အစိုးရ တပ်ဖွဲ့တွေနဲ့ ကီလိုမီတာ အနည်းငယ်ပဲ ဝေးတဲ့ KIA ထိန်းချုပ်ထားရာ လဂျားယန်ရွာ လမ်းမဘေး တနေရာမှာတော့ နှစ်ဖက် အစည်းအဝေး အတွက် KIA က ယာယီမဏ္ဍပ် ဆောက်ထားပါတယ်။ အစိုးရ ကိုယ်စားလှယ်တွေ အတွက်လည်း လက်ဆောင်တွေ ပြင်ထားလေရဲ့။ ပလပ်စတစ်အိပ်ထဲမှာ ထည့်ထားတဲ့ လက်ဆောင်တွေက ဂျော်နီဝါကာ အရက်ပုလင်းတွေလို့ KIA ရဲဘော် တယောက်က ကျနော့်ကို တိုးတိုးလေး ပြောပြပါတယ်။အစိမ်းဖျော့ဖျော့ ပြောက်ကျား ဝတ်စုံတွေ ဝတ်ထားတဲ့ KIA ဒု စစ်ဦးစီးချုပ်နဲ့ တခြား အရာရှိတွေဟာ ကချင် စကားနဲ့ ထွေရာလေးပါး ပြောနေကြပါတယ်။ တခါတခါ သူတို့ဆီက ရယ်သံတွေ ထွက်လာပါတယ်။ မနက် ၁၁ နာရီမှာတော့ ကချင်ပြည်နယ် အစိုးရ နယ်စပ်ဒေသရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ ဆိုက်ရောက် လာပါတော့တယ်။
ဗိုလ်မှူးကြီးသန်းအောင်က သူဟာ ကချင်ပြည်နယ် အစိုးရကိုသာ ကိုယ်စားပြုတာ မဟုတ်ဘဲ နေပြည်တော် ဗဟိုအစိုးရကို ကိုယ်စားပြုပြီး လာတာ ဖြစ်တဲ့ အကြောင်း အရိပ်အမြွက် ပြောပါတယ်။ “ဒီကိစ္စနဲ့ ပတ်သက် ပြီး အထက်အရာရှိတွေနဲ့ ကျနော် ဆွေးနွေးခဲ့ပါသေးတယ်။ ကျနော် ဘယ်သူ့ကို ရည်ညွှန်းတယ် ဆိုတာ ခင်ဗျားတို့ သဘောပေါက်တယ် မဟုတ်လား” လို့ သူက ဆိုပါတယ်။
KIA နဲ့ အစိုးရတို့ အလုပ် အတူ တွဲလုပ်နိုင်ဖို့ အတွက် KIA ဆက်ဆံရေးရုံးတွေကို ပြန်ဖွင့်ဖို့ လိုတယ်လို့ ဆွေးနွေးပွဲ စစချင်းမှာပဲ နယ်စပ်ဒေသရေးရာ ဝန်ကြီးက ပြောပါတယ်။ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက ကချင်ပြည်နယ်ရဲ့ မြို့ပြဒေသတွေမှာ KIA ဆက်ဆံရေးရုံးတွေ ရှိခဲ့တာပါ။ ဒါပေမယ့် KIA က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့အတွက် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကစလို့ အဲ့ဒီရုံးတွေ အပိတ်ခံခဲ့ရတော့တာပါပဲ။
KIA အပေါ် ထိုးစစ်ဆင်နေတာတွေကို ရပ်ပါပြီ ဆိုတဲ့ တရားဝင် အထောက်အထား တိတိကျကျ ပြပါ လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောတဲ့ အခါမှာတော့ ဗိုလ်မှူးကြီးသန်းအောင်က ဟိုလိုလို ဒီလိုလို လုပ်နေပြီး အဲ့ဒီကိစ္စ ဆိုရင်တော့ အထက် အရာရှိတွေကို တင်ပြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာတပ်က ကချင်ပြည်နယ်ကို စစ်ကူတွေ ပို့တယ်၊ တချို့လည်း သင်္ဘောနဲ့ ရောက်လာကြပြီလို့ ကျနော်တို့ ကြားရတယ်” ဆိုပြီး KIA ဒုစစ်ဦးစီးချုပ်က ပြောတဲ့အခါမှာတော့ “မဟုတ်ပါဘူးဗျာ။ အရင်အတိုင်းပါပဲ။ အခုလို မီဒီယာခေတ်ကြီးမှာ ကျနော်တို့ ဘာမှ ဖုံးကွယ်ထားလို့ မရပါဘူးလို့” နယ်စပ်ရေးရာ ဝန်ကြီးက ပြန်ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားတဲ့ ကချင်ပါတီ သုံးခုကို ပါတီခေါင်းဆောင်တွေနဲ့ KIA အဆက်အသွယ်ရှိတယ် ဆိုပြီး အာဏာပိုင်တို့က ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ဗိုလ်မှူးကြီးသန်းအောင်ကတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ “ဂုဏ်သိက္ခာ” ရှိရှိ ပါဝင် ဆောင်ရွက်ကြဖို့ KIA ခေါင်းဆောင်တွေကို တိုက်တွန်းသွားပါတယ်။
ဒါ့အပြင် အပစ်အခတ် ရပ်စဲကြောင်း တရားဝင်လက်မှတ် ထိုးပေးဖို့ကိုလည်း ဗိုလ်မှူးချုပ် ဂွမ်မော်ကို ပြောပါသေးတယ်။ KIA ဒုစစ်ဦးစီးချုပ်ကလည်း ဒီကိစ္စကို KIA ခေါင်းဆောင်တွေ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်တွေကို တင်ပြပေးပါ့မယ်လို့ ပြန်ဖြေပါတယ်။
အစည်းအဝေးမှာ ဗိုလ်မှူးချုပ် ဂွမ်မော်အပါအဝင် KIA ခေါင်းဆောင်တွေက အပစ်အခတ် ရပ်စဲဖို့ ဆန္ဒ ရှိတဲ့အကြောင်း ထုတ်ဖော် ပြောကြားကြပါတယ်။ အပစ်အခတ် ရပ်စဲရေးနဲ့အတူ စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ရှိရမယ့်အပြင် အပစ်ရပ်ဖို့ အတွက် နေပြည်တော်ကနေ KIA နဲ့ အပေးအယူ၊ အလျှော့အတင်း၊ ညှိနှိုင်းမှုတွေ လုပ်ရမယ်လို့လည်း သူတို့က ထောက်ပြကြပါတယ်။
“အပစ်ရပ်တာနဲ့ ငြိမ်းချမ်းပြီလို့ သေချာပေါက် မဆိုနိုင်ပါဘူး။ ပြီးခဲ့တဲ့ အပစ်အခတ် ရပ်စဲမှုကို လူ အတော်တော်များများက ငြိမ်းချမ်းရေး လို့ ဖော်ညွှန်းကြတယ်၊ ဒါပေမယ့် တကယ်တမ်းတော့ အဲ့ဒီလို မဟုတ်ပါဘူး” လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ဆိုပါတယ်။
၁၉၉၄ ခုနှစ် KIA နဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို သူက ရည်ညွှန်းတာပါ။ အဲ့ဒီ သဘောတူညီချက်ကြောင့် အစိုးရတပ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေတဲ့ KIA တပ်တွေကြားက စစ်ပွဲတွေကို အဆုံး သတ်သွားတာပါ။ အပစ်အခတ် ရပ်နေစဉ် ကာလအတွင်းမှာ ကချင် ဒေသတွင်း ဖွံ့ဖြိုးရေး အတွက် စီစဉ် ဆောင်ရွက်ပေးဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စကို နိုင်ငံရေးအရ ဆောင်ရွက်ပေးဖို့ KIA/KIO က စစ်အစိုးရကို တင်ပြခဲ့ဖူးတယ်လို့ သိရပါတယ်။
KIO ရဲ့ တင်ပြချက်ကို အစိုးရတာဝန်ရှိ ဗိုလ်ချုပ်ကြီးတွေက သူတို့မှာ နိုင်ငံရေးကိစ္စတွေကို ဖြေရှင်းပေးနိုင်တဲ့ လုပ်ပိုင်ခွင့် မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့တဲ့အပြင် အနာဂတ် အရပ်သားအစိုးရသစ် အာဏာရလာချိန်မှာမှ ဒီကိစ္စတွေ ဖြေရှင်းလို့ ရနိုင်မယ်လို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။
စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်ရအောင် စီစဉ်ရေးဆွဲခဲ့ပြီး ဆိုင်ကလုန်း နာဂစ်ကြောင့် မြန်မာပြည်အောက်ပိုင်းက ပြည်သူတွေ ဒုက္ခပင်လယ် ဝေနေချိန်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ လက်ရှိ အခြေခံဥပဒေကိုလည်း KIA ခေါင်းဆောင်တွေက အစည်းအဝေးမှာ ထောက်ပြ ဆွေးနွေးကြပါတယ်။ “နာဂစ်ဥပဒေ” ကို အပြောင်းအလဲ လုပ်ဖို့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်မှူးချုပ် ဂွမ်မော်က တိုက်တွန်းခဲ့တယ်လို့ KIA အရာရှိတဦးက အစည်းအဝေးအပြီးမှာ ပြောပြပါတယ်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့တဲ့ ၁၉၉၄ ခုနှစ်ကနေ KIA က နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ငြင်းဆိုခဲ့တဲ့ ၂၀၀၉ ခုနှစ် ကာလအတွင်း ကချင်ပြည်နယ်တွင်းမှာ အလွန် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ပေါင်းစုံ ဝင်ရောက်လာပါတယ်။ ဒီ စီမံကိန်းတွေကို တရုတ်ကုမ္ပဏီတွေ၊ အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေးအုပ်စုတွေက ပိုင်ဆိုင်ကြတာပါ။ အဲ့ဒီ ရင်းနှီးမြှုပ်မှုတွေက ဒေသခံ ပြည်သူတွေအတွက် အကျိုးအမြတ် မရှိဘဲ လူမှုရေးနဲ့ တခြားဆိုးကျိုးတွေကိုပဲ ရင်ဆိုင်ခဲ့ရတာပါ။
မြစ်ဆုံရေကာတာ စီမံကိန်းကို အကောင်အထည် မဖော်ဖို့ KIO က အစိုးရကို တင်ပြ တိုက်တွန်းခဲ့ပေမယ့် အရာ မရောက်ခဲ့ပါဘူး။
လိုင်ဇာ အနီးတဝိုက် ရှေ့တန်းစခန်းတွေမှာ ရှိတဲ့ KIA တပ်မှူးတွေနဲ့ အောက်ခြေအဆင့် ရဲဘော်တချို့ကို အပစ်အခတ် ရပ်စဲရေး အကြောင်း မေးကြည့်တဲ့အခါ တူးတူးခါးခါး ဖြစ်နေတာကို တွေ့ရပါတယ်။ အရင်က ခါးသီးတဲ့ နောက်ခံ သမိုင်းကြောင်းတွေ ရှိခဲ့တယ်၊ အစိုးရနဲ့ နောက်တကြိမ် “ဗလာနတ္တိ” အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ KIA ခေါင်းဆောင်တွေ အသည်းအသန် ကြိုးစား နေတာမျိုးကို မမြင်ချင်ဘူးလို့ ပြောကြပါတယ်။ အဲ့ဒီအစား အစိုးရနဲ့ တိုက်ဖို့ အသက်ကို ရင်းကြမယ်လို့လည်း သူတို့က ဆိုပါတယ်။
“ကျနော်တို့ ကချင်ပြည်နယ်မှာ ကိုယ်ပိုင် အုပ်ချုပ်ရေး လိုချင်တယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ နောက်တကြိမ် မြန်မာစစ်တပ်နဲ့ အပစ် မရပ်ချင်ဘူး” လို့ အသက် ၆၀ ရှိနေပြီဖြစ်တဲ့ ဗိုလ်မှူး ခရော်လဂျာက ပြောပါတယ်။ သူကတော့ လိုင်ဇာမြို့က KIA ဌာနချုပ်ကို ခုခံဖို့ ပြင်ထားတဲ့၊ အင်အား ၁၀၀၀ ရှိတဲ့ KIA ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်မှူးပါ။ ဗိုလ်မှူး ခရော်လဂျာဟာ KIA ကနေ အနား ယူသွားပြီးတော့မှ ပြန်ဝင်လာတာပါ။ KIA မှာ ၁၉၆၇ ကနေ ၁၉၉၇ အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး အစိုးရတပ်ဖွဲ့တွေနဲ့ ရင်ဆိုင် တိုက်ခိုက်ခဲ့သူပါ။ KIA က အစိုးရရဲ့ နယ်ခြားစောင့်တပ် အစီ အစဉ်ကို ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက် တင်းမာမှုတွေ ဖြစ်လာတာမို့ ၂၀၀၉ အကုန်ပိုင်းမှာ သူနဲ့ တိုက်ပွဲ အတွေ့အကြုံရှိတဲ့ တပ်မှူးတချို့ KIA ဆီ ပြန်ဝင်လာကြတာဖြစ်ပါတယ်။
“ကျနော့်ပြည်သူတွေအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ပဲ” လို့ သူက ဆိုပါတယ်။
လိုင်ဇာက KIA စစ်တက္ကသိုလ်ကျောင်းအုပ်ကတော့ KIA မှာ လက်နက် ရှိနေတာတောင်မှပဲ ကချင် လူထုဟာ တရား မမျှတမှုတွေကို ပုံစံမျိုးစုံနဲ့ ခံစားကြရတယ်လို့ ရှင်းပြပါတယ်။
“ကျနော်တို့ လက်နက်ချလိုက်ရင် ဒီ တရား မမျှတမှုတွေက ပို ဆိုးပြီးရင်း ဆိုးလာတော့မှာပေါ့။ ဒါကြောင့် အရင်လိုမျိုး နောက်တကြိမ် အပစ်အခတ် ရပ်စဲမယ့်အစား ကျနော်တို့တော့ သေတဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ သူက ပြောပါတယ်။
KIA အဝန်းအဝိုင်းမှာတော့ နောက်တကြိမ် အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ချေအပေါ် အကောင်းမြင်တာ သိပ် မများလှပါဘူး။ အစိုးရအပေါ် လုံးဝ အယုံအကြည် မရှိဘူးလို့ တော်တော်များများက ထုတ်ပြောကြပါတယ်။ လောလောဆယ် တိုက်ပွဲတွေ ခဏ စဲနေတာဟာ နေပြည်တော်က အစိုးရ ခေါင်းဆောင်တွေကြားမှာ အတွင်း ပြဿနာ တက်နေလို့ ဒါမှမဟုတ်လည်း အစိုးရက အလုံးအရင်းနဲ့ စစ်ဆင်ရေး ဆင်နွှဲဖို့ အချိန်ကောင်းကို စောင့်နေတာကြောင့် ဖြစ်မယ်လို့ KIA ခေါင်းဆောင် တချို့က ယူဆကြပါတယ်။ အတော်များများက မြင်ချင်နေတာကတော့ အစိုးရနဲ့ ဘယ်လို သဘော တူညီချက်မျိုး ဖြစ်ဖြစ် မရခင်မှာ အနည်းဆုံးတော့ KIA ဆက်လက် တည်ရှိဖို့အတွက် ခိုင်လုံတဲ့ အာမခံချက် တစုံတရာ ရရှိရေးပါပဲ။
“ကချင် အမျိုးသားတွေ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ဖို့ KIA ထဲကို ကျနော် ဝင်ခဲ့တာပါ” လို့ လဂျားယန် လုံခြုံရေးဂိတ်မှာ တာဝန် ကျနေတဲ့ အသက် ၂၁နှစ် အရွယ် ရဲဘော် ဘရန်ဆိုင်းက ပြောပြပါတယ်။ သူ့အပြောက မြန်မာနိုင်ငံကနေ ဗြိတိသျှတွေ ထွက်သွားတဲ့ လွန်ခဲ့တဲ့ ၆၃ နှစ်က စလို့ ကချင်လူမျိုးတွေဟာ လူများစု ဗမာတွေရဲ့ ကိုလိုနီဘဝကို ရောက်ခဲ့ရတယ်ဆိုတဲ့ ကချင်ပြည်သူတွေကြားက သဘောထားကို ဖော်ပြရာ ရောက်ပါတယ်။
ကြာသပတေးနေ့ အစည်းအဝေး ပြီးချိန်မှာတော့ သိပ်မကြာခင်ကာလမှာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် နောက်တကြိမ် တွေ့ဆုံ စကားပြောကြဖို့ မျှော်လင့်ကြောင်း အစိုးရနဲ့ KIA ခေါင်းဆောင်တွေက ပြောကြပါတယ်။
“ဘယ်အချိန်မှာ ပြန်တွေ့ကြမယ် ဆိုတာတော့ ကျနော် မသိဘူး။ ကျနော်တို့ကို အကြောင်း ပြန်ကြားပါ့မယ် ဆိုပြီး ပြောသွားတာပဲ” လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က အစည်းအဝေး အပြီးမှာ ပြောပြပါတယ်။
Set as favorite
Bookmark
Email this
Hits: 8612
Comments (11)

written by ဖိုးစိန်, July 12, 2011
ယုံကြည် ချက် နဲ့အလုပ် လုပ် ရင် ယုံကြည် ချက် ကို ဘယ် တော့မှ စွန့် ဖို့ မသင့် ဘူး.
ကချင် အစိုးရဘာကိုယုံကြည် သလဲ--- egalitarianism လား၊ independence လား။
အနာဂတ် ဆိုတာေ တွအတွက် အကောင်းဆုံးပြင် ဆင် ပြီးရင် ဘယ် နေ့ဘာလုပ် မယ် လို့ ဆုံးဖြတ် ချက် ချပြီး အဲဒီနေ့ရောက် ရင် လုပ် ဖြစ် အောင် လုပ် လိုက် ပါ၊
တမျိုးသား လုံးပြုန်းသွားရင် တောင် ကျန် တဲ့သူတွေ အသက် ရှူ ချောင် သွား တာပေါ့။းဒါပေမဲ့ strategy တော့ လိုတာပေါ့။
ငြိမ်းချမ်းရေးကို နားမလည် တဲ့ သူ့အဖေ ငရွှေကို သေလေးစားနေရတဲ့ ငစိန် လို ရုပ် သေး ရုပ် ကို ဘာကို အားကိုးပြီး ယုံကြည် ကြရမှာလဲ။
ငြိမ်းချမ်းရေး ဆိုတဲ့ စာလုံး ကို သဘောမပေါက် နိုင် တဲ့ xxx နဲ့ ငြိမ်းချမ်းရေးစကားပြောခြင်းဟာ ကျွှဲပါးစောင်းတီးဖြစ် မနေပေဘူးလား။
မယုံလိုက် ပါနဲ့ တခါမက ဖေါက် ဖျက် ခံထားရပြီပဲ။ တော် လောက် ပြီပေါ့။ စစ် ကိုဦးစားေ ပးတဲ့လူကို ငြိမ်းချမ်းရေးသွားပြောနေရင် အမေစုလိုဖြစ် သွါးမှာပေါ့။
ဒီတော့ နိုင် တဲ့ဘက် ကပြန် ချ။ အဲဒါ အမှန် ဆုံးပဲ။
ကချင် အစိုးရဘာကိုယုံကြည် သလဲ--- egalitarianism လား၊ independence လား။
အနာဂတ် ဆိုတာေ တွအတွက် အကောင်းဆုံးပြင် ဆင် ပြီးရင် ဘယ် နေ့ဘာလုပ် မယ် လို့ ဆုံးဖြတ် ချက် ချပြီး အဲဒီနေ့ရောက် ရင် လုပ် ဖြစ် အောင် လုပ် လိုက် ပါ၊
တမျိုးသား လုံးပြုန်းသွားရင် တောင် ကျန် တဲ့သူတွေ အသက် ရှူ ချောင် သွား တာပေါ့။းဒါပေမဲ့ strategy တော့ လိုတာပေါ့။
ငြိမ်းချမ်းရေးကို နားမလည် တဲ့ သူ့အဖေ ငရွှေကို သေလေးစားနေရတဲ့ ငစိန် လို ရုပ် သေး ရုပ် ကို ဘာကို အားကိုးပြီး ယုံကြည် ကြရမှာလဲ။
ငြိမ်းချမ်းရေး ဆိုတဲ့ စာလုံး ကို သဘောမပေါက် နိုင် တဲ့ xxx နဲ့ ငြိမ်းချမ်းရေးစကားပြောခြင်းဟာ ကျွှဲပါးစောင်းတီးဖြစ် မနေပေဘူးလား။
မယုံလိုက် ပါနဲ့ တခါမက ဖေါက် ဖျက် ခံထားရပြီပဲ။ တော် လောက် ပြီပေါ့။ စစ် ကိုဦးစားေ ပးတဲ့လူကို ငြိမ်းချမ်းရေးသွားပြောနေရင် အမေစုလိုဖြစ် သွါးမှာပေါ့။
ဒီတော့ နိုင် တဲ့ဘက် ကပြန် ချ။ အဲဒါ အမှန် ဆုံးပဲ။
written by်ညီကို , July 11, 2011
ကချင်ညီကို ဒို့ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးကို မယုံပါနဲ့ ဒီအချိန်မှာ သူတို့ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး လို့သာ ပြော တာ သူတို့ညစ်ပတ် တဲ့ ကမ်းလှန်း မှုကို လက်မခံနဲ့ ... နှလုံးသားနဲ့ ပြောတာပါ ညီအ ကိုတို့
written by Tawk Hkam, July 05, 2011
တွေ့ဆုံးေ ဆွးနွေးေ နတဲ့နဲ့ မှာပဲ ရှမ်းပြည်နဲ့ ရွှေကူဘက်မှာ တိုက်ပွဲဖြ စ်နေတာကို ထည့်ရေးပေးရင် ပိုလို့ကော င်းမယ်ထင် တယ်...
written by ကိုမျိုး, July 05, 2011
သူပြောတဲ့ တောင်းဆိုချက်က သူတို့ အတွက်ပဲ ဖြစ်မှာပေါ့ ။ ကချင်ပြည် သူတွေအ တွက်ဖြ စ်ပါ့မလား ကချင်ပြ ည်သူနဲ့ အားလုံး သွားတဲ့ လမ်း ၊ တံတား ဖျက်ရဲမှတော့ ၊ ဖျက်ပစ် တတ်မှတော့ ဘယ်သူအတွက် တိုက်ေ နတာလဲ ။
သူ့ ရွှေလု ပ်ကွက်ေ တွအတွက်လား ၊ သူတို့ မိသားစု အတွက်လား ။ အားလုံး အတွက်ေ စတနာ ဆိုရင် ရိုးရိုးေ လးတောင်းလဲ ရပါတယ် ။
သူ့ ရွှေလု ပ်ကွက်ေ တွအတွက်လား ၊ သူတို့ မိသားစု အတွက်လား ။ အားလုံး အတွက်ေ စတနာ ဆိုရင် ရိုးရိုးေ လးတောင်းလဲ ရပါတယ် ။
written by ချစ်သောပြည်မြန်မာ, July 05, 2011
မယုံ လိုက်ပါနင့်.... ထောင်ချောက် မိမယ်..သတိ..
ယုံစတမ်း ဆို.. တို့အခု..freedom ရပြီး.. သို့သော်..
ယုံစတမ်း ဆို.. တို့အခု..freedom ရပြီး.. သို့သော်..
written by Kyaw, July 03, 2011
The Kachins had fought the Japan Imperialist successfully which leaded to the independent of Burma. Today the Kachins are acting alone without any assistance. Even with this, they have done a good job for all Union citizens of Burma. They need arms to deal with the Evil army of the wicked military proxy government. The Global Democracy lovers must support them, not only words, financially and physically to shorten the chronic suffering of Burmese peoples under the military boots.
written by Sinwa Nawng, July 03, 2011
ိနိုင်ငံရေးမှာ အားသာတဲ့ KIO ကို စစ်ရေးနဲ့ ဖြေရှင်း ချင်တာဟာ ယုတ်မာတဲ့ စိတ်ထားပါ။ နောက်ဆုံး တော့ KIO လည်း ဘုရားရှင် မှာ ဆုတောင်းခွန်အား ယူပြီး သူတို့ လိုချင် တဲ့ စစ်ရေးတုန့် ပြန်မှု ပေးတာ ဟာ အမှန်ဆုံး လုပ်ရပ်ပါ။
written by Gwi Myen sawa , July 01, 2011
I hav only 3 reasons to say.
Proud to be kachin!!(Jinghpaw)
1)Never give up until independent of every single cases method under control by Burma Govnt.
2)We are human, born to be right way of livin in the world.( Especially Freedom)
3)We don't truly wanted humiliation as a anti zionist Burma Ethnic in the whole Myanmar.
Proud to be kachin!!(Jinghpaw)
1)Never give up until independent of every single cases method under control by Burma Govnt.
2)We are human, born to be right way of livin in the world.( Especially Freedom)
3)We don't truly wanted humiliation as a anti zionist Burma Ethnic in the whole Myanmar.
written by KIA, July 01, 2011
လုပ်ချင်တာလုပ် ပြီးတော့ စေ့စ ပ်ဆွေးနွေး...
သေတဲ့သူတွေ သေကုန်ပြီ... မိသားစုေ တွလည်း ၀မ်းနည်း ပက်လက်...
ဒါတွေကို သိနေမြ င်နေရက်နဲ့ .. တို့တို င်းရင်းသား အချင်းချင်း အဲဒီ လူတစ်စု အတွက် သတ်နေ ဖြတ်နြေ ကအုံးမှာလားကွာ...
ဓါတ်ပုံကို ကြည့် ရိုးရိုးေ လးတွေး..
ဒါဘဲ.. လူ့လောကကို လာတာ .. ဘာတွက်လဲ လို့.... ..............
သေတဲ့သူတွေ သေကုန်ပြီ... မိသားစုေ တွလည်း ၀မ်းနည်း ပက်လက်...
ဒါတွေကို သိနေမြ င်နေရက်နဲ့ .. တို့တို င်းရင်းသား အချင်းချင်း အဲဒီ လူတစ်စု အတွက် သတ်နေ ဖြတ်နြေ ကအုံးမှာလားကွာ...
ဓါတ်ပုံကို ကြည့် ရိုးရိုးေ လးတွေး..
ဒါဘဲ.. လူ့လောကကို လာတာ .. ဘာတွက်လဲ လို့.... ..............
Write comment
| < Prev | Next > |
|---|







