မြန်မာပြည်ရဲ့ အချမ်းသာဆုံးလို့ဆိုရမယ့် ထူးကုမ္ပဏီက ဦးတေဇကတောင် “တရုတ်အများစုက မြန်မာပြည်မှာ နိုင်ငံသားခံယူပြီး သူတို့ အချမ်းသာဆုံးလို့ ကြွားနေကြတယ်၊ ဒါပေမယ့် သူတို့က မြန်မာစစ်စစ် မဟုတ်ပါဘူး” ဆိုပြီး အီတလီနိုင်ငံထုတ် La Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ မကြာသေးမီက ပြောခဲ့ဖူးပါသေးတယ်။
တရုတ်လူမျိုးတွေဟာ မြန်မာစီးပွားရေး လောကမှာတင် တွင်ကျယ်နေရုံမက အခုဆိုရင် မြန်မာအစိုးရ အဖွဲ့အပေါ်မှာလည်း သြဇာလွှမ်းမိုးမှုတချို့ ရှိလာတယ်ဆိုတာ နေပြည်တော်နဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀န်းတွေအကြား ပြောဆိုမှုများလည်း ထွက်ပေါ်နေပါတယ်။ဘယ်လောက် အတိုင်းအတာအထိ လွှမ်းမိုးနေသလဲဆိုတော့ သမ္မတ ဦးသိန်းစိန် မကြာသေးမီက သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ်တလုံးမှာ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပိုင်ရှင် ကိုးကန့်-တရုတ်လူမျိုး ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော က ကမကထပြု ဆောင်ရွက်ခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာ လိုက်ပါသွားခဲ့သူတဦးရဲ့ ပြန်ပြောပြချက်အရ သိရတယ်။
သမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ ထူး၊ မက်စ်မြန်မာ၊ IGE စတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ ကိုယ်စားလှယ်တွေပဲ လိုက်ပါခွင့်ရခဲ့ပြီး အေးရှားဝေါလ် ကုမ္ပဏီကတော့ ပိုင်ရှင်ဖြစ်တဲ့ ဦးထွန်းမြင့်နိုင် ကိုယ်တိုင် လိုက်ပါခွင့်ရခဲ့ပါတယ်။
ဦးထွန်းမြင့်နိုင်ဟာ တရုတ်ခရီးစဉ် တလျှောက်လုံး သမ္မတရဲ့ ဦးစားပေး စကားပြောဆိုခြင်းခံခဲ့ရသလို တရုတ်အစိုးရ အသိုင်းအ၀န်းကြားမှလည်း ဦးထွန်းမြင့်နိုင်က အတော်လေး ပေါက်ပေါက်ရောက်ရောက် ပြောနိုင်ဆိုနိုင် ရှိတဲ့သူဖြစ်တယ်လို့ အတူလိုက်ပါသွားသူက မှတ်ချက်ပေး ပြောဆိုပါတယ်။
တရုတ်အစိုးရ အသိုင်းအ၀န်းမှာ ဦးထွန်းမြင့်နိုင် ပေါက်ရောက်မှုရှိနေခြင်းဟာ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ခြင်း၊ ယခုလက်ရှိ မြန်မာပြည်အနှံ့ တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတွေ၊ တရုတ်ချေးငွေနဲ့ တည်ဆောက်နေတဲ့ နေပြည်တော်လေဆိပ် အပါအ၀င် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကြီးတွေကို ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီတခုတည်းကသာ တည်ဆောက်ခွင့်ရရှိခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ချေးငွေ ၇၀ ရာခိုင်နှုန်းကို ၎င်းတို့ ကုမ္ပဏီက တဆင့် ဆက်သွယ်ချေးငှားပေးခဲ့တယ်လို့ အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး အသိုင်အ၀န်းကြားမှာ ပြောဆိုမှုတွေ ရှိနေတယ်။
ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဟာ ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက်စာချုပ် ၉ ခုနဲ့ တရုတ်ဘက်မှ အမေရိကန်ဒေါ်လာ ၇၆၃ သန်း ချေးဖို့ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ ပါတယ်။
ဒီခရီးစဉ်ကို အောင်မြင်စွာ ဦးဆောင်ခဲ့တဲ့ ဦးထွန်းမြင့်နိုင်ဟာ အသက်အရွယ်အားဖြင့် ၅၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ဖခင်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် သမ္မတကြီး ဦးနေ၀င်းက အရှေ့မြောက်ပိုင်းဒေသ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရန်ကို ကာကွယ်ဖို့ ကိုးကန့်ဒေသမှာ ပြည်သူစစ်အဖြစ် မြေတောင်မြှောက်ခြင်းခံရပေမယ့် နောက်ပိုင်းမှာ ဘိန်းဘုရင်အဖြစ် နာမည်ကြီးလာခဲ့တဲ့အတွက် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လော်စစ်ဟန် ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ လော်စစ်ဟန်ဟာ နောက်ပိုင်းမှာတော့ အရှေ့မြောက်ဒေသကို ရောက်ရှိလာတဲ့ စစ်တိုင်းမှူး အဆက်ဆက်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနိုင်ခဲ့တယ်ဆိုတာ န၀တခေတ် သစ်တောရေးရာဝန်ကြီးဟောင်း၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ (နောင်စစ်သည်) ရဲ့ ဘ၀အတွေ့အကြုံကို ရေးသားထားတဲ့ “သေတနေ့ မွေးတနေ့” စာအုပ်မှာလည်း ဖော်ပြထားပါတယ်။
၁၉၈၉ ခုနှစ် ဗကပမှ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ ခွဲထွက်ဖို့ ကြိုးပမ်းရာမှာလည်း ဖခင်ဖြစ်သူ လော်စစ်ဟန်က စစ်အစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးအဖြစ် ပါဝင်ခဲ့သလို၊ သားဖြစ်သူကလည်း တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့်နယ်ထဲသို့ အကြိမ်ကြိမ် ၀င်ရောက်ကာ ဖုန်ကြားရှင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်လို့ စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံးက ထုတ်ဝေတဲ့ တပ်မတော်သမိုင်း သတ္တမတွဲမှာ အတိအလင်း ရေးသားထားပါတယ်။
ဗကပ ပြိုကွဲခဲ့ရတဲ့အတွက် ရန်သူနည်းပါးသွားခဲတဲ့ စစ်အစိုးရဟာ လော်စစ်ဟန်တို့ သားအဖကိုလည်း အကျိုးအမြတ်အဖြစ် Asia World ဆိုတဲ့ နာမည်နဲ့ စီးပွားရေး လုပ်ခွင့်ပေးခဲ့ပါတယ်။
အေးရှားဝေါလ် ကုမ္ပဏီဟာ မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့် ရရှိခဲ့သလို၊ နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်း လုပ်ငန်းကိုပါ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
အရှေ့မြောက်တိုင်းမှာ ရင်းနှီးခဲ့တဲ့ တိုင်းမှူး သီဟသူရ ဦးတင်အောင်မြင့်ဦး ကုန်သွယ်ရေးမူဝါဒ ကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ အေးရှားဝေါလ်ကုမ္ပဏီဟာ ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့အပြိုင် နေပြည်တော် ဆောက်လုပ်ရေးကို လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဒီအတွက် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမီးတွေအတွက် ကိုယ်ပိုင်အိမ်တွေ အသီးသီး ဆောက်ပေးခဲ့တဲ့အပြင် သီဟသူရ ဦးတင်အောင်မြင်ဦးကိုလည်း ရန်ကုန်မှာ အိမ်တလုံးဆောက်ပေးခဲ့ပါတယ်။
မြန်မာသူဌေးတွေဖြစ်တဲ့ ဦးတေဇတို့ ဦးအောင်ကိုဝင်းတို့ လေကြောင်းလိုင်းတွေ ထောင်ပြီး အရှုံးပေါ်နေချိန်မှာ ကိုးကန့်-တရုတ်သူဌေး ဦးထွန်းမြင့်နိုင်ကို အကျိုးအမြတ် အများကြီး ရရှိနိုင်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး လေဆိပ်တွေရဲ့ Ground Handling လို့ ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို သီဟသူရ ဦးတင်အောင်မြင့်ဦးက ထပ်မံပေးအပ် လုပ်ကိုင်စေပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ တာဆန်းရေအားလျှပ်စစ် ထုတ်လုပ်ရေးအပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းများ၊ ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေးလုပ်ငန်း၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ နေပြည်တော်လေဆိပ် တည်ဆောက်ရေးလုပ်ငန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး လုပ်ငန်း လုပ်ကိုင်ခွင့်တွေပါ ရရှိခဲ့ပါတယ်။
အေးရှားဝေါလ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ နှစ်ရှည်စီမံကိန်းကြီးများဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကိုသာမက ထွက်ရှိလာတဲ့ ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ ရောင်းချရာမှာ အေးရှားဝေါလ် ကုမ္ပဏီက အကျိုးအမြတ်ကို အချိုးကျ ခံစားခွင့်ရရှိဦးမယ်လို့လည်း သိရပါတယ်။
စီးပွားရေး အသိုင်းအ၀န်းရဲ့ ခန့်မှန်းချက်ကတော့ လက်ရှိအခြေအနေမှာ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီဟာ မြန်မာအစိုးရသစ်ရဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနဲ့ ပိုမိုအနီးကပ် ဆက်ဆံနေတဲ့အတွက် နောင်အနာဂတ်မှာ ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာကုမ္ပဏီ၊ ၀န်ကြီးဟောင်း ဦးအောင်သောင်းရဲ့သား ဦးနေအောင်ရဲ့ IGE ကုမ္ပဏီတို့ကို ဖြတ်ကျော်ကာ အချမ်းသာဆုံး စီးပွားရေးကုမ္ပဏီတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
Set as favorite
Bookmark
Email this
Hits: 23066
Comments (31)

written by TMZ, October 02, 2011
Another agenda of Tun Myint Naing and Tin Aung Myint Oo is Yangon Port Master Plan. This agenda is also only benefit to Tin Aung Myint Oo and Tun Myint Naing. It will spend a lot of our tax payer money! We have a long coast line and we can built seaports. The Yangon Port Plan for a ship of 35000 dwt. (ton) is only for Tun Myint Naing. You Know why, Tun Myint Naing had taken Yagon Port area and Htee Dan Jetty.
written by Yamin Aung, September 21, 2011
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သို က်ဖြောင့်ဖြောင့်လိုက်၏ "this is a Myanmar saying". ဒီစကားပုံကိုတော့ လူတိုင်း သိကြပါတယ် ရှေ့က ဒီလို လုပ်ခဲ့မှတော့ နောက်က လူတွေကလည်း ဒီလိုပဲ လုပ်နေတာ အစမ်းတော့ မဟုတ်ပါဘူး......... ဒါတို့တိုင်း တို့ပြည့် ဒို့ဗမာပြည် လွတ်လပ်တဲ့ ဒို့တိုင်းပြည်....... ပါတဲ့ မိတ်ဆွေတို့ရေ....... အခုက မဟုတ်တော့ဘူးဗျ ဒါတရုတ်တိုင်းတရုတ်ပြည် တရုတ်ပိုင်တဲ့ပြည်....... လို့ ဖြစ်နေပါပြီ..... ဒီကိစ္စက သိပ်ကြီးတော့ အစမ်း မဟုတ်တော့ပါဘူး လမ်းဘေးက စာမတတ်တဲ့ သူတောင်းစားတောင် သိပါပြီပါ..... မိမိနိုင်ငံရဲ့ နိုင်ငံတော် သီချင်း တွေ အလံတွေ ကအစ ရှေးလူကြီး သူမများက အဓိပ္ပာယ် အဆီအနှစ် အပြည့်အဝ ထားခဲ့ကြ တာပါလေ........ ဒီလို မျိုးချစ်စိတ်ဓာတ် ထက်သန်စေမဲ့ လုပ်ငန်းတွေကအစ ဖျက်ပြည်ေ နတဲ့ ကျွန်ုပ်တို့ မြန်မာပြည်ဟာ တရုတ်သာလျှင် သူဌေး၊ တရုတ်သာလျှင် ကား စီးနိုင်မယ်၊ တရုတ်သာလျှင် ဖုန်းကိုင်နိုင်မယ်... ဖြစ်နေတယ်ဆိုတာ လူတိုင်း သိပါတယ် သူတို့သာလျှင် အများဆုံး လူရာဝင်နေပါတယ်...... သူတို့ပြီးရင်တော့ နောက်က လိုက်တာက အရာရှိကြီးများနဲ့ သူတို့ရဲ့ မိသားစုပေါ့လေ.... သာမန် အရပ်များ သာမန်နိုင်ငံဝ န်ထမ်းတွေက နိုင်ငံကျွန်ပေါ့ဗျာ.... .... တနည်းအားဖြင့် တရုတ်ရဲ့ မသိလိုက် မသိလိုက်တဲ့ ကျွန်တွေပေါ့ဗျာ......... တံတားတွေေ ဆာက်တယ် ကျွှန်ုပ်တို့ မြန်မာတွေပေါ့.....နေပူကြီးတွေထဲမှာ လုပ်ကြရတယ်..... အဲဗျာ တံတားလည်း ကန်ထရိုက်ဆွဲရော တရုတ်တဲ့ဗျာ....... အဲ တံတားပေါ်ကိုဖြတ်တဲ့သူတွေက မြန်မာတွေ အများဆုံးပါတဲ့ လိုင်းကားတွေ၊ ဘုရားဘူးကားတွေပေါ့........ ကိုယ့်နိုင်ငံမှာနေပြီး တံတားဖြတ်ကြေးကို နိုင်ငံတော် ပြည်သူတွေအတွက် မဟုတ်ပဲ တရုတ်တွေ ဆက်ကြေးပေးနေရသလိုပါပဲဗျာ.........
လစာတွေတိုးပေးပါတယ် သေခါနီး အဖွားကြီး အဖိုးကြီးတွေ တော်သေးတာပေါ့ဗျာ တိုးပေးတဲ့လစာလေးကိုင်ပြီး ဘဏ်ပေါက်ဝမှာ ဝမ်းသားလုံးဆို့ပြီး ဆုံးတယ်မကြားရလို့ လူကြားကောင်းနေတယ် မှတ်ကြပါဗျာ..........
ကျွန်ုပ်တို့ရဲ့ ဗိုလ်ချုပ်က ဂျပန်နဲ့ပေါင်းပြီးတိုက်တယ်ဗျ သူ့ကျွန်အောက်တော့ရောက်တယ်ဗျ ဒါပေမယ့် ပြန်ရအောင်လုပ်ခဲ့တယ်နော် ခင်ဗျားတို့ကတော့ အတင်းကိုစွတ်ထိုးပေးနေတော့တာပဲ......
မဆိုင်တာတွေလည်း ပါချင်ပါလိမ့်မယ် မိတ်တွေတို့ရေ......... စိတ်ထဲမှာ ဒါတောင်မကုန်သေးဘူးဗျ.......
နောက်ဆုံးပြောချင်တာကတော့ ပြည်သူတွေကို တကယ်ချစ်တယ် နားလည်ပေးတယ်ဆိုရင် သူတို့နဲ့ကင်းအောင်ဘယ်လိုလုပ်မလည်း စဉ်းစားသင့်ပြီးပေါ့...... စီးပွားရေးက ပူးပေါင်းပြီး လုပ်ကြရပါတယ် မလုပ်မဆိုလိုပါဘူး........ မင်းအုံးနှောက် ရှိရင် မင်း တနေ့လုပ်တနေ့စား လူတန်းစားဘဝကို တစ်ရက်လုပ်ကြည့်ရင် ငါတို့ ဗမာတွေက ကိုယ့်တိုင်းကိုယ့်ပြည်မှာ ဘယ်လိုနေရလည်း သိသွားလိမ့်မယ်ဗျာ သူများနိုင်ငံကို လာနေတဲ့တရုတ်လေ တစ်ကောင်မှကို လမ်းခင်းတဲ့အထဲလည်းမပါ မြန်မာသူဌေးတွေရဲ့ အိမ်မှာလည်း ကျွန်မလုပ်ရဘူး........ ငါတို့ကသာ ကိုယ့်ပြည်မှာနေပြီး တရုတ်အိမ်က ကျွန်လုပ်နေရတဲ့ သူတွေရှိနေတယ်တဲ့..........
ပြည်သူတွေကို ကိုယ့်သားသမီးလို သဘောထားရင် သမ္မတကြီး ဦးသိန်းစိန်ကို ပြောချင်တာကတော့ဗျ ရှေ့ကနွားတွေနောက်ကို မလိုပဲနဲ့ စွန့်စားပြီး ရဲရဲကြီး လမ်းသစ်ဖောက်လိုက်စမ်းပါ....... မကြောက်ပါနဲ့ ခင်ဗျားနောက်မှ ပြည်သူတွေ လိုက်လာလိမ့်မယ်...............
မှတ်ချက် ။ ။ သမ္မတကြီးကို သူများတွေနဲ့ မတူတဲ့သမ္မတကြီး တစ်ဦးအတွက် ကောင်းစားမယ့်လမ်း မဟုတ်ဘူးနော် ........ အားလုံးအတွက် ပြည်သူတွေအတွက်........ တိုင်းပြည်အတွက် ........လူတန်းစားမျိုးစုံအတွက်ပေါ့............

written by Albert Kyaw Kyaw, September 18, 2011
အထက်က. . . ညီနောင်တို့ရေ. . . . .
ဘယ်လိုပဲဖြစ်ဖြစ်ပါ. . . . . . ကိုယ်ကြိုးစားမှ. . . ကိုယ်ရမှာပါ. . .
ကိုယ့်အလုပ်ကိုယ်. . သေချာအောင်လုပ်တာ. . အကောင်းဆုံးပါပဲ. . . . . . . .
ဘယ်လိုပဲဖြစ်ဖြစ်ပါ. . . . . . ကိုယ်ကြိုးစားမှ. . . ကိုယ်ရမှာပါ. . .
ကိုယ့်အလုပ်ကိုယ်. . သေချာအောင်လုပ်တာ. . အကောင်းဆုံးပါပဲ. . . . . . . .
written by သိန်းဌက်, September 17, 2011
ဘယ်သူတွေ.. ဘယ်လိုပြောပြောပါ....
ကိုယ့်လူ မျိုးဂုဏ်ြ မှင့်တင်စေချင်ရင်တော့.... .အလုပ် လုပ်ကြရမယ်.....
ဘေးထိုင်ဘုပြောတွေ.. .လျော့သင့်ပါတယ်. ..သူတို့ရဲ့. .ကောင်းကွက်ေ လးတွေ..
အတု ခိုးရမှာပေါ့... ......
ကိုယ့်လူ မျိုးဂုဏ်ြ မှင့်တင်စေချင်ရင်တော့.... .အလုပ် လုပ်ကြရမယ်.....
ဘေးထိုင်ဘုပြောတွေ.. .လျော့သင့်ပါတယ်. ..သူတို့ရဲ့. .ကောင်းကွက်ေ လးတွေ..
အတု ခိုးရမှာပေါ့... ......
written by soe, August 07, 2011
Ha ha ha!!! by the way, chinese are thiefs and they are skillful worker under the law. Many Japanese people said that chinese want money but they do not want to work hard. Many Myanmar people want to do their business under the law. I am also
There are so many Chinese prostitute around the world
You will see the news of many chinese company made copy of the product of the USA and the other famous brands. Low standard nation around the world. Ha ha ha!!!

written by Sai, August 04, 2011
In my opinion, Chinese are hard working, business minded and very ambitious that is why they are successful. They also have wide circle of network in business world, there are mutual trust between them, even if they hardly know each other. Networking in business is very very important. Just look at Myanmar, Thailand, Malaysia, Indonesia. Most of the rich people are Chinese in those countries. So there is no point in blaming Chinese for your poverty. If you want to be rich like Chinese, work hard and be business minded like Chinese. Build your credibility and trust worthiness in business world. If you are not willing to work hard, just be contented with you life and what you have. There is nothing wrong with not getting rich so long as you are happy.
My father is Chinese and my mother is Shan, I have witnessed how my father siblings worked hard and built their individual business from scratch and I have also witnessed how my mother siblings are contented with their lives and remain as middle income earners. When my father siblings make some money, they invest the money to grow their business, they are very ambitious. When my mother siblings make some money, they spend it away, they are very easy to be contented. There is a different mentality between Chinese and other races. There is where I learn 'delayed gratification' is very important. When you have some money, instead of fulfill your desire or gratification immediately, use the money to grow it further and further. Don't slow down and be contented. The more money you make, the harder you should work, until to the point when you can just spend the money to fulfill your desire / gratification without affecting your business.
The above opinions are just my personal opinions based on my personal experience.

written by Soe, August 04, 2011
မြန်မာက မြန်မာဘက် ကပြောနေသလို တရုပ်ဘ က်ကပြောေ နတဲ့သူတွေလည်းေ တွ့နေရတယ်။ ဒီကိစ္စတွေက အချိန်တန်ရင် အားလုံးပြီး သွားမှာပါ။ ဇာတ်သိမ်း တဲ့ အခါကျတော့ တရုပ်က ဘာလဲ၊ မြန်မာ ကဘာလဲ သိရမှာပေါ့
လောလောဆယ်ြေ ပာနိုင်တာကတော့ တရုပ်တွေက ဗိုလ်ချုပ်တွေကို ခိုင်းတာထက် ဗိုလ်ချုပ်တွေက ခိုင်းစားေ နတာပါ။ ဖဲဝိုင်းေ ထာင်ထားရင်တော့ လူမိုက် ဆိုတာ ရှိရမှာပဲ။ အခု အစိုးရက ဖဲဝိုင်း အဲဒိတော့ တရုပ်ကြီးက လူမိုက်ပေါ့ဗျာ။ ဖဲဝိုင်းလ ည်းပြီးရော့။ NLD တတ်လာရင် NLD နဲ့ပေါင်း မယ်တဲ့၊ ဟားဟားးးး တရုပ်အကြော င်းကောင်းကောင်း သိတဲ့ NLD ပေါင်းမယ် တဲ့လားးးးးး စိတ်ကူးယာဉ် ဆန်နေသလားလို့

written by KoThant, August 03, 2011
ဗမာတွေ ဆင်း ရဲမွဲတေနေတာဟာ ပျင်း လို့ မဟုတ် ဘူး ။ ခေတ် စနစ် ဆိုး ကြောင့် ပဲ။ မင်း တို့ တရုတ် တွေလည်း စနစ် ဆိုး နဲ့ကြုံတုန်း က ငတ် ပြတ် သေခဲ့ကြဖူး တယ် လေ၊ ပြန် လေ့လာကြည့် လိုက် ပါ။
နောက် တစ် ခုက ကျင့် ဝတ် သိက္ခာပိုင်း ။ တရုတ် ပြည် တော့ စွမ်း အင် ရစေ၊ ဗမာပြည် တော့ သဘာဝပတ် ၀န်း ကျင်း ပျက် ချင် ပျက် ပါစေ ဆိုတာ ကောင်း လား ။ မင်း တို့တရုတ် တွေ ငါတို့အစိုး ရကို ခါး ပိုက် ထဲထည့် နိုင် တိုင်း လုပ် ချင် ရာလုပ် တာ ကျင့် ဝတ် သိက္ခာနဲ့ညီလို့လား ။ စီး ပွါး ရေး သမား ဆိုတာ အာဏာ ရှိသူနဲ့ပေါင်း သင်း ရတယ် ဆိုတာ ငါနား လည် ပါတယ် ။ ဒါပေမယ့်  NLD တက် လာရင် ဒါမျိုး တွေ ရမယ် မဟုတ် ဘူး ဆိုတာ မှတ် ထား လိုက် ပါ။
စီး ပွါး ရေး ပိတ် ဆို့မှုတွေ ရပ် သွား တဲ့တစ် နေ့၊ ငါတို့ဈေး ကွက် တွေ ပွင့် သွား တဲ့တစ် နေ့ကျရင် မင်း တို့တရုတ် တွေ ဗမာပြည် မှာ ချိုချိုချောင် ချောင် နဲ့လာပြီး စီး ပွါး ရှာလို့မ ရတော့ဘူး ဆိုတာ မှတ် ထား လိုက် ပါ။

written by့ hteinhteinlin, August 03, 2011
တရုပ်ရယ်၊မြန်မာရယ် ဆိုပြီးလူမျိုးေ ရးခွဲခြား တာတော့ မကောင်း ပါဘူးဗျာ၊သူ ကျိုးစားလို့ သူရတာပဲလေ။
ဘာလို့ အဲဒီ လိုပြောရတာလဲ ဆိုတော
့ဝက တလုပ်ဖြစ်နီ လို့ဝေ့။
ဘိန်းဘုရင်ြ ကီးနဲ့၊ ဘိန်းတောထဲမှာ တိုင်းမှူး လုပ်လာတဲ့သူတွေ ဆိုတော့ အဟေ့ဟေ့။သဘောပေါက်။
ဘာလို့ အဲဒီ လိုပြောရတာလဲ ဆိုတော
့ဝက တလုပ်ဖြစ်နီ လို့ဝေ့။
ဘိန်းဘုရင်ြ ကီးနဲ့၊ ဘိန်းတောထဲမှာ တိုင်းမှူး လုပ်လာတဲ့သူတွေ ဆိုတော့ အဟေ့ဟေ့။သဘောပေါက်။
written by winzaw, August 03, 2011
ထွန်းမြင့်နိုင် still dealing drugs from ကိုးကန့်ဒေသ to thai, HK, UK, USA.using asia world highway project road,ရန်ကုန် ဆိပ်ကမ်း and ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး လေဆိပ်.(no need past custom.)
that why he's rich.
that why he's rich.
written by Patriot, August 03, 2011
All countries have national protection policy. Why not Myanmar have such policy! Rich Chinese will not be loyal to our country!
written by ym0012, August 02, 2011
တရုတ်ဖြစ်စေ မြန် မာဖြစ်စေ မိမိအကျိုး စီးပွါး တစ်ခုတည်း အတွက်ပြဲ ကည့်မယ် ဆိုရင်တော့ ဘယ်အရာမှ မကောင်းနိုင်ဘူး
written by thanmyint, August 02, 2011
Do you know why ထွန်းမြင့်နိုင် plan to do this မူဆယ်-လားရှိုး- မန္တလေး လမ်း, ဆိပ်ကမ်း, ရန်ကုန်အပြည်ပြည်ဆိ
written by jme, August 01, 2011
သတိ... ပြောတဲ့ကောင် အရင် ရိုက်သတ်စားခံရမယ်နော်
Dont write anti-chinese article.
You burmese want to be rich, try hard and do your own business.
Dont be jealous other person. ထောက်ခံတယ်
ဒီစာသားကို...
Dont write anti-chinese article.
You burmese want to be rich, try hard and do your own business.
Dont be jealous other person. ထောက်ခံတယ်
ဒီစာသားကို...
written by aung myint, July 31, 2011
မြန်မာပြည်မှာ တရုပ်တွေစီပွာရေး လုပ်နေတာက မသာအိမ်မှာ ဖဲရိုက်နေတာ... ........ ပစ်ဆံပေရင် ဗိုလ်ချူပ်တွေတောင် ပါးရိုက်လိုရနေတာပဲ
written by ၀, July 31, 2011
်တေဇ ချမ်းသာ တာ ကျနော် တို့ ဂုဏ်ယူစရာ မလို .. တရုပ်တွေ ချမ်းသာ တာလည်း ကျနော် တို့ ဂုဏ်ငယ် စရာမဟုတ် ။ လုကံ ၀ကံ ဘဲ ။ ကိုယ်ရှိ မှ ကိုယ်စား ..ငတေဇ ချမ်းသာ လို့ ကျုပ် တို့ ကို ဆန် အလကားဝေမှာ လား .. တရုတ်တွေ မုန်းတယ် လို့ပြောရုံ ကလွဲ လို့ ဘာတတ် နိုင်ကြလို့လည်း .. အစိုးရ ကတောင် အပေါက်ဖော်ထား ပေးပြီးမင့်ဟာ ... တရုတ် ရဲ့ အမှိုက် ပစ်စရာ နိုင်ငံ အဆင့်က တက်ပြီး ကြယ်ရံ နိုင်ငံ တခုဖြစ် လာစရာ ရှိနေပြီ ( ဒီအစိုးရ ဆက်ရှိနေ ရင်ပေါ့).. စစ်အစိုးရ က တိုင်းပြည် တစိတ်တပိုင်း ကို ရောင်းစား ပေါင်စား ပေးစား လိုက်ပြီးပြီ လို့ ထင်တယ် .. ဘာမှပူစရာ မရှိ တနေ့ကြရင် ကျုပ် တို့အားလုံး သေသွားကြမှာဘဲ ..
written by lwin tun27, July 30, 2011
Asia world ပိုင် ဦးထွန်းမြင့်နိင် ရဲ့မဟာမဟာ စီမံကိန်းလုပ်ငန်းတွေက
ပြည်တွင်းနိင်ငံသားတွေ ကိုအကြွေးစနစ်နဲ့ (ငွေထုတ်ရက်ချိန်းမမှန်) တာ
အားနာဖို့ကောင်းပါတယ်။
(တရုတ်အစိုးရ အသိုင်းအ၀န်းမှာ ဦးထွန်းမြင့်နိုင် ပေါက်ရောက်မှုရှိနေခြင်းဟာ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ခြင်း၊ ယခုလက်ရှိ မြန်မာပြည်အနှံ့ တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတွေ၊ တရုတ်ချေးငွေနဲ့ တည်ဆောက်နေတဲ့ နေပြည်တော်လေဆိပ် အပါအ၀င် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကြီးတွေကို ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီတခုတည်းကသာ တည်ဆောက်ခွင့်ရရှိခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်)

written by Mandalay Chinese, July 30, 2011
You lazy Burmese always blaming on Chinese.
Every business people have to make relation with the authority. That is a normal thing.
If NLD become a government Chinese business man will continue with NLD.
Fortunately many Chinese got high positions in the Tatmataw, e.g Ne Win, Aung Gyi, San Yu, Maung Aye, Tin Aung Myint Oo, Min Aung Hlaing. So we Chinese are very proud of them.
So Chinese prefer to do business with Tatmataw.
That is simple thing.
Don't blame on us anymore.
written by WILFRED NAING, July 28, 2011
စီးပွားရေးကနေစပြီးတော့ တဖြေးဖြေးနဲ့နိုင်ငံရေး၊ ပြီးတော့ အာဏာပါချုပ်ကိုင်တော့မှာ၊
written by actor, July 28, 2011
TO U maung maung;
zaw zaw father's name is not U kyi wann. u wrong, his parents are still stay in yay kyi. they r not mix blood.
zaw zaw father's name is not U kyi wann. u wrong, his parents are still stay in yay kyi. they r not mix blood.
written by myanmar, July 28, 2011
Normally, whoever wants to be rich also country governments.They think about to do the business possibilities of the surrounding economy of them. Myanmar is also trying to do above mentioned but US & EU made the
sanction so they can't do the business with them. Other wise, they want to cooperate in business with EU & US. Now sanction has been effected not only on Myanmar but also on EU & US. Actually suffered the inland people. Most of expatriates don't know nothing and can't convince suffering inland people because they are living out side of Myanmar.

written by khunmannpayy, July 28, 2011
ဦးတေဇ ချမ်းသာတာကို ..ကြံဖန်ပြီး ဂုဏ်ယူတဲ့သူက ရှိသေးတယ်...
အစိုးရသာ အာဏာကို လက်ကိုင်မထားပဲ မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ရင်....
ဥာဏ်ရှိကြမယ်ဆိုရင် မြန်မာတစ်မျိုးသားလုံး လူတစ်လုံး သူတစ်လုံး ဖြစ်ပြီး ချမ်းသာတာ ကြာပေါ့ဗျာ...
အစိုးရသာ အာဏာကို လက်ကိုင်မထားပဲ မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ရင်....
ဥာဏ်ရှိကြမယ်ဆိုရင် မြန်မာတစ်မျိုးသားလုံး လူတစ်လုံး သူတစ်လုံး ဖြစ်ပြီး ချမ်းသာတာ ကြာပေါ့ဗျာ...
written by ဦးဇော်, July 28, 2011
အတည်မပြုနိုင်သော သတင်းတစ်ရပ် အရ ဦးထွန်းမြင့်နိုင်သည် ဦးတေဇထက် ပို၍ချမ်းသာသူဟု လွန်ခဲ့သော ခြောက်လ ခန့်ကတည်းက သတင်းထွက်နေခဲ့ပါသည်။
written by Tine Yin Thu, July 28, 2011
General Min Aung Hlaing also Chinese,he can speak Chinese very well and also best friend of China Government.I don't want to say we hate Chinese before but because of Myitsone Dam I hate Chinese government, Asia World and All general in Myanmar.They kill irawaddy and who lives near that river and who earn their money for their life. I do believe they have to pay what they did one day.Please remember my comment their day will come soon.
written by Maung Maung, July 28, 2011
U zaw Zaw looks like a Bamah , but his father's name is U Kyin Wann....This also indicate what mixed blood he is.
U Maung Maung
U Maung Maung
written by myochit, July 28, 2011
မြန်မာပြည်ရဲ့ အချမ်းသာဆုံး လို့ ဆိုရမယ့် ထူး ကုမ္ပဏီက ဦးတေဇကေ တာင် “တရုတ် အများစုက မြန်မာပြည်မှာ နိုင်ငံသား ခံယူပြီး သူတို့ အချမ်းသာ ဆုံးလို့ ကြွားေ နကြတယ်၊ ဒါပေမယ့် သူတို့က မြန်မာစစ်စစ် မဟုတ်ပါ ဘူး” ......သူက မှန်တာပြောတာ. ...သိချင်ရင်မ န်းလေးကို သွားကြည့်ပေါ့.... ဘာပဲဖြစ်ဖြစ်. .ဗမာဖြစ်တဲ့. .ဦးတေဇ. .ချမ်းသာတာတော့. .ဂုဏ်ယူတယ်ကွာ...
written by ဗိုက်ကလေး, July 28, 2011
လာပါပြီဗျာ.. .ကမ္ဘာကျော်. .သူခိုးများနဲ့ ...ကမ္ဘာ့  သူတောင်း စားကြီးများ....
written by MM Citizen, July 27, 2011
Actually AW is still involving drugs dealing to US and Europe via HK, THI & some other countries...Some members of Yunnan Province Govnt also involved in that plot...MM Govt already knew on it...
Lor Sit Han & his son are Main Land China SPYs!
Lor Sit Han & his son are Main Land China SPYs!
written by bamar, July 27, 2011
This site always say to this case.How about burmese peole at thailand? more than 2 million at there ,how many people are having company and educated? u see it http://www.maukkha.org/index.p...Itemid=272 ,Pleople don;t hard work ,never (never ) never improved it.Understand.
written by pout baw, July 27, 2011
Dont write anti-chinese article.
You burmese want to be rich, try hard and do your own business.
Dont be jealous other person.
You burmese want to be rich, try hard and do your own business.
Dont be jealous other person.
written by Ko Htake Tang, July 27, 2011
လာရာလမ်းကြောင်းမမှန် တာရယ် ၊ တိုင်းရင်းသားစစ် စစ် ကပေါက် ဖွားလာ သူမ ဟုတ် တာရယ် ကြောင့် ၊ အသုံးချလို့ “၀”
ရင် အချိန် မရွေး ဖယ် ရှားပစ် နိုင် ခြင်းဟာ အာဏာရှင် စိတ် ဓါတ် ရှိသူများရဲ့ လုပ် ရပ် တစ် စိတ် တစ် ပိုင်းဖြစ် တာမို့၊ တစ်
သက် လုံးမွေးလာတဲ့“ကြက် ”တစ် မနက် တည်းနဲ့ရိုက် သတ် တယ် ဆိုတဲ့ စကားပုံလို ဖြစ် မလာနိုင် ဘူးလို့ ဘယ် သူကမှအာမ
မခံနိုင် ကြောင်းပါ။

Write comment
| < Prev | Next > |
|---|