောသူ၊ လွတ်မည်ထင်၍ ကြောင်သောသူ၊ လွတ်လွတ် မလွတ်လွတ် လွတ်မည့် အကြောင်း ပြောကြောင်သူ၊ တောင်ကြွက် ဟု အမည်ပေးထားသည်က လွတ်မည့်ရက် တွက်ပြီး ကြောင်သော “တွက်ကြောင်”၊ ဘောင်ကြုတ်ဟု ခေါ်သော “ဘုတ်ကြောင်”လည်း ရှိသည်။

အကျဉ်းကျနိုင်ငံရေးသမားများနှင့် ပြင်ပမှ မိသားစု၏ ရင်နာဖွယ် ဆက်ဆံရေးကိုလည်း မြင်ရသည်။ မိခင်၊ ဇနီး၊ အစ်မ၊ ညီမ၊ တူမ၊ သမီး စသည့် မျှဝေ ခံစားဘက်များကိုလည်း မလွတ်စေရ။ “နိုင်ငံရေးသယံဇာတရင်းမြစ်တွေ”ဟု ဦးဝင်းတင်က ဂုဏ်ပြုသည်။ အိမ်ထောင်သက် နှစ် ၄၀၊ ထောင်ဝင်စာ တွေ့ရသည်မှာလည်း နှစ် ၄၀ ဟု ပြောသော ဘိုးတော်ခင်ဝင်း၏ ဇနီးအကြောင်းလည်း ပါသည်။ အဖေကို မမြင်ဖူးသဖြင့် တွေ့သမျှ ထောင်ဝန်ထမ်းကို အဖေခေါ်မိသော သမီးလေးကို အမေဖြစ်သူက ရိုက်သည်။ အဖေအစစ်နှင့် တွေ့သောအခါ ထပ်ရိုက်မည်စိုး၍ အဖေဟု မခေါ်သည့် မိသားစု၏ အဖြစ်မှာလည်း ရင်နင့်စရာ ဖြစ်သည်။ မျှဝေ ခံစားဘက်များ မရှိလျှင် နိုင်ငံရေးအကျဉ်းသားများအဖို့ “တော်လှန်-မာန်-ဉာဏ်-သတ္တိ” များ ခမ်းခြောက် ပျောက်ဆုံးမည်ဟု ထောက်ပြသည်။

ဘီလ်ရစ်ချတ်ဆန်၊ ပါမောက္ခ ပီညဲရိုး နှင့် ကင်တာနားတို့၏ ဆောင်ရွက်ချက်များကိုလည်း ထောင်တွင်း ဆင်းရဲဒုက္ခ လျှော့နည်းရေး အကျိုး မဖြစ်လာသဖြင့် ဦးဝင်းတင်က ထေ့ငေါ့သည်။ သူတို့မေးမြန်း ပြန်သွားပြီးနောက်လည်း ထမင်းသည် “ခွေးအန်ဖတ်” ဖြစ်မြဲ၊ ညဘက်တွင် ခြင်ကိုက်မြဲဟု သရော်သည်။ ထောင်ထဲတွင် စာမဖတ်၊ စာမရေး၊ သီချင်းမဆိုရ ပိတ်ပင်ထားသဖြင့် မျိုးဖြုတ်သတ်ဖြတ်မှု (Genocide) ကဲ့သို့ပင် အသိဉာဏ် မျိုးတုံးပြီး နလပိန်းတုံး ဖြစ်အောင် လုပ်နေမှု (Intelectocide) ဟု စကားသစ်တွင်၍ ဦးဝင်းတင်က ဘီလ်ရစ်ချတ်ဆန်ကို ပြောခဲ့သည်။

သွားတချောင်းမှ မရှိသဖြင့် မနူးမနပ် ကြမ်းတမ်းသော လုံးတီးဆန်ကို အာဟာရ အလို့ငှာ ရှစ်နှစ်လုံးလုံး သွားဖုံးနှင့် ကြိတ်ခဲ့ရသည်ကို အစာမကြေသလို ကမ္ဘာမကြေဘူးဟု ကမ္ပည်းထိုးထားသည်။

ထောင်ထဲတွင် တီဗီ၊ ကောဇောသွင်းပြီး ထောင်အာဏာပိုင်များနှင့် ထမင်းအတူစားသူ သူဌေးကြီး မောင်ဝိတ်၊ တိုင်းပြည် တိုးတက်စေချင်တယ် ဟု ပြောသော အာဏာရှင်ဦးနေဝင်း၏မြေး အေးနေဝင်း၊ အကုန်လုံး ဝင်ဆံ့အောင် ပေါင်းတတ်သော ဘိုးတော်ခင်ဝင်း၊ ဦးဝင်းတင်၏ ကဗျာကို ကြိုက်လှ၍ အင်္ဂလိပ်ဘာသာပြန်ပြီး ထောင်ထဲတွင် ရွတ်ပြသူ ဒေါက်တာခင်ဇော်ဝင်း၊ ထောက်လှမ်းရေး နားရွက်ကို တံတွေးစွတ်သော ထောင်ဖောက်ဟီးရိုး မြင့်အောင်၊ ထောင်ကျော်ပြေးသော ကျွဲကြီးမှသည် ထောင်ဆေးရုံတွင် ဟင်းချက်ရောင်းသော အကျဉ်းသား တိုနီခါးအထိ သူမြင်ရသလောက်ကို ဦးဝင်းတင်က ရေးပြသည်။

ထောင်တွင်းအလုပ်ခိုင်းမှုများကို “အလုပ်ဆိုနိုး ဘုတ်ဆိုနိုး”ဟု အာခံခဲ့သည်။ “နိုးသံခြေကျင်း နိုးထမင်း” ဟုလည်း  ဆန့်ကျင်ခဲ့ကြသည်။ ထောင်အာဏာပိုင်များ ဘာပြောပြော ဟားတိုက်ရယ်သည့် “ဟားတိုက်ပွဲ” လုပ်သည့် တရုတ်လူငယ်တယောက် အစပျောက်သွားပုံကိုလည်း မှတ်တမ်းတင်ထားသည်။ 

ထောင်တွင်း လက်ရေးစာစောင်များ ဖြန့်ကြသည်။ “ကြက်တူရွေး”ဟု နာမည်ဝှက် ပေးထားသော ရေဒီယိုများ ခိုးသွင်းကြသည်။ ထောင်တွင်း အခွင့်အရေး ချိုးဖောက်ခံရမှုများကို စာမျက်နှာ ၁၀၀ ခန့်ပါ အစီရင်ခံစာရေးပြီး အပြင်သို့ ထုတ်ကြသည်။ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများကို ရင်တမမ ဖတ်ရသည်။ 

ရှည်လျားလှသော အထီးကျန် လှောင်ပိတ်ကာလအတွင်း ၁၂ နှစ်သား အရွယ်တွင် စခဲ့ပြီး ၁၉ နှစ်သား အရွယ်တွင် မြုပ်နှံပစ်ခဲ့သည့် ဦးဝင်းတင်၏ ကဗျာဗီဇက ပြန်နိုးထလာသည်။

“ကုန်ချင်သလောက် ကုန်စမ်း
တစ်ရက်ကုန်မလား တစ်သက်ကုန်မလား
တစ်လကုန်မလား တစ်ဘဝကုန်မလား
တစ်နှစ်ကုန်မလား တစ်ခေတ်ကုန်မလား
….........
…..........
တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်လား။

မှားလိုက်တဲ့ အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ”
(ကျားရဲငါ ကဗျာမှ)

ကဗျာများကလည်း မာကြောမှုကို ထင်ဟပ်နေသည်။ ၁၉၉၀ တွင် ကဗျာရှည်ကြီးများ ရေးခဲ့သည်။ ကဗျာ ပြဇာတ်ရှည်ကြီးများလည်း ပါသည်။ ကဗျာရှည်ကြီးများကို လနှင့်ချီ၍ အခန်းနီးချင်းများကို ရွတ်ဆိုပြခဲ့သည်။ “ယမမင်း ငါ” ကဗျာတွင် ငရဲကို အာဏာရှင်များအတွက် တထပ်တိုး၍ ငရဲကြီးကိုးထပ် လုပ်ခဲ့သည်။ “ကိုးထပ်ငရဲကို ဂျိုးမကပ်တဲ့ အိုး (Tefloncoated) လုပ်မယ်” ဟု ကြိမ်းဝါးသည်။

နံရံ၊ ပလတ်စတစ် စသည်များပေါ်၌ ရေးခဲ့သည့် ဦးဝင်းတင်၏ ကဗျာများလည်း “ပျောက်သောကဗျာ ကြာရင်မေ့” ဖြစ်ကုန်သည်လည်း ရှိသည်။

ထောင်မှတ်တမ်း နိဂုံးမသတ်မီ ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်ကြောင်း၊ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ဆုပ်ကိုင်ကြောင်း ဦးဝင်တင်က ထည့်ရေးထားသေးသည်။ “စစ်ကျွန်ခေတ်တွင် လူရာမဝင်လို” ဟု စိတ်ပျက်စကားဆိုသည်။

ကျနော်တို့ စာနယ်ဇင်းသမား ပေါက်စ ဖြစ်စဉ် ဝါရင့်အယ်ဒီတာကြီးများက ဦးဝင်းတင် ဘာသာပြန်သော “ကွိ”ကို ဖတ်ဖြစ်အောင် ဖတ်ဟု တိုက်တွန်းကြသည်။ “ကွိ” သည် ကျင့်ဝတ်ကို အလေးအမြတ်ထားသော သတင်းစာသမား တယောက် အကြောင်း ဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးသမား လုပ်ချင်လျှင် ဦးဝင်းတင်၏ ခေတ်သစ် ထောင်ဋီကာ ဖြစ်သော “ဘာလဲဟဲ့ လူ့ငရဲ” ကို ဖတ်ဟု ဆိုကြပါလိမ့်မည်။     ။
Comments (28)Add Comment
0
Thanks.
written by Phyo, January 10, 2011
Hi Lin Linn,
Thank you for your link.
..., Low-rated comment [Show]
Proud to you, Low-rated comment [Show]
အကယ်၍, Low-rated comment [Show]
0
...
written by colorless, May 03, 2010
>> will be hope Myanmar leader look like U Win Tin.
ဦးဝင်းတင်လို လူမျိုးက တော်လှန်ရေး သမားကောင်း တစ်ယောက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် (ဖြစ်ချင်မှ လည်း ဖြစ်ပါမယ်) တိုင်းပြည် ခေါင်းဆောင် တစ်ယောက်တော့ မဖြစ်နိုင်ပါဘူး.. တစ်ဖက်သတ် ဆန်တယ်.. အမျှော် အမြင် နည်းပါတယ်.. အမြင် ကျဉ်းမြောင်းတယ်.. Creative မဖြစ်ဘူး။ အဲတာကြောင့် သူ့အနေနဲ့ များစွာ အားထုတ်ခဲ့ ပေမယ့် အကျိုး ရလဒ်ကောင်း တစ်ခု ရယူနိုင်ခြင်း မရှိပါဘူး.. ဘယ်လောက် အားထုတ်တယ် ဆိုတာထက် ဘယ်လောက် အလုပ် ဖြစ်တယ် ဆိုတာက များစွာ အရေး ကြီးတယ် ဆိုတာကို ဦးဝင်းတင် သဘော ပေါက်စေချင်ပါတယ်
0
Long Live U Win Tin!
written by kokopoliticalanalyzer, April 25, 2010
My heart was brought through emotional roller coster while reading this book. It will be great if we could translate it into english and publish.
Great respect of U Win Tin, a man of principle.
Great disguise for the junta.
Long Live U Win Tin!
Down with the junta!

0
Where to Buy
written by Only to Help you. , April 22, 2010
Where can you buy this book ???
This is where you can buy .... (“စာအုပ်ဝယ်ယူ လိုသူများ အနေနှင့် info@aappb.org This e-mail address is being protected from spambots. You need JavaScript enabled to view it ကို ဆက်သွယ် နိုင်ကြောင်း သိရသည်။” ဟူ၍ ၁၂-၀၃-၂၀၁၀ နေ့စွဲ ဧရာဝတီ စာမျက်နှာ “တိုက်ပွဲဝင်ရန် ဦးဝင်းတင် မွေးနေ့ စကားပါး” တွင် တွေ့ခဲ့ရဘူးပါသည်။ )
0
He is free but his idea is still in jail?
written by kyaw, April 13, 2010
ဆရာဟာ စာရေးကောင်းသလောက် နိုင်ငံရေး အတွေး အခေါ်တွေ မှာတော့ သိပ် တင်းမာလွန်းတယ်လို့ ထင်ပါတယ်။

အမှား-အမှန်။ တရားမု- မတရားမုမှာ အမှန်နဲ့ တရားမုဖက်က ရပ်ဖို့ ရွေးတာ အပြင်
ပြသာနာ တခုရဲ့ အဖြေရအောင် လက်တွေ့ ကျကျ-စဉ်းစားနိုင်ခြင်း အလေ့ အကျင့်ကို
ဆရာနဲ့ ဆရာကို ထောက်ခံ အားပေးနေသူတွေ စဉ်းစား သင့်တယ်လို့ ထင်ပါတယ် ခင်ဗျား။။

မူပိုင်ခွင့် ရှိတဲ့စာမူ ဖြစ်ပါတယ်, Low-rated comment [Show]
ဂုဏ်ယူပါသည်, Low-rated comment [Show]
U Win Tin's Book, Low-rated comment [Show]
0
English?
written by Noreen, March 28, 2010
Is there an English version of this book?
မြန်မာပြည်၏သူရဲကော်း, Low-rated comment [Show]
Where can we buy it, pls?, Low-rated comment [Show]
we need like u grandpa U WIN TIN, Low-rated comment [Show]
Burma hero, Low-rated comment [Show]
0
not work!
written by dada, March 24, 2010
I still cannot download from this "http://www.mediafire.com/?2xhulkhzxia"
RS pls smilies/grin.gifsmilies/cheesy.gif
0
u win tin
written by moe, March 23, 2010
ဆရာ့ကို ကျနော်တို့ ပြည်ပရောက် စာဖတ်ပရိသတ် အနေနဲ့ တိုက်ရိုက် ထိတွေ့ဖို့ ခဲယဉ်းတဲ့ အတွက် ဒီကပဲ ဆရာတွေ့ လိုတွေ့ငြား ရေးလိုက်ပါရစေ။ ဆရာ့ရဲ့ နောက်ထပ် အတွေ့ အကြုံတွေကိုလဲ ထပ်မံ မှတ်တမ်း တင်ပါဦး လို့ တိုက်တွန်း လိုက်ပါရစေ။ နှစ် နှစ်ဆယ် ဆိုတော့ ထပ်မံရေးစရာ အများကြီး ဖြစ်မှာပါ။ ကိုယ်ခံခဲ့ရတာလေးတွေ စစ်ကြောရေး ဟာလေးတွေလဲ အသေးစိတ်ရေးပေးပါဦး ခင်ဗျာ။ ကိုယ့်ရဲ့ အစစ်အမှန် အတွေ့အကြုံ မို့လို့ ရေးခွင့် ရှိပါတယ်။ ဆရာ့ကို ကန်တော့ လိုက်ပါတယ်။
0
...
written by a guest, March 23, 2010
ဒီမှာ
http://drlunswe.blogspot.com/2...t_15.html
http://kamikaze-2010.blogspot.com/2010/03/blog-post_13.html
http://www.phyowai-myanmar.co.cc/2010/03/blog-post_14.html
http://freeburma-freeburma.blogspot.com/2010/03/blog-post_13.html
http://arzarni.blogspot.com/2010/03/blog-post_1792.html
0
...
written by .9,, March 23, 2010
((((( ထောင်ထဲတွင် တီဗီ၊ ကောဇော သွင်းပြီး ထောင် အာဏာ ပိုင် များနှင့် ထမင်း အတူစားသူ သူဌေးကြီး မောင်ဝိတ် )))))
နအဖေ ခတ်မှာ ၀န်ထ မ်းတိုင်း အကျင့်ပျက်နေ တာတေြာ့ ကာပါပြီ
လွတ်လပ် ရေးရခါစ စိတ်ဓါတ်ေ လးတြွေ ပုပြင်စ အားသ စ်လောင်းခါစမှာပဲ .... မြန်မာပြည်ကြီး မုန်တိုင်းထ န်ခဲ့တယ်
မြန်မာ တွေရဲ့စိ တ်ဓါတ်ကို ပြုပြင်ပြောင်းလဲဖို့ (ကိုယ့်အ မျိုးတင်မက မြန်မာတ စ်မျိုးလုံး ကိုယ့်တစ်အိမ်တည်း တင်မက ကိုယ့်တ စ်နိုင်ငံလုံးချစ်တတ်ေ အာင်တောင် တော်တော် ပြုပြင်ယူ ရလိမ့်မယ်
ထမင်း မငတ်ေ သးပေမယ့် မိသား စုစားမေ လာက်တော့ နဲနဲလေးအကျင့် ပျက်မိရာက ပြင်မရေ တာ့တာတွေများပါတယ်
အဲ
ဆုံးရှုံးစရာဆိုလို့နှော င်ကြိုးပဲ ရှိတော့တ ယ်ဆိုတဲ့အချိန်မှာတော့ နဂိုဗီဇ ကောင်ြး ပီးသား မြန်မာေ တွပါ
မျိုးချစ်စိတ်ဆိုတာေ တာ့ လုံးလုံး မပျောက်သေးပါဘူး
0
Book Link
written by myanmar, March 23, 2010
စာအုပ်ဖတ်ဖို့ link
http://www.scribd.com/full/287...0eeavc4zn
, Low-rated comment [Show]
0
...
written by lin linn, March 23, 2010
All can download this book at the following link
According to Ba Ba's preface, we need to distribute to all we can reach, inside and outside Burma, especially inside Burma
It is a way to show our support to Ba Ba U Win Tin
Please distribute as much as you can
http://www.mediafire.com/?2xhulkhzxia
အရမ်း ကောင်းတယ်...., Low-rated comment [Show]
0
how can i order the book
written by maw tun, March 23, 2010
hi..
where can we order this book?
carry on Ba Ba U Win Tin, Low-rated comment [Show]
..., Low-rated comment [Show]
proud for U WinTin, Low-rated comment [Show]

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်