တိုက်ပွဲများက KIA အား ခွဲထွက်ရေးဆီသို့ တွန်းပို့နေပြီလား

“ကချင်ပြည် လွတ်လပ်ရေး” ဆိုတဲ့စကားဟာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တည်ရှိတဲ့ လိုင်ဇာမြို့က ဒေသခံပြည်သူ တွေကြားမှာ အခုတလော ခေတ်စားနေ ပါတယ်။

KIA-Soldiers-01KIA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေတာတော့ မနေ့ကအထိပါပဲ။ နှစ်ဘက်တိုက်ပွဲတွေအတွင်း အစိုးရဘက်က ပစ်တဲ့ လက်နက်ကြီး ကျည်ဆံတွေ တရုတ်နယ်ထဲ ကျတယ်လို့လည်း သိရပါတယ်။ 

KIA ခေါင်းဆောင်တွေကတော့ လွတ်လပ်ရေးဆိုတဲ့ စကား မသုံးပါဘူး။ သူတို့က ဗဟိုအစိုးရဆီကနေ ကချင်လူမျိုးတွေအတွက် နိုင်ငံရေး အခွင့်အရေးတွေကိုပဲ ပိုတောင်းဆိုနေတာပါ။

ဒါပေမယ့် အစိုးရအနေနဲ့ KIA ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တောင်းဆိုချက် တွေကို ဘာမှ တုန့်ပြန်မှုမရှိဘူး ဆိုရင်တော့ အစိုးရနဲ့ သူတို့ကြားမှာ အင်အားအစွမ်းကုန်သုံးတဲ့ စစ်ပွဲတပွဲ မလွှဲသာ မရှောင်သာဖြစ် လာနိုင်ပြီး နောက်ဆုံးမှာ သူတို့ကို မြန်မာပြည်ကနေ ခွဲထွက်ဖို့ ဖိအားပေးသလို ဖြစ်သွားနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုနေ ကြပါတယ်။ KIA ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ၁၉၆၁ ကတည်းက စပြီး တိုက်ပွဲဝင်လာ ခဲ့တာပါ။

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့ လိုချင်ပါတယ်။ ဒါပေမယ့် အစိုးရက ကျနော်တို့နဲ့ ဆက်စပ် ဆောင်ရွက်တဲ့နေရာ မှာ အင်အားသုံးပြီး ဖြေရှင်းမယ်ဆိုရင်တော့ ကျနော်တို့ကို ၁၉၄၈ ခုနှစ် မတိုင်ခင် အခြေအနေတွေဆီ တွန်းပို့သလို ဖြစ်ပါလိမ့်မယ်” လို့ KIA ဒု - စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ပြောပါတယ်။

KIA-Soldiers-02KIA နဲ့ အစိုးရကြားက တိုက်ပွဲတွေအဆုံးသတ်ရေးအတွက် နှစ်ဘက်ဆွေး နွေးမှုတွေမှာ ဗိုလ်မှူးချုပ် ဂွမ်မော်ဟာ KIA ဘက်ကနေ အဓိက ဆောင်ရွက်နေသူ ဖြစ်ပါတယ်။  

၁၉၄၈ မတိုင်ခင်ဆိုတာက လွတ်လပ်ရေးမရခင် မြန်မာပြည်မှာ ပြည်မနဲ့ တောင်တန်းဒေသဆိုပြီး ကွဲနေသလိုမျိုး တခါပြန်ကွဲသွား နိုင်တဲ့ အနေအထားကို သူဆိုလိုချင်တာဖြစ်ပါတယ်။ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးတွေ အများစုနေထိုင်ရာ တောင်တန်း ဒေသတွေဟာ အဲဒီအချိန်တုန်းက ဗြိတိသျှလက်အောက်မှာ သီးခြားအုပ်ချုပ်ရေးနဲ့ တည်ရှိခဲ့တာပါ။

တကယ်လို့ အစိုးရကသာ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် KIA အနေနဲ့ ၆ လ ယာယီ အပစ်အခတ် ရပ်စဲဖို့ သဘောတူမယ်လို့ KIA ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းမှာ ထည့်သွင်းရေးသား ထားတာကို တွေ့ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ကိုယ်စားပြုတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ကိုလည်း ဒီဆွေးနွေးပွဲမှာ ဦးဆောင်တဲ့ကဏ္ဍကနေ ပါဝင်ဖို့ KIA က လိုလားပါတယ်။

KIA ခေါင်းဆောင် အတော်များများ အနေနဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲသာ ဖြစ်မြောက်မယ်ဆိုရင် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပေးဖို့ ဆန္ဒရှိကြပါတယ်။

KIA-Soldiers-03အစိုးရအနေနဲ့ နိုင်ငံရေးဆိုင်ရာ လိုက်လျောမှုတွေ မလုပ်ဘူးဆိုရင် ဘာဖြစ်လာမလဲလို့ မေးကြည့်တဲ့အခါ ဗိုလ်မှူးချုပ်ဂွမ်မော်က “စစ်ပွဲတွေဆက် ဖြစ်နေမှာပေါ့ဗျာ။ ဆုံးဖြတ်ချက်ချဖို့က အစိုးရပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့က သင့်တော်တဲ့ ဖြေရှင်းမှုတွေ ကိုပဲ တောင်းဆိုတာပါ” လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကချင်လူထု သဘောထားကို သိနိုင်ဖို့အတွက် KIA ခေါင်းဆောင်တွေဟာ လူထုဆွေးနွေးပွဲ တရပ်ကို လိုင်ဇာမြို့မှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ် ဒေသ အသီးသီးက ကိုယ်စားလှယ် ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုက အပစ်အခတ်မရပ်ဘဲ အစိုးရနဲ့ ဆွေးနွေးပွဲ လုပ်သင့်တယ်လို့ ဆိုကြပါတယ်။ ဒီ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ပန်းတိုင်ဟာလည်း စစ်မှန်တဲ့ ပြည်ထောင်စုဆီ ဦးတည်ရေး ဖြစ်သင့်တယ် လို့ ကိုယ်စားလှယ်တွေက တညီတညွတ်တည်းဆိုကြကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြပါတယ်။

အဲဒီလို လူထုဆွေးနွေးပွဲကနေ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတဲ့ တောင်းဆိုချက်တွေ ထွက်လာပေမယ့် KIA အောက် ခြေမှာတော့ ပြည်ထောင်စုဆိုတဲ့ သဘောတရားကိုတောင် အတော်လေး ခါးခါးသီးသီးဖြစ်နေတာ တွေ့ရပါတယ်။

“ဘာပြည်ထောင်စုလဲ။ လွတ်လပ်ရေး မရခင်က မြန်မာပြည်မှာ ဘာပြည်ထောင်စုမှ မရှိဘူး။ ကျနော်တို့ ကိုယ် ရှိတာနဲ့ ကိုယ့်ဘာသာ ကိုယ် နေခဲ့တာပဲ” လို့ လိုင်ဇာက KIA အရာရှိ ဗိုလ်မှူး တန်ဆန်းက ပြောပါတယ်။

မြန်မာပြည်မြောက်ပိုင်း မိုးမောက်မြို့နယ်မှာ တရုတ်က ဆောက်လုပ်ထားတဲ့ တာပိန် ရေအားလျှပ်စစ် စက်ရုံတရုံနားမှာ ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေကြောင့် ၁၇ နှစ် ကြာ တည်ရှိခဲ့တဲ့ KIA နဲ့ အစိုးရကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားခဲ့ပါတယ်။ အင်အား ၁၀၀၀၀ ရှိတဲ့ KIA ဟာ တရုတ်-မြန်မာ နယ်စပ်ဒေသ တလျောက်ကို ထိန်းချုပ်ထားတာပါ။ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာက KIA ရဲဘော်တွေနဲ့ စစ်ပြေးဒုက္ခသည် ကချင်တိုင်းရင်းသားတွေ ကတော့ မြန်မာအစိုးရကို လုံးဝအယုံအကြည် မရှိကြဘူးလို့ ပြောဆိုကြပြီး ကချင်ပြည် ဘယ်တော့ လွပ်လပ်ရေးရမလဲလို့သာ တွေးဆနေကြပါတယ်။

KIA-Soldiers-04တိုက်ပွဲတွေစတင်ချိန်ကတော့ KIA နဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးဟာ ခပ်အေးအေးသာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်က မြန်မာစစ်တပ်ကို ရောင်းခဲ့တဲ့ စစ်သုံးယာဉ်တွေထဲက တချို့ကို လာသယ်ဖို့ အစိုးရတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ မူဆယ်တဘက်ကမ်း တရုတ်ပိုင် ရွှေလီနဲ့ ကြယ်ခေါင်နယ်မြေထဲ ဝင်ခွင့်ပြုခဲ့တာကိုတော့ KIA ခေါင်းဆောင်တွေက စိတ်ဆိုးကြ ပါတယ်။ အဲဒီလို ခွင့်ပြုခဲ့တာကြောင့် အစိုးရ တပ်တွေက KIA ကို တရုတ်နယ်ထဲကဝင်ပြီး တိုက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ ကောလာဟလတွေတောင် ထွက်ခဲ့ပါသေးတယ်။

ကချင်ပြည်နယ်မှာရှိတဲ့ တရုတ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် KIA အနေနဲ့ စစ်ဆင်ရေးတွေ ကို အထူးထိန်းသိမ်းပြီး လုပ်နေရသလားလို့ KIA ရဲ့ တရုတ် ဆက်ဆံရေး ကိုယ်စားလှယ် ဦးခွန်းနောင်ကို မေးကြည့်တဲ့အခါ သူက “KIAနဲ့ အစိုးရကြားမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာကြဖို့ တရုတ်အစိုးရက တောင်းဆိုတာကို ကျနော်တို့ လေးစားပါတယ်။ ဒါပေမယ့် တရုတ် အကျိုးစီးပွားဆိုပြီးတော့ ကျနော်တို့ မထိရဲတာမျိုးတော့ မရှိပါဘူး” လို့ ပြောပါတယ်။ 

နှစ်ဘက်တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲပါပဲ။ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး လိုင်ဇာနားမှာရှိတဲ့ KIA ရဲ့ အရင် ဌာနချုပ် ပါဂျောင်ကို အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။ တချို့ လက်နက်ကြီး ကျည်ဆံတွေ တရုတ်နယ်ထဲ ကျတယ်လို့လည်း KIA ပြောရေးဆိုခွင့် ရှိသူ တယောက်က ဆိုပါတယ်။

KIA-Soldiers-06အသစ်တဖန် တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးကြောင့် ကချင်ပြည်နယ်ထဲက ပြည်သူ ၂၀၀၀၀ ခန့်ကတော့ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါပြီ။ လိုင်ဇာက ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည် ၁၅၀၀၀ ကျော်ဟာလည်း တိုက်ပွဲတွေ စတင်ခဲ့တဲ့ ဇွန်လ အစောပိုင်းကစလို့ အခုထိ နိုင်ငံတကာမိသားစုရဲ့အကူအညီ ဘာမှ မရသေးပါဘူး။

ဧရာဝတီသတင်းထောက် ဘကောင်း KIA ဌာနချုပ် လိုင်ဇာတွင် သွားရောက် သတင်းယူရေးသားသော Govt Compromise Needed to Avert All-out Civil War: KIA ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။
Comments (18)Add Comment
0
...
written by mraukutharchay, September 19, 2011
ထမင်းစားစရာမရှိလို့ ထမင်းတနပ် ချကျွေးတဲ့ အလုပ်ကို လူတွေအကုန်လုံး လုပ်နိုင်တယ်ကွ ညီအစ်ကိုတွေပြါေ ပာပြီး ကိုယ်ထက် သာသွားမှာကို ကြောက်စိတ် ၀င်နေတဲ့ အကောင်တွေ သူတို့ အကြံ မအောင်ရင် ကချင် အချင်းချင်း သွေးခွဲတဲ့ စကားတွေ ပြောထားကျသေးတယ် ကချင်ညီအစ်ကိုတွေ ကျုပ်က ရခိုင်ဗျ။ သူတို့ပြောကြတယ် တိုင်းရင်းသားေ ဒသတွေက ပြည်တွင်းစစ်တွေကြောင်း မတိုးတက်တာတဲ့ တို့ ရခိုင်ပြည်မှာလေ ပြည်တွင်းစစ် မရှိတာ နှစ်ပေါင်း ၃၀ ကျော်ပြီး ဗျ အခု ထိ စက်ရုံတစ်ရုံ မရှိသေးဘူးဗျ။ တကယ်ဆို ရေခံမြေခံ ကောင်းတဲ့ တို့ရခိုင်ပြည်က မြန်မာပြည်ထဲမှာ ဒုတိယ အဆင်းရဲဆုံးဒေသ ဖြစ်စရာ အကြောင်း မရှိပါဘူး သူတို့ လုပ်ဆာင်နေတဲ့ လူမျိုးကြီးဝါဒ ကြောင်းသာ ဖြစ်နေတယ်ဆိုတာ ခင်းဗျားတိုလည်း သိမှာပါ။
0
...
written by nunu, August 15, 2011
ကချင်သည် ဗမာနှင့်ရန်သူ မဟုတ်ပါ။ စစ်အစိုးရကသာ ကချင်ကို ရန်သူလို သတ်မှတ်နေတာပါ။
0
ပြည်သူတွေကို စာနာပါ
written by ထွန်းထွန်းနိုင်, July 19, 2011
ကျွန်တော် ကတော့ နိုင်ငံရေးအေ ကြာင်းတွေ နားမ လည်ပါဘူး.......။
ဒါပေမဲ့ နှစ်ဘက် စလုံးကို တောင်းဆို ချင်ပါတယ်။ ဘာပဲလု ပ်လုပ် ........ ပြည် သူတွေအတွက် ဦးစားေ ပးစဉ်းစားပြီးတော့ လုပ်ကြပါလို့.... ...........။
0
...
written by ကိုမြန်မာ, July 18, 2011
ခွဲထွ က် ရေး ၊နိုင် ငံသစ် တည် ထော င် ရေး ဆို တာ အပြော လွ ယ် သလော က် အလု ပ် ခတ် တယ် ဆို တာ နိုင် ငံရေး သင် ပု န်း ကြီး လော က် နား လည် တဲ့သူတွေ တော င် နား လည် တယ် ဗျ..ဒီခော တ် ကြီး မှာ ဘယ် လော က် အန္တရာ ယ် ကြီး တယ် ဆို တာ စာ တက် သူတို င်း သိတယ် ..ကျွန် တော် တို့ နိုင် ငံဟာ ပထဝီနိုင် ငံရေး အရမဟာ အင် အား ကြီး နိုင် ငံ၂ခု အကြား မှာ တစ် ပန်း ရှုံပြီး သား ဗျ..........နော က် ပြီး တော့ ဗမာ ဆို တာ မြန် မာ နိုင် ငံရဲ့၇၀ရာ နုန်း နီး ပါး အင် အား ကြီး လူမျိုး စု ဗျ..ဗမာ အများ စု မှာ ခင် ဗျား တို့ ပြော ပြော နေတဲ့မဟာ လူမျိုး ကြီး ဝါဒသာ ရှိရိုး မှန် ရင် ဘာ အင် အား မှမရှိတဲ့ခင် ဗျား တို့ လူမျိုး စု တွေ ကို သေနတ် တစ် ချက် မှမဖော က် ပဲဝါး မျိုပြစ် လို့ ရတယ် ဆို တာ သဘော ပေါက် ပါ...
နော က် ပြီး တော့ ဗမာ စစ် အစိုး ရဆို ပြီး သုံး နေကြတဲကိစ္စ..ဒီစစ် အစိုး ရဆို တာ ဗမာ လူမျိုး ကို ကို ယ် စား ပြုထား တဲ့အဖွဲ.အစည်း မဟု တ် ဘူး ....
လူနည်း စု ကလု ပ် ချင် ရာ လု ပ် နေကြတဲ့အဖွဲ့အစည်း ဆို တာ မမေ့ပါနဲ့...တစ် ကယ် တော့ ဗမာ အများ စု ကလဲခင် ဗျား တို့ နဲအတူတူနင်း ပြား တွေ အဖိနှိပ် ခံဘဝတူတွေ ပါဗျ....
.ခင် ဗျား တို .မီဒီယာ တစ် ချို့လု ပ် တာ နဲ့တင် ဗမာ လူမျိုး ဆို တာ ကလိမ် ကကျစ် လူမျိုး ဖြစ် နေပြီ....
ဗမာ တွေ ရဲ့သဘော ထား ကို သိချင် ရင် ရန် ကု န် လို မြို့ကြီး ပြကြီး မှာ သွား ရှာ လို့ ကတော့ တွေ့ မှာ မဟု တ် ဘူး ....
ဗမာ အရင်း မြစ် ဒေသကြီး တွေ ဖြစ် တဲ့အထက် အညာ ဒေသတွေ မှာ သွား နေကြည့် စမ်း စေချင် တယ် ဗျာ ...
ဗမာ ဆို တာ ဘယ် လို လူစား မျိုး တွေ လဲဆို တာ အပြော မဟု တ် ဘူး ဆို တာ ခင် ဗျား တို့ မြင် သွား မယ် ..
.နော က် ပြီး ခင် ဗျား တို့တစ် တွေ အဲ့ဒီလူမျိုး ကြီး ဝါဒဆို တဲ့စကား ကို ထပ် ခါတလဲလဲပြော နေရင် ဗမာ တွေ စိတ် ထဲမှာ တစ် ကယ် ထင် လာ ပြီး စိတ် နာ လက် တု န့် ပြန် လာ ချိန် မှာ တစ် ကယ် နစ် နာ မှာ ကလူနည်း စု တွေ ဗျ......
...ဗမာ မပါပဲဘယ် လူမျိုး စု မှသီး ခြား နိုင် ငံမထူထော င် နိုင် ဘူး ဆို တာ သဘော ပေါက် ကြစမ်း ပါဗျာ ...
.မဖြစ် နိုင် တာ တွေ ခဏခဏလေကု န် ခံပြီး ပြော နေမဲ့ အစား ဗမာ လူထု ကြီး နဲ့လက် တွဲပြီး တို က် ကြတာ ကမှအမြတ် ထွ က် အုံး မယ် ဗျ....
ဗို လ် ချုပ် အော င် ဆန်း တို့ သား အဖလို ခင် ဗျား တို့လူနည်း စု တွေ အပေါ် မေတ္တာ ထား လို လား တဲ့ ဗမာ တွေ ရှိတယ် ဆို တာ မမေ့ကြလေနဲ့
0
COMPROMISE!!
written by chindits, July 16, 2011
WASHINGTON, I think KIA must believe they COMPROMISED way too much just in the name of PEACE. They tried participating in military government's sham election with positive attitude. They tried giving up lands when military government asked to give them up. They held their tongue when their troops were murdered in masses during peace time by government troops in hope of betterment for PEACE.

SO when you ask KIA to compromise again, they would laugh because KIA, SSA, and KNU are not trying to get their rights to govern their lands. They are trying to practice their rights to govern as agreed in PANGLONG AGREEMENT.
0
လုပ်ပါဦး
written by စစ်ခွေး, July 15, 2011
ကဲ... ပြောကြပါဦး ရွေးေ ကာက်ပွဲကို ထော က်ခံပြီး မဲပေးခြဲ့ ကသူတွေ။ ခင်ဗျားတို့ ပြောခဲ့တဲ့ အပြောင်း အလဲ ဆိုတာ ဒါလား။ ဒါကို ဆိုလိုတာ ဆိုရင်တော့ ဒါဟာ အပြောင်း အလဲ မဟုတ်ဘူး၊ သမိုင်းနော က်ကြောင်း ပြန်လည်သွား တာ။ အာဏာရှင် အစိုးရ၊ စစ်အစိုးရ ဆိုတာ ဘယ်တော့မှ အကျင့် မပြောင်းဘူး၊ အပြောင်း အလဲ လိုချင်ရင် သူတို့ ခုံနေရာ ပြောင်း သွားအောင် လုပ်မှရမှာ။ အဲဒါကို ဘယ်လို လုပ်ရမလဲ သာ အစဉ်တစို က်ကြိုးစားရမှာ။ ကြားထဲက ဖြတ်ဝ င်လာတဲ့ အခြေခံ ဥပဒေတို့ ရွေးကောက်ပွဲတို့ကို အသိအမှတ် မပြုပဲ ကိုယ်လိုချင်တာကိုပဲ အာရုံစိုက် လုပ်ရမှာ။ အခုတော့ နိုင်ငံရေး သမားတွေက လေယူရာကို လိုက်ရိမ်း သလို ဖြစ်နေကြတယ်။ စစ်အစိုးရက ကစား သမျှကို အနောက်ကနေ လိုက်ကစားေ နကြတယ်။ ဗိုလ်ချုပ်အော င်ဆန်းတို့တုန်းက ခင်ဗျားတို့လို ဝေလေလေ သာ လုပ်ခဲ့ရင် ကျွန်တော်တို့ ခုချိန်ထိ အဲလိဇဘက် ဘုရင်မြ ကီးကို အလေးပြုေ နရဦးမှာ။
0
Do not slipt from Burma
written by ko tun, July 15, 2011
What we really need is democracy in Burma.But all the ethnic army fight the Burmese government
for their own independent.If we have democracy we can live peacefully together.What is the problem
is ethnic armies are not in union. When the DKBA started to fight in Myawadi why was not KIA silent? ?
When the KIA started to fight why was not NMSP(new mon state army) silent?
When the Buddhist monks walk on the street and protest the SPDC why the ethnic army silent?
I wane to suggest to all ethnic army,, FIGHT AT THE SAME TIME,,DO NOT FIGHT INDIVIDUALLY.

0
must compromise both sides
written by washington, July 15, 2011
lives are precious.please think for peace.government should compromise to some extent and respect the federal system.but KIA should not separate from UNION.we are staying in a same land.government should give up the Burma majoritylism.hope try to solve this tension by peace.stop bloody days!
0
...
written by zaw seng, July 15, 2011
China will be down oneday if they still holding not equal trade with other country.In Asia they have problem about island and in US they want their manufactures bring back to country.Now they are involving in our country politic.We are waiting that day china will down event whole world.
0
...
written by ရိုးမတစ္ဆေ, July 15, 2011
လက် ရှိဗမာ လူမျိုး အစိုး ရ ရဲ့ ဗမာစိုး မိုး ရေး ဖွဲ့စည်း ပုံအခြေခံဥပဒေ နဲ့ လုပ် နေတ စနစ် ကိုလိုက် နာသွား မယ် ဆိုရင် တိုင်း ရင်း သား လူမျိုး စုတွေ ထုံး တမ်း စဉ် လာယဉ် ကျေး မှုပျောက် ၊ဌာနေပျောက် ၊နောက် ဆုံး လူမျိုး ပါပျောက် သွား ဖို့ဘဲရှိ
တယ် ။ ကိုယ့် လူမျိုး ၊ကိုယ့်် ဌာနေ၊ကိုယ့် ယဉ် ကျေး မှုကို ကာကွယ် နိုင် တဲ့ ပြည် ထောင် စုစစ် စစ် မရမခြင်း တိုက် ပွဲဝင် နေရမှာ
ဘဲ။ ရွေး ဖို့လမ်း မရှိဘူး ။ အဲ--- ဗမာလူမျိုး က တခြား တိုင်း ရင်း သား တွေကို သူတစ် ကျပ် /ကိုယ် တစ် ကျပ် ညီအစ် ကိုရင်း တွေလိုစိတ် ထား မွေး လာပြီဆိုရင် တိုင်း ပြည် သာယာအေး ချမ်း တိုး တက် ဖို့လမ်း စပေါ်လာမယ် ၊
0
တောင်ပေါ်သား........
written by မျိုးမင်းအောင်, July 15, 2011
တော င်ပေါ်ြေ မပြန် သီးသန့်အု ပ်ချူပ်မှူကိုေ ထာက် ခံသည်. . .......... ..တော င်ပေါ် သားေ တြွေ မပြန်နှ င့် ခွဲထွက်စေချ င်သည်
............
0
ဗိုလ်မူး တန်ဆန်းပြောတာ မှန်လိုက်တာဗျာ..မကျေနပ်ရင် ခွဲထွက်လိုက်ကွာ..အဲ့ဒါကောင်းတယ်...
written by BOBO, July 15, 2011
တိုင်း ရင်း သား တွကို ဘယ်တုန်း က ညှာခဲ့လို့ လည်း ဗျာ...
တဆိတ်ရှိ နှိပ် စက် ညှင်း ပန်း ဖို့ လောက် ပဲစိတ်ကူး နေ တာဗျာ... ငါတို့ တိုင်း ရင်း သားေ တွ အခွင့်အရေး ဆိုတာလဲ.
တစ်ခုမှကို မရှိဘူး အခွင့်ေ ကာင်း ရနေတာ ဗမာတွေနဲ့ စစ်ဗိုလ်ေ တွကြီး ပဲ ယူထား ကျတာဗျာ..ကျနော်ကတော့ ဗိုလ်
မူး
တန်ဆန်း ပြောသလို့ပြည် ထော င်စုဆိုတာ နာ မည်ေ ကာင်း ယူပြီး တိုင်း ရင်း သား တွေကို ညာ နေတာ လိမ်နေတာဗျာ.
.နှစ်ပေါင်း မနည်း တော့ဘူး အခု မကြာသေး ဘူး .. တော င်ဆူး ဒန်နို င်ငံဆိုတာ.. ပေါ်ပေါက် သွား ပြီ ကမ္ဘာမှာ.. ကချင်ေ
တွလည်း ကချင် နိုင်ငံတ ည်ေ ထာင်လို့ရပါ တယ်ဗျာ...ခွဲ ထွက် ရေး ကို ဦး စား ပေး တယ်ဗျာ..မ နှေး စေနဲ့. .စီး ပွား ရေး
နောက်ကျတ ယ်ဗျာ..သူများ နိုင်ငံတွေ..တိုး တ က်နေပြီး မြန်မာ နိုင်ငံက မွဲပြာကျနေတုန်း ...ကောင်း ဆဲ့ပဲ။ ပူး ပေါင်း
မနေနဲ့ဗို့ ခွဲထွက်ပါ.. အား ပေး တယ်။
0
အဆင်မပြောရင်ခွဲပါ
written by Monmyochit, July 14, 2011
အဆင်မပြေ ဒီလို ရန်ဖြ စ်နေကြမယ့် အစား၊ အယ င်ကလို့ တ သီးတ ခြားနေ ကြတာပါ လဲကောင်းပါ တယ်။
0
တရားသောစစ်
written by 9-9,, July 14, 2011
တောင်တ န်းနဲ့ ပြည်မ ကွသြွားခဲ့ရင် သမို င်းတရား ခံတွေထဲမှာ စစ်အစိုးရရဲ့ ရွေးကော က်ပွဲကို လ က်ခံခဲ့တဲ့ ဦးခင်မော င်ဆွေတို့ေ တွလည်းပါ တယ်။
0
...
written by lwoisamsip, July 14, 2011
I wanted freedom to kachin state.If freedom my born state have sure developement.
0
မဖြစ်နိုင်
written by MM, July 14, 2011
ဒေသတွင်း ပြည် သူေ တွရဲ့ KIA အပေါ် ထောက် ခံမှုကို မေးခွန်း ထုတ် သင့် ပါတယ် ။ ကချင် ပြည် နယ် ဆိုရာမှာ ဒေသတွင်း မှီတင်းနေ ထိုင် ကြတဲ့ ပြည် သူေ တွမှာ မတူညီတဲ့ လူမျိုးစု မျိုးနွယ် အခြေခံရြှိ ကပါတယ် ။ ဒေသတွင်း အနေ အ ထားအရ Kachin Independence Army/Organization (KIA/O) ဆိုရာမှာ ကချင်ြ ပည် နယ် ကို ကိုယ် စား မပြုပါဘူး။ KIA ဆိုတာ ဂျိန်းဖော လူမျိုးကိုသာ ကိုယ် စားပြုပါတယ် (ဒါကို မငြင်းနိုင် ပါဘူး။)။ ဒေသ တွင်းမှာရှိတဲ့ တခြားတို င်းရင်းသားေ တွက KIA ကို မကြိုက် ပါဘူး။ KIA ကိုယ် တိုင် က အတိတ် မှာ ကျူး လွန် ခဲ့တဲ့ အမည်းရိပ် တွေ နောက် မှာ ကပ် လိုက် နေ ပါတယ် ။

လက် ရှိ ဒေသတွင်း အခြေအေ နအရ (နိုင် ငံရေးလို့ ပြောလို့ မရပါ) အခု ဖြစ် နေတာက ကေအိုင်ေ အနဲ့ ဗမာစစ် တပ် ကြားမှာ အကျိုး စီးပွား လုနေတာ ဖြစ် ပါတယ် ။ ဟိုးအရင် က တည်းက/ ခင် ညွန့် နဲ့ ငြိမ်း ချမ်းရေး ယူကတ ည်းက KIA က ကျောက် စိမ်း/သစ် တော စတာတွေကို အ သုံးပြုပြီး ပိုက် ဆံ ရှာခဲ့ပါတယ် (အေ ထာက် အထား အပြည့်  အစုံရှိပါတယ် ။)။ အခွန် ကော က် ခဲ့ပါတယ် ။

အခုနောက် ပိုင်း ဘာဖြစ် လာ လဲဆိုတော့ ကချင် ပြ ည် နယ် ဒေသ တွင်းမှာ စီးပွားရေးလုပ် ငန်းတွေကို ဗမာအစိုးရက တဖြည်းဖြည်းသိမ်းကြုံးလာတော့ KIA က လုပ် စရာ မကျန် တော့ပါဘူး။ ပိုက် ဆံရလမ်းပိတ် သွားတော့ အဝေမတည့် ဖြစ် ပြီးတော့ စလာတာပါ။ နောက် တစ် ခုက KIA လူကြီးတွေက ဗမာနဲ့ စစ် ဖြစ် လို့ အနေမချောင် ရင် လဲ၊ လိုင် ဇာကျသွားရင် လဲ ပြေးစရာမြေ၊ အိမ် တွေ တရုတ် နိုင် ငံ၊ ယူနန် ပြည် နယ် မှာ အဆင် သင့် ရှိပါတယ် ။ ယူနန် ပြည် နယ် တွင်းမှာလဲ တရုတ် ပြည် က ကချင် မျိုးနွယ် စုတွေ အများကြီး ရှိပါတယ် ။

တကယ် တော့ တိုင်းရင်းသား ခေါင်းဆောင် ဆိုသူတွေ ပြောနေတဲ့ လွတ် လပ် ရေး၊ ကိုယ် ပိုင် အုပ် ချုပ် ရေး စသည် ဖြင့်  ပြောေ နတာတွေက ရယ် စရာကြီးပါ။ .. ကိုယ် ကျိုးအတွက် လုပ် နေတဲ့ လူတွေပါဗျာ ...
0
ကြေငြာ လိုက်ပါ
written by လူမောင်, July 14, 2011
လေသံပစ်မနေပါနဲ့။လွန်ခဲ့တဲ့လေးငါးနှစ်ကပဲ ရှမ်းပြည်လွပ်လပ်ရေးတွေဘာတွေကြေငြာပြီး သမတ တွေဘာတွေ
ပေါ်လာသေးတယ်။ခုဘယ်ပျောက်သွားပြီလဲ။ခင်ဗျားတို့ပဲနိုင်ငံရေးဖြစ်စဉ်ထဲကဘေးရောက်သွားမှာ။
ခင္ဗ်ား တို့ ပဲလူမ်ိဳးေ ရးအျ မင်ကျဉ်းကျ ဉ်းလေးနဲ့ ပြ ည်သူကို မှိုင်းတို က်စစ် တိုက်ခိုင်းေ န တာ။
လက်နက် ကိုင်လမ်းစဉ် မှာစည်း ရုံးစရာလမ်းစဉ် ဟုတ်တိပတ် တိမရှိတော့ အစွန်းရော က်အမျိုး သားေ ရးတွေနဲ့
ေ သွးခွဲစည်း ရုံးစ စ်တိုက်ခို င်းနေတာ။ဗ မာနဲ့ အခြားတို င်းရင်း သားတွေနဲ့ ဘယ်သူကေ တွက အစွန်းရောက် အမျိုး သားရေး
သမားတွေ လဲဆိုတာ သိ နိုင်တယ်။
0
fight back colonists(burmese)
written by myitkyina boy, July 14, 2011
We the kachin people had been fighted together with american in I & II WW.We're asking help american Govt today.We will block china and India unity in the future.kachin land is very important among political strategy because main rivers come from kachin's land,and locate between two big nation.Don't worry living God gave us this land.Living God will help us.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်