စစ်အုပ်ချုပ်ရေးသက်တမ်း ၂၂ နှစ်ကာလအတွင်း အကန့်အသတ်မဲ့ ကြီးထွားလာတဲ့ ခရိုနီစီးပွားရေးရဲ့ အကောင်းဆုံးနမူနာကို ပြပါဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော သူ့မိသားစုနဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အသက် ၄၀ ကျော်အရွယ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင်ဆိုတဲ့ “ထူး” ကုမ္ပဏီစုကြီးပဲ ဖြစ်ပါတယ်။တကယ်တော့ “ထူး” ကုမ္ပဏီစုကြီးဖြစ်မလာခင် ဇနီးသည် ဒေါ်သီတာဇော်ရဲ့ မိသားစုပိုင် “ထူးထရိတ်ဒင်း” ကို ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးခေတ်ဦး ၁၉၈၀ နှောင်းပိုင်းကာလမှာ သစ်လုပ်ငန်း စတင်လုပ်ကိုင်ရင်း စီးပွားရေးနယ်ထဲ ခြေချခဲ့တာပါ။ ဦးတေဇဟာ ဦးသန်းရွှေလို ထိပ်တန်းစစ်ခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို အသုံးချပြီး ကုမ္ပဏီကို ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးတခုအသွင် ပြောင်းလဲနိုင်ခဲ့ပါတယ်။
သူ့ကို အချိန်တိုတိုအတွင်း အလွန်ကြွယ်ဝတဲ့ သူဌေးကြီးဘ၀ ရောက်ရှိစေခဲ့တာကတော့ စစ်အစိုးရအတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်ခဲ့ခြင်းပါပဲ။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ရုရှားလုပ် အဆင့်မြင့်မဟာဗျူဟာ ဂျက်တိုက်လေယာဉ်များ အပါအ၀င် စစ်အစိုးရအလိုရှိနေတဲ့ စစ်လက်နက်ပစ္စည်းတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဦးတေဇဟာ စစ်ဗိုလ်ချုပ်များရဲ့ ယုံကြည်အားထားမှုကို ရယူခဲ့တယ်။
အပြန်အလှန်အားဖြင့် အကျိုးအမြတ် ကြီးကြီးမားမားရရှိမယ့် တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်အစိုးရက ဦးတေဇကို ရက်ရက်ရောရော ပေးခဲ့ပါတယ်။ အဲဒီလို စစ်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့်ပဲ ဦးတေဇဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုက ဦးတေဇကရဲ့ စီးပွားရေးခြေလှမ်းတွေကို ရပ်တန့်သွားအောင် မစွမ်းနိုင်ခဲ့ပါဘူး။ မကြာသေးခင်က အမေရိကန်က သတင်းစာကြီးတစောင်ဖြစ်တဲ့ The Washington Times မှာ ရေးသားဖော်ပြခဲ့တဲ့ Burma's first billionaire no military bagman ဆိုတဲ့ ဆောင်းပါးအတွက် Stanley Weiss ဟာ မြန်မာပြည်ကိုသွားရောက်ပြီး ဦးတေဇနဲ့ တွေ့ဆုံခဲ့ပါတယ်။ Stanley Weiss ဟာ ၀ါရှင်တန်အခြေစိုက် သြဇာကြီးမားတဲ့၊ အစိုးရနဲ့မပတ်သက်တဲ့ Business Executives for National Security အဖွဲ့အစည်းကြီးကို တည်ထောင်သူ ဥက္ကဋ္ဌတဦးဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကို မမှုခဲ့တဲ့ ဦးတေဇက Stanley Weiss ကို စီးပွားရေးပိတ်ဆို့မှုတွေက မြန်မာနိုင်ငံက “လူချမ်းသာတွေကို မထိခိုက် သလောက်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။ တကယ်လည်း သူ့ရဲ့ပြောဆိုချက် မှန်ကန်ကြောင်း သက်သေပြနေတာကတော့ တနေ့တခြား ကြီးထွားလာနေတဲ့ “ထူး” ကုမ္ပဏီစုကြီးပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ လူချမ်းသာ အထက်တန်းလွှာတွေသာ နေနိုင်တဲ့ အင်းလျာလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်က ကြီးမားကျယ်ဝန်းပြီး အီတလီနိုင်ငံလုပ် ပရိဘောဂပစ္စည်းတွေအပါအ၀င် အနောက်တိုင်းက အဖိုးတန်းပစ္စည်းတွေနဲ့ တန်ဆာဆင်ထားတဲ့ စံအိမ်ကြီးမှာ လောကစည်းစိမ်းအပြည့်နဲ့ ဦးတေဇ နေထိုင်ပါတယ်။ ဒါ့အပြင် ဦးတေဇဟာ အလွန်ဆိုးရွားပြီး ချိုင့်ခွက်ခလုတ်ခသင်းတွေနဲ့ ပြည့်နှက်နေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်ဖို့ မသင့်လျော်တဲ့၊ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး Lamborghini, Bentley, Ferrari, Mercedes, Lexus စတဲ့ကားတွေကိုလည်း ခြံဝန်းထဲက ကားဂိုဒေါင်မှာ အစီအရီ ခင်းကျင်းထားပါသေးတယ်။
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်အလွန် မြန်မာနိုင်ငံရဲ့ ပထမဆုံး (အမေရိကန်ဒေါ်လာ) ဘီလီယံနဲ့ချီ ကြွယ်ဝတဲ့ သူဌေးကြီးဘွဲ့ ခံယူဖို့ ဦးတေဇတယောက် စိတ်အားထက်သန်နေသလို နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀န်းမှာ သူပိုင်ဆိုင်တဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ ပုံရိပ်ကိုလည်း အကောင်းဖက်ပြောင်းသွားအောင် စိတ်အားထက်သန်စွာ ကြိုးပမ်းနေပါတယ်။
သတင်းဌာနတွေနဲ့ ဝေးဝေးရှောင်နေတတ်သူဖြစ်တဲ့ ဦးတေဇဟာ မကြာသေးခင်က အီတလီနိုင်ငံ ရောမအခြေစိုက် La Repubblica သတင်းစာကြီးရဲ့ သတင်းထောက် Raimondo Bultrini ကို သူ့ရဲ့နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဦးတေဇက “နိုင်ငံခြား သတင်းထောက် တယောက် တွေ့ဆုံတာ ကျနော့်အတွက် ဒါဟာ ပထမဆုံးပါပဲ။ ခင်ဗျားကို လက်ခံစကားပြောရတဲ့ အဓိကအကြောင်းရင်းက ကျနော်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးလူတယောက် ဖြစ်တယ်ဆိုတာကို လူတွေသိအောင် တခါတည်းပြောလိုက်ချင်လို့ပါပဲ” လို့ ပြောခဲ့တယ်။
သူပြောသလို ဘယ်လောက် ချမ်းသာတယ်ဆိုတာ သက်သေပြတဲ့အနေနဲ့ ဦးတေဇဟာ Bultrini ကို တပုလင်း ဒေါ်လာ တသောင်းတန်တဲ့ ၀ိုင်အရက်အကောင်းစားနဲ့ ဘီလီယံနာသူဌေးကြီးတယောက်လို ဧည်ခံခဲ့တာကို အီတလီ သတင်းထောက်က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြန်ပြောပြခဲ့ပါတယ်။ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံတခုက အချမ်းသာဆုံး သူဌေးတယောက်ရဲ့ ရက်ရောတဲ့နေထိုင်မှုပုံစံကို အဲဒီသတင်းထောက် တအံ့တသြဖြစ်ခဲ့မှာ သေချာပါတယ်။
တွေ့ဆုံမေးမြန်းခန်းအတွင်း စီးပွားရေးလုပ်ငန်းတွေကနေ တနှစ်ကို ဒေါ်လာ သန်းပေါင်း ၅၀၀ ၀င်ငွေရရှိကြောင်း ပြောဆိုခဲ့တဲ့ ဦးတေဇရဲ့ “ထူး” ကုမ္ပဏီစုကြီးဟာ ကျောက်စိမ်းနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းများ၊ ကျွန်းသစ်နဲ့ သစ်အခြေခံ လုပ်ငန်းများ၊ ဟိုတယ်နဲ့ အပန်းဖြေစခန်းများ၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၁၀၀ ရာခိုင်နှုန်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း၊ သယ်ယူပို့ဆောင်ရေးနဲ့ အကြီးစား စက်ယန္တယား ငှားရမ်းတဲ့လုပ်ငန်းများ၊ ဓာတ်ဆီနဲ့ ဒီဇယ်အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဘော်လုံးကလပ်တခုနဲ့ FM ရေဒီယိုအသံလွှင်ဌာန တခုတို့မှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြောင်း ဧရာဝတီက ရရှိခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ငန်းများ ဖွဲ့စည်းပုံ အထောက်အထားတခုမှာ ဖော်ပြထားပါတယ်။
“ထူး” ကုမ္ပဏီစုကြီးရဲ့ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုတခုကတော့ Asia Green Development Bank ကိုထူထောင်ပြီး ဘဏ်လုပ်ငန်းနယ်ပယ်ထဲကို ခြေလှမ်းစလှမ်းလိုက်တာပါပဲ။ အဲဒီဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး အွန်လိုင်းဝန်ဆောင်မှုကို ပေးနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း သိရတယ်။
ဒါပေမယ့် အဲဒီအထောက်အထားမှာ ဖော်ပြမထားတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ တခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိပါသေးတယ်။ တနေတခြား ကြီးထွားလာတဲ့ ပြည်တွင်း လက်ကိုင်ဖုန်းဈေးကွက်ကို အစိုးရနဲ့ပူးပေါင်းပြီး ထိန်းချုပ်ထားသလို ဆက်သွယ်ရေး နည်းပညာနယ်ပယ်မှာလည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီး အသစ်တည်ဆောက်ထားတဲ့ ရတနာပုံ ဆိုက်ဘာစီးတီးမှာ အဓိက ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ထားပါတယ်။ ဒါ့အပြင် စွမ်းအင်းဈေးကွက်မှာလည်း ပြည်ပမှ ဓာတ်ဆီနဲ့ ဒီဇယ်ဆီကို အဓိက တင်သွင်းဖြန့်ဖြူးနေသလို ရေကာတာတွေတည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများမှာလည်း ရင်နှီးမြှုပ်နှံထားပါတယ်။
စီးပွားရေနယ်ပယ် အများအပြားမှာ ရင်နှီးမြှုပ်နှံထားတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ အဓိက အမြတ်အစွန်းကြီးတဲ့ လုပ်ငန်းတခုက ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဖြစ်ပြီး ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အကြား တန်ချိန် ၃၀၀၀ ကျော် တူးဖော်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲကနေ ဒေါ်လာ သန်း ၂ ဘီလီယံကျော်အထိ ရောင်းချခဲ့ရတာကိုကြည့်ရင် “ထူး” ကုမ္ပဏီစုကြီးလည်း ကျောက်စိမ်းတူးဖော်ရေးကနေ ဘယ်လောက်အကျိုးအမြတ် ကြီးကြီးမားမားရခဲ့သလဲ ဆိုတာ ခန့်မှန်းတွက်ဆကြည့်နိုင်ပါတယ်။
“ထူး” ကုမ္ပဏီစုကြီးဟာ နိုင်ငံအနှံ့မှာလည်း ရွှေ တူးဖော်ရေးလုပ်ကိုင်နေပါတယ်။ စစ်အစိုးရလက်ထက်အတွင်း ရွှေတူးဖော်ခွင့် လိုင်စင်တွေကို မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင် ကလောမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ်နဲ့ မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်တို့မှာ ရွှေ တူးဖော် နေပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ်နဲ့ ဥရုချောင်းတို့မှာလည်း ရွှေတူးဖော်နေပါတယ်။
ဦးတေဇကို စစ်အစိုးရရဲ့ လက်နက်ကုန်သည် ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကလေယာဉ်လိုင်း ပိုင်ရှင် ဒါမှမဟုတ် မကြာသေးခင်က ထူထောင်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်တခုရဲ့ ဘဏ်လုပ်ငန်းရှင် စသဖြင့် လူသိများကြပေမယ့် သူဟာ လယ်မြေဧက သိန်းချီ ပိုင်ဆိုင်တဲ့ လယ်ပိုင်ရှင်ကြီးတဦးဆိုတာကို လူတွေမျက်စိမှောက်နေကြပါသေးတယ်။
“ထူး” ကုမ္ပဏီစုကြီးရဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ တနင်္သာရီတိုင်းဒေသကြီးက ဆီအုန်းခြံတွေလည်း ပါပါတယ်။ အခုဆိုရင် မြိတ်မြို့နယ်အတွင်းရှိ ကုမ္ပဏီပိုင် ဆီအုန်းစိုက်ခင်း ဧက ၃ သိန်း ၃ သောင်း ရှိနေပါပြီ။ အဲ့ဒီ ဆီအုန်းစိုက်ခင်းတွေအတွက် ကော်စတာရီကာ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက ဆီအုန်းမျိုးတွေ မှာယူတင်သွင်းခဲ့ပါတယ်။ အဲ့ဒါအပြင် စီးပွားဖြစ် သီးနှံအမျိုးမျိုးဖြစ်တဲ့ နှမ်းကအစ သရက်နဲ့ ၀ါဂွမ်း အလယ် ဇီဝလောင်စာထုတ်လုပ်နိုင်တဲ့ ကြက်ဆူပင်အဆုံး ရင်နှီးစိုက်ပျိုး လုပ်ကိုင်ပါသေးတယ်။ ဈေးကောင်းရတဲ့ မြန်မာ့ သနပ်ခါးစိုက်ပျိုးရေးမှာလည်း “ထူး” ကုမ္ပဏီစုကြီးနဲ့ မကင်းပါဘူး။
၂၀၀၀ ခုနှစ်များရဲ့ ပထမ ၅ နှစ်အတွင်းမှာ ဦးတေဇဟာ သူပိုင် ဟိုတယ်တွေနဲ့ အပန်းဖြေစခန်းတွေမှာ လိုအပ်တဲ့ သစ်သီးဈေးကွက်အတွက် သစ်သီးခြံများကိုလည်း ပိုင်ဆိုင်ရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။ ရှမ်းပြည်နယ်တောင်ပိုင်က အင်းတော တိုက်နယ်အတွင်း သရက်နဲ့ လိုင်ချီးခြံ ဧက ၈၀၀၀ ကျော် ပိုင်ဆိုသလို ပြင်ဦးလွင်နဲ့ ရန်ကုန်မြို့တွေမှာ ထိုင်းနဲ့ မက္ကစီကိုနိုင်ငံတို့က မျိုးစေ့မှာယူ စိုက်ပျိုးခဲ့တဲ့ လိမ္မော်သီးနှင့် နဂါးမောက်သီးခြံတွေလည်း ပိုင်ဆိုင်ပါတယ်။
အဲပုဂံ လေကြောင်းလိုင်းအပြင် ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေပါ ပိုင်ဆိုင်ထားတဲ့ “ထူး” ကုမ္ပဏီစုကြီးအတွက် မြန်မာပြည်တွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ထူးခြားပြည့်စုံနေပါတယ်။ လောလောဆယ် မြန်မာပြည်အနှံ့ အဓိကမြို့ကြီး ၁၈ မြို့ကို အဲပုဂံလေကြောင်းလိုင်းက ပြေးဆွဲနေပြီး ပုဂံ၊ ငပလီ၊ ငွေဆောင်၊ ပြင်ဦးလွင်၊ နေပြည်တော်၊ အင်းလေး၊ ပူတာအို၊ ပုသိမ်၊ ပုပ္ပားနဲ့ ရန်ကုန်မြို့တွေမှာ “ထူး” ကုမ္ပဏီစုကြီးပိုင် Aureum Palace ဟိုတယ်နဲ့ အပန်းဖြေစခန်းများနဲ့ Myanmar Treasure Resort အပန်းဖြေစခန်းများ ဖွင့်လှစ်ထားပါတယ်။ တနေ့ကို တဒေါ်လာအောက်သာ ၀င်ငွေရှိပြီး ဆင်းရဲတဲ့ပြည်သူ သန်းနဲ့ချီ နေထိုင်တဲ့ မြန်မာနိုင်ငံက ဒီလိုတန်ဖိုးကြီးမားတဲ့ အထက်တန်းကျကျ တန်ဆာဆင်ထားတဲ့ ဟိုတယ်အိပ်ခန်းတွေမှာ တညတာ တည်းခိုဖို့ ဒေါ်လာ ၈၀၀ ကနေ ၁၂၀၀ အကြားပေးရပါတယ်။
စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ အစောဆုံးလုပ်ငန်းတခုက ဆောက်လုပ်ရေး စက်ယန္တယားကြီးတွေ ငှားရမ်းတဲ့လုပ်ငန်းနဲ့ ၀န်ကြီးတဲ့လုပ်ငန်းသုံးပစ္စည်းတွေ သယ်ယူပိုဆောင်ရေးဖြစ်ပြီး ၁၉၉၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီလုပ်ငန်းတခုတည်းက ကုန်တင်ယာဉ်အစီး ၄၀၀၊ ၀န်ချီစက် ၃၃ စီး၊ ရေကြောင်းက သယ်ယူ ပို့ဆောင်နိုင်တဲ့ ဆွဲသင်္ဘော ၈ တွဲနဲ့ ကုန်တင်ရေယာဉ်တချို့ ပိုင်ဆိုင်ထားပါတယ်။ အဲဒီလုပ်ငန်းမှာ အဓိကအားဖြင့် အစိုးရရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်က စက်ရုံတွေအတွက် ပစ္စည်းသယ်ယူပို့ဆောင်ရေး ကန်ထရိုက် ရရှိထားပါတယ်။
ဒီလို စီးပွားရေးအင်ပါယာကြီး တည်ဆောက်တဲ့နေရာမှာ ဦးတေဇဟာ အိမ်ခြံမြေဈေးကွက်က အခွင့်အလမ်းတွေကိုလည်း လက်လွှတ်မခံပါဘူး။ “ထူး” ကုမ္ပဏီစုကြီးဟာ ရန်ကုန်မြို့က မင်းဓမ္မ အိမ်ယာစီမံကိန်း၊ Palm Court Villa အဆင့်မြင့် လုံးချင်း အိမ်ယာ စီမံကိန်းတွေနဲ့ မြို့ရဲ့အချက်အခြာကျတဲ့နေရာတွေမှာ ကွန်ဒိုမီနီယံတွေ ဆောက်လုပ် နေပါသေးတယ်။ မင်းဓမ္မအိမ်ယာ စီမံကိန်းမှာ အခန်းပေါင်း ၁၅၀ ပါတဲ့ ကွန်ဒိုမီနီယံ ၃ လုံးနဲ့ အဆင့်မြင့်ပရိဘောဂတွေနဲ့ အသင့်နေနိုင်တဲ့ လုံးချင်းအိမ်ယာ ၄၆ လုံးအပြင် Palm Court Villa မှာ ၁၄ လုံး ဆောက်လုပ်ခဲ့ပါတယ်။
ခြုံကြည့်မယ်ဆိုရင် မြန်မာ့စီးပွားရေးမှာ ဦးတေဇလို ခရိုနီစီးပွားရေးသမားတွေရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးအခန်းကဏ္ဍတခုကို ကြည့်ခြင်းဖြင့် စစ်အစိုးရဟာ သူတို့အာဏာခိုင်မြဲရေးအတွက် ဆယ်စုနှစ် ၂ ခုအကြား ခရိုနီစီးပွားရေးကို မဟာဗျူဟာချမှတ်ပြီး အကောင်အထည် ဖော်ခဲ့တာပါ။ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကောင်းတဲ့ လက်တဆုပ်စာ စီးပွားရေးသမားတွေကို တိုင်းပြည်ရဲ့ စီးပွားရေးတခုလုံးကို လွှမ်းမိုးခွင့်ပြုထားခြင်းဖြင့် တဘက်မှာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ခုခံနိုင် စွမ်းရရှိစေခဲ့ပြီး အရပ်ဘက်အသွင် အစိုးရသစ်ကို အာဏာလွှဲပြောင်းပြီး နောက်ပိုင်းမှာလည်း ခရိုနီစီးပွားရေးဟာ တိုင်းပြည်ကို ဆက်လက်လွှမ်းမိုးထား ပါလိမ့်မယ်။
ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးတွေ လွှဲပေးတာနဲ့အတူ ဦးတေဇရဲ့ အရှိန်သြဇာလည်း ကျဆင်းလာနိုင်သလို သူ့ရဲ့နေရာမှာ တခြားခရိုနီစီးပွားရေးသမားတွေဖြစ်တဲ့ မက်စ်မြန်မာ ကုမ္ပဏီစုကြီးပိုင်ရှင် ဦးဇော်ဇော်၊ အေးရှားဝေါ ကုမ္ပဏီပိုင်ရှင် စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်၊ International Group of Entrepreneurs (IGE) ကုမ္ပဏီပိုင်ရှင် ဦးနေအောင်တို့ ရှေ့တန်းရောက်လာနိုင်တယ်လို့ စီးပွားရေးအသိုင်းအ၀န်းက တွက်ဆမှုတွေလည်း ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရသစ်ဟာ တိုင်းပြည်စီးပွားရေးကို မြှင့်တင်ဖို့အတွက် ခရိုနီစီးပွားရေးအပေါ် အကြီးအကျယ် မှီခိုရပါလိမ့်မယ်။ အဲဒီလို အခြေအနေအရ မြန်မာစီးပွားရေးကို လာမယ့်ကာလတွေမှာ လူတိုင်းတန်းတူ အခွင့်အရေးရပြီး လုပ်ကိုင်နိုင်တဲ့ အခြေအနေတခုဖြစ်လာအောင် ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်စွမ်းရှိဖို့ စီးပွားရေးကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ဆိုတာလည်း အခွင်အလမ်း နည်းပါလှပါတယ်။
Set as favorite
Bookmark
Email this
Hits: 31009
Comments (28)

written by moe thu, October 02, 2011
မြန်မာ လူမျိုး ချမ်းသာတာ ကျတော် အောက်ဆုံး အဆင့် ကနေပီး ကျေနပ်တယ်..... ဟားးးးးးးးးးးးးးးးးးး)
written by Funny, August 10, 2011
Myanmar are lazy and when someone get rich, talk rubbish. မင်းက မြန်မာမဟုတ်ဘူးလား။ ၊မြန်မာပြည်မှာေ မွးမြန်မာပြည် မှာကြီးပြီးခုမှ Myanmar are lazy လာလုပ်နေတယ် No matter what, I am sure Mr Teza had work very hard to be where he is now. သိထားဖို့က သူလိုအ လုပ်ကြိုး စားသူေ တွသူထက်ြ ကိုးစားသူတွေ အများကြီးပါ။ မသမာနည်းသုံး လို့ ဒီလိုဖြစ် လာတာအြ ငင်းပွါးဖွ ယ်မရှိ။ မနာလို စရလဲမရှိ ပါ။သူ့ လမ်းသူသွားပါ လိ မ့်မည်။
If you want to get well, don't just sit and talk, work..work..work. Sitting at tea shop daily, beer garden, will not get you any where. မင်းရောဘယ်ေ လာက်ြ ကိုးစားလု ပ်ခဲ့လဲ။
Don't be lazy! By doing nothing, talking rubbish and waiting for what you all called "democrazy" ? လေသံကြို ကည့်လေ။ demorcrazy ကို ထိပါးပြန်ပြီ။ Nothing is free ပြောနေစရာ မလိုဘူး

written by myanmarlightkeeper, August 09, 2011
မဟုတ် သေး ပါဘူး နေပါအုံး ဗျာ ။ ပွင့် ပွင့် လင်း လ င်း ပြော ရအော င် ။ ဆင်း ရဲနွမ်း ပါး မှုကိုပပျော က်ေ အာ င် လုပ် ဖို့က အစိုး ရတခုတ ည်း လုပ် လို့ရတဲ့ အလုပ် မဟုတ် ဘူး ။
ပြည် သူတွေကအ သိစိတ် ဓာ တ် နဲ့ ၀ိုင်း ၀န်း ကူညီဖို့ လဲလိုတယ် လေ။ ကျွန် တော် ဆိုရင် ဗျာ မြန် မာ နိုင် ငံအဝေး သင် တကသိုလ် တက် ပြီ
း နော က် ထပ် ဒီပလိုမာ တစ် ခုယူတယ် ။ ပြီး တော့ ပြည် တွင်း မှာ ၃နှစ် ခွဲလော က် အ လုပ် လုပ် ပြီး စင် ကာ ပူကိုအလုပ် ရှာ ပြီး အလုပ် ရတယ် ။မိသား စုဝင် ၅ယော က် မှာ ကျွန် တော် အပါအ၀င် ၄ယော က် အလုပ် လုပ် နေ
ကြတယ် ။ ပိုက် ဆံဝင်ေ ငွပိုလျံပြီး လုံး ၀အဆ င် ပြေပါ တယ် ။ အဲလိုဆိုရင် မြန် မာ နိုင် ငံမှာ ကျွန် တော့် လိုအခွင့် အ ရေး မရှိတဲ့လူတွေ ရှိကော င်း ရှိမှာ ပါ။
ကျွန် တော့် နီး တူလူ တွေလဲအများ ကြီး ပါ။ကျွန် တော့် နီး တူလုပ် ကိုလုပ် နိုင် ရမ ယ် ။ကျွန် တော် သ င် ကြား ခဲ့တ့ ပညာ တွေ အတွက် ကုန် ကြစရိတ် က ၁၀သိန်း မပိုခဲ့ပါဘူး ။ အဲတာ ဆို ပညာ ရေး က နိမ့် ကျတာ လား လူတွေက ပညာ န
ိမ့် ကျတာ လား ။ အဲတာ ဆိုဒီလူ တွေကိုတဆ င့် မြင် အော င် ပညာ ရေး စီမံကိန်း လုပ် ပေး သင့် ပါတယ် ။

written by ငပွ, August 03, 2011
အင်း ဘယ်လိုဘဲ ချမ်းသာ ချမ်းသာ ။ ချမ်းသာတာ ဘဲပေါ့။ ကောင်းပါတယ်။ ဒါ သူ့ရဲ့ အရည်အချင်းပေါ့။ မနာလို စိတ်လည်း မဖြစ်မိပါဘူး။ ဒါပေမဲ့ တစ်ခု စဉ်းစားမိတယ်။ သူပိုင်တဲ့ ပိုက်ဆံနဲ့ လူသား အရင်းအမြစ် တည်ဆောက်ရေး မှာ ရင်းနှီးမြုတ်နှံရင် နောင်အနာဂတ် တော်တော် ကောင်းလိမ့်မယ်
အိန်ဒိယ တိုင်းပြည်ကို ကြည့်ပါ။middle class ဆိုတာ၊ တနည်းအားဖြင့် ပညာ တတ်ပြီး သုံးနိုင်ဖြုန်းနိုင်တဲ့ လူတန်းစား တစ်ရပ်ကို ဖန်တည်းနို င်ခဲ့တယ်။ မြန်မာပြည်မှာ ကို တေဇ ဒါ လုပ်သင့်တယ်။ တွေ့ရင် ပြောပြလိုက်ကြပါ။

written by Chan, July 24, 2011
dollar 2 million billion (2000 trillion) from precious stones!!!!! (from para-15)
written by Wa Ra Zane, July 19, 2011
Myanmar are lazy and when someone get rich, talk rubbish. No matter what, I am sure Mr Teza had work very hard to be where he is now.
If you want to get well, don't just sit and talk, work..work..work. Sitting at tea shop daily, beer garden, will not get you any where.
Don't be lazy! By doing nothing, talking rubbish and waiting for what you all called "democrazy" ? you will be no where. Work people!!. Nothing is free in this world.

written by နေရဲမာန်, July 18, 2011
ဒီဆောင်းပါး ဖတ်ပြီး စဉ်းစားမိတာ တစ်ခုက ဒီဘဲကြီးကို ယေက္မတော် လိုက်ရရင် ရှယ်ပဲလို့ 

written by Khing, July 18, 2011
ဦး တေဇရဲ့ စီး ပွား ရေး အမြင် တွေ စီး ပွား ရေး ဆိုင် ရာ လှုပ် ရှား မှုတွေကိုတော့  တော် တော် လေး အား ကျပါတယ် ... တကယ် ကတော့  သူ့ရဲ့အရည် အချင်း တွေက မြန် မာ ပြည် မှာ သာ
မဟုတ် ဘူး ဆိုရင် Business Hero တယော က် ပါပဲ ... အမှန် တကယ် က စီး ပွား ရေး သမား ဖြစ် တဲ့ ဦး တေဇက သူ့စီး ပွား ရေး အတွက် .. အစိုး ရကို သူ့အိ တ် ကပ် ထဲ အော င် မြင် စွာ
ထည့် ခဲ့တာ ပဲလေ .. ဒါဟာ သူ့ရဲ့အရည် အချင်း ပဲ .. ဘာ လို့ဆိုတော့  အစကတည်း ကိုက သူက ဒီ မိုကရေစီ အတွက် တိုင်း ပြည် အတွက် ဆင်း ရဲသား ပြည် သူလူထုကြီး အတွက် ဆိုပြီး
ကြွေး ကြော် ပြီး စီး ပွား ရေး လုပ် ခဲ့တာ မဟုတ် သလို အဲဒီ လိုပြော ခဲ့ရင် တော င်
သူ့ကိုယ် ကျိုး အတွက် ဆိုတာ လူတိုင်း နား လည် ပြီး သား ပါ ... ပြဿနာ မရှိ ပါဘူး ..ကိုယ် ကိုတိုင် တော င် အခွင့် ပေး လာ ခဲ့ရင် တခါတလေ ဒုတိ ယဦး တေဇအဖြစ် အဆင့် သင့် ရှိေ
နတတ် တာ မျိုး ပါ .. ပြဿနာ ရှိ နေတာ က တိုင်း ပြည် ကြီး ကော င်း စား ဖို့လို့ကြွေး ကြော် ပြီး နိုင် ငံတော် အာ ဏာ သိ မ်း ထား ကြတဲ့ အာ ဏာ အလွဲသုံး စား ပြုနေကြတဲ့ ပုဂ္ဂိုလ် များ ပါပဲ နို
င် ငံခေါင်း ဆော င် တက် လုပ် နေပြီး မျိုး ချစ် စိ တ် နဲနဲလေး မှမရှိ တာ .. စီး ပွား ရေး သမား တွေပေး တဲ့ ငွေတွေကို ငမ်း ငမ်း တက် အလုအယက် ခွေး စား ခွက် လုသလိုမျိုး ကိုယ် စီ ကို
ယ် စီ အိ တ် ထဲထည့် ပြီး တိုင်း ပြည် ရော င်း စား ဖို့ အဆင် သင့် ရှိ နေတဲ့ နိုင် ငံခေါင်း ဆော င် ကြီး တွေမှာ သာ ပြဿနာ ရှိ နေတာ ပါ .. သေသေချာ ချာ စဥ်း စား ကြည့် ကြပါ .. ဦး တေဇက
သူပိုင် Company ကို တခြား လူတယော က် ကို ရော င်း စား ဖို့ မကြိုး စား ပါဘူး .. ပြည် သူအရေး တို့အရေး လို့ ကြွေး ကြော် ပြီး အာ ဏာ ဆုပ် ကိုင် ထား တဲ့ လူတစ် စုကသာ လျှင်
ကိုယ့် တိုင်း ပြည် က သယံဇာ တအရင်း အမြစ် တွေကို တရုတ် တွေကို ရော င်း စား နေကြတာ ကို သတိ ရကြပါ ... ဦး တေဇလို လူမျိုး တွေက အစိုး ရအစဥ် အဆက် ရှိ နေမယ
့်  တိုင်း ပြည် အတွက် လဲ တခါတရံလိုအပ် နေမယ့်  လူမျိုး တွေပါ ... တရား ခံအစစ် တွေတော့  မဟုတ် ပါဘူး ။

written by adamthein, July 17, 2011
ချမ်းသာ သမျှ သေရွာကို သယ်လို့ ရ၇င်လေေ အးစက် တလုံးလောက် ၀ယ်ထားလိုက်ပါ... နတ်ပြည်ကို သယ်လို့ ၇၇င် တိုက်တလုံး ၀ယ် ထားလိုက်ပါ...
written by KHIN AUNG SHWE, July 15, 2011
u tay za pay or not pay this is not problem. We must pay for tax 120S$ per month is not justic. We are working in out side country. we do not need to pay the tax for myanmar goverment. This is humen right.
The myanmar government is very clever. When we pay the 120S$ per month, we sign like as our wish.
This money is found by our life and blood.
The prsident Thein Sein need to consider that this is correct or not.
If you think correct, the facts are following.
We made many mistakes last life. You made the best things last life.
You donate many things this life. You will go the best things next life. (this is correct or not. this is monk duty. Plese explain by dahma. Can this dirty money lift to the best things for next life?????)
We have no money after this payment.
We can not donate. We will go to hell. (this is correct or not. this is monk duty. Plese explain by dahma. Can this no money mak to go to hell next life?????)
Please help!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

written by nyingal, July 14, 2011
အာရှက နိုင်ငံတွေမှာ ဒီလို စီးပွားရေး သမား မရှိတဲ့ နိုင်ငံဆိုတာ မရှိသလော က်ပါပဲ... အရေးအကြီးဆုံးက တိုင်းပြည် တိုးတက်အောင် ဆောင်ရွှ က်နိုင်ဖို့ပဲ မျှော်လင့် ပါတယ်...
written by royaltdy, July 13, 2011
Alex က ငရဲမှာတွေ့ဖို့ ချိန်းထားတယ် ဆိုတော့ ဦးတေဇက တို့နဲ့တွေ့ဖို့ကံ မပါတော့ဘူးေ ပါ့။ အင်း ဘယ်လောက် ချမ်းသာသာ မနေတတ်ရင် Alex နဲ့ တွေ့ရမှာပဲလေ။ ဇွဲ ရှိရှိသာစောင့် သိပ် မစောင့်ရတော့ပါဘူး အချိန်ဆိုတာ အရမ်းမြန်တယ်။
ပျော်ပျော် ရွင်ရွင် ငရဲမှာေ တွ့နိုင်ပါစေ။
ပျော်ပျော် ရွင်ရွင် ငရဲမှာေ တွ့နိုင်ပါစေ။
written by myo, July 13, 2011
they r very rich , it is good.
but they should take care :
-to maintain good environment in the country
-to work for to improve Education,Agricutural,Technical in the country eventhough less profits.
otherwise no meaning for finding money.(can study how Mr Bilgate is doing, he own 100 times more than myanmar richest man do and he paid all the Tax bills.)

written by Nyo Min Lwin (PDP), July 13, 2011
ကြီးပွား ချမ်းသာတာ မနာလိုမဖြစ်ပါဘူး။ အခွင့် ထူးကော ကြိုးစားမှုကော လာဒ်မြ င်တာရော ပါလို့ပါ။
တစ်ခုတော့ ပြောချင်ပါတယ်။ တစ်ချိန်မှာ ပြည်သူဘက်က မားမား မတ်မတ် ရပ်ပေးနို င်အောင်၊ စုဆောင်း ထားပါ။
ဒေါ်အောင်ဆ န်းစုကြည် နဲ့ မဟာမိတ်ြ ဖစ်နိုင်အော င်လည်း ကြိုး စားပေးပါ။
တစ်ခုတော့ ပြောချင်ပါတယ်။ တစ်ချိန်မှာ ပြည်သူဘက်က မားမား မတ်မတ် ရပ်ပေးနို င်အောင်၊ စုဆောင်း ထားပါ။
ဒေါ်အောင်ဆ န်းစုကြည် နဲ့ မဟာမိတ်ြ ဖစ်နိုင်အော င်လည်း ကြိုး စားပေးပါ။
written by hatt, July 13, 2011
There's no question about how Htoo trading is multimillion business and all the business they conduct is totally rely on nepotism. But statement like " Htoo traning is Billion dollar Organization" is highly questionable. I think it's way exaggerating. I know for a fact that more than half of their business are not making any profit like Air Bagan and Hotel business etc.
written by soesoe, July 13, 2011
အင် ကောင်းတာပေါ့ ကောင်း တာပေါ့  သူတို့ မိသားစုတွေ တွေရတာ ပျော်စရြ ကီနော်
written by mindstorm, July 13, 2011
အဲဒီလောက် စွမ်းတယ် ဆိုတာ တော်လို့ မဟုတ်ပဲ မဟုတ်တဲ့ လမ်းကြောင်းပေါ် အခြေ ခံနေတယ် ဆိုတာ ကာယကံရှင်ကော ဘယ် စီးပွါးရေး နိယာမတွေ ထုတ်ပြီး ငြင်းမလဲ?
written by Flexible Peace, July 12, 2011
စီးပွားေ၇း ပိတ်ဆို.တာ မြန်မာပြည်က လူချမ်းသာတွေကို မထိခိုက်ဘူး ဆိုတာတော. မဟုတ်ပါဘူး. တကယ်သာ မပိတ်ဆို.ခဲ.ရင် ဦးတေဇဟာ ကားလို.စ် စလင်း... ဘီလ်ဂိတ်.. ၀ါရင်းဘတ်ဖတ် တို. ထက်တောင် ချမ်းသာ ပါဦးမယ်... ဦးတေဇဟာ စည်းပွားရေး ပိတ်ဆို.တဲ. နိုင်ငံတွေကို တန် ပြန်ပိတ်ဆို.မယ် ဆိုပြီးလည်း ပြောဖူးပါတယ်.. သူ.စားပွဲပေါ်မှာ က Apple Laptop နဲ.ပါ. .သူ.ကားတွေက လည်း ဂျပန်လုပ်တောင် မပါပါဘူး... (စုဆောင်း ထားတဲ. ပြိုင်ကားတွေကို ပြောလိုတာပါ)အပြောနဲ. အလုပ် မညီတာကို ရယ်ချင်ပါတယ်..
အီတလီ သတင်းထောက်နဲ. တွေ.ဆုံတဲ. သူပြောတဲ. စကား တစ်ခုမှာ သူ လုပ်ကွက် တွေ ဘောင်ကျဉ်းလို. တခြား နိုင်ငံသား (စင်ကာပူဟု ထင်ပါသည်) ခံယူဖို. စဉ်းစားတယ် ဆိုတာ ပါပါတယ်..ပိတ်ဆို.မှုကို သူ မကြိုက်ဘူး ဆိုတာ လုံးဝ ပေါ်လွင်နေပါတယ်.. ဘယ်လိုပဲေ ပြာနေနေပါ.
ခု သူတို.၀င်ငွေက 100 ကျပ် လောက်ရရမှာကို 10 ကျပ်လောက်နဲ. တန်ဖိုြး ဖတ်ခံနေ ရတာ မျိုးလေ. .ရ့သင်. သလောက် ဈေးကွက်မှာ မရဘူးပေါ.(တရုတ် က ဈေးနှိမ် ၀ယ်သွားတာမျိုးကို ပြောလိုတာပါ ယှဉ်ပြိုင်မှု သိပ် မရှိတဲ. ၀ယ်သူ စိတ်ကြိုက် ဈေးကွက်ပေါ. )ပြီးတော. တခြားနိုင်ငံက သူဌေးများက စည်းမျဉ်း အောက်မှ ယှဉ်ပြိုင်မှုနဲ. လုပ်ရတာမျိုးပါ..သူက မြန်မာပြည်မှာ အကုန်လုံးကို လက်ဝါးကြီး အုပ်ပြီး ဘာ စည်းမျဉ်းမှ ဂရုစိုက်စရာ မလိုဘဲ လုပ်ကိုင်ရတာမျှိုးပါ.
.Sanction ကို တကယ်ကို သေချာ လုပ်သင်.ပါတယ်.. အစိုးရရဲ. စီးပွားေ၇း လုပ်ကိုင်ပုံ တချို.မှာ Sanction ကို ဖောက်ထွက်ေ နတာတွေ ရှိပါတယ်.. ဥပမာ.. အရပ်သားCompany တစ်ခုခု ကနေ ဆက်သွယ်ပြီး (ပွဲစား လုပ်ခိုင်းပြီး) ပိတ်ဆို. ထားတဲ.နိုင်ငံက စက်ပစ် စည်း တစ်ခုခု ကို မှာ ယူတာမျိုးပါ. အဲဒီပုံစံကို အစိုးရ စက်ရုံ လုပ်ငန်း(စက်မှု ၁)တွေမှာ အများဆုံး လုပ်ပါတယ်.. ပြည်တွင်းက အရင်း အမြစ်တွေဆို ဘာမှ ကို အခွန် အခ ကုန်ကျစရိတ် မရှိသလော က်နဲ. ရနေတာပဲကို...
သူကိုယ်တိုင် အချမ်းသာဆုံးပါလို. ၀န်ခံထားတဲ. လူတစ်ယောက်ရဲ. Company ဟာ မြန်မာပြည်ရဲ. အခွန်ေ ဆာင်ထားတဲ. လုပ်ငန်းတွေစာရင်းမှာ Top Ten မှာ မပါပါဘူး...
အီတလီ သတင်းထောက်နဲ. တွေ.ပြီး သတင်း ထွက်ပေါ်လာအပြီးမှာ ဂျာနယ်တစ်ခု (Weekly Eleven ဟု ထင်ပါသည်..)မှာ တစွန်း တစ ထောက်ပြထားပါတယ်. .အဲဒီစာရင်းအရ ထိပ်ဆုံးမှာ က ဦးအောင်ကိုဝင်း ရဲ. KBZ Group လုပ်ငန်းေ တွထဲက ဘဏ်လုပ်ငန်း တစ်ခုထဲရဲ. အခွန်ေ ဆာင်မှုနဲ. ရပ်တ ည်နေတာပါ. .ဦးတေဇက တော. သူဟာ လုပ်ငန်းခွဲ များတဲ.အတွက် လုပ်ငန်းခွဲတွေ က တစ်ခုချင်းစီ အခွန် ဆောင်တာမို. အဲဒီအထဲမှာ မပါတာ လို.ဆိုပါတယ်.. .(အဲဒီ အကြောင်းပြချက်ဟာ လုံးဝကို မခိုင် လုံပါဘူး)..
တကယ်တော. အဲဒီထဲက အခွန်ဆောင် Top Ten စာရင်းမှာပါတဲ. သူ တွေထက် အခွန် မဆောင်ပဲ အများကြီး ချမ်းသာတဲ. နံမည်ကျော် သူဌေးတွေ မြန်မာပြည်မှာ အများကြီး ပဲ ဆိုတာ နားလည်လေ.လာသူ ပြည်သူေ တ်ာတော် များများ သိရှိကြပါတယ်..
.မြန်မာပြည် အေးချမ်းသာယာပါစေ.
.ပညာတတ် ကိုယ်ချင်းစာသူများ အုပ်ချုပ်ေ သာခေတ် အမြန်ဆုံး ရောက်ရှိနိုင်ပါစေ

written by yewintsoe, July 12, 2011
ဒီလိုလည်း အပြစ်ြေ ပာလို့ ရမယ် မထင်ပါဘူးေ ရာင့်ရင်းတို့
ဘဝပေး ကုသိုလ်ကံ ပါလို့ပါ
သူ့လိုပဲ ပိုင်ဆိုင်ချ င်စိတ်တော့ ရှီကြတာပါပဲ ခင်ဗျ
ဒါပေမယ့် အားလုံးက ကိုယ့်ဘဝ ကိုယ့်အကျိုးနဲ့ ဖြစ်နေကြတာပါ
ဘဝပေး ကုသိုလ်ကံ ပါလို့ပါ
သူ့လိုပဲ ပိုင်ဆိုင်ချ င်စိတ်တော့ ရှီကြတာပါပဲ ခင်ဗျ
ဒါပေမယ့် အားလုံးက ကိုယ့်ဘဝ ကိုယ့်အကျိုးနဲ့ ဖြစ်နေကြတာပါ
written by Joyboy, July 12, 2011
He does not realize that he is a slave of Money and It is useless earning more than he can spend as he must leave his billion of money behind when the day his heartbeat stops. It is very sad thing if he is not thinking to share hungers for a meal. Now Moeny is mastering over him and ask him do things more and more like a real slave are working in the field.
written by washington, July 12, 2011
Burma need to take time at least 20 years to change good shape.but government must practice the flexible system with Europe.nowadays world business system can't run only One.need to extend the trade ways over the world.poor country must try to connect with well developed country properly for the sake of growing business faster.
written by Young Guy, July 12, 2011
We do not jealous them however they are rich... it is depend on your previous life effort in good fate..
but we have to see how long your good fortune will be stable or continue....
all of Burmese know how do they become richest in Burma...
good luck....
but we have to see how long your good fortune will be stable or continue....
all of Burmese know how do they become richest in Burma...
good luck....
written by Aung, July 12, 2011
သိပ်တော့ ဂုဏ်ယူစရာ မရှိဘူး ထင်တယ်... ဘာများ ဂုဏ်ယူေ နပါလိမ့်... ဒီလောက် ဆင်းရဲတြဲ့ ပည်သူေ တွဆီက ဂုတ်သွေးစုတ်၊ အမြတ်ကြီးစား မချမ်းသာမှ လွဲရော..။
Write comment
| < Prev | Next > |
|---|