ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့တူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေမှာ ဘာကြောင့် ထည့်သွင်းခဲ့ရပါသလဲ။ ဘယ်သူကိုမှ မတိုင်မပင်ဘဲနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးသောင်းညွန့် (ဥပဒေပညာရှင်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ကို သူ့အခန်းထဲခေါ်ပြီး ဘာဖြစ်လို့ ရေးခိုင်းရပါသလဲ။

mm-than-shwe2ဘုရားတရား ကြည်ညိုတဲ့ ဦးသောင်းညွန့် ငါးပါးသီလကံကို ချိုးဖောက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အကြောင်း နေပြည်တော် အတွင်းစည်းထဲက သတင်းတွေ ကျနော့်ထံ ရောက်လာခဲ့ပါတယ်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ၊ အပိုဒ် ၄၄၅ မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နဝတနှင့် နအဖတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ ဖော်ပြထားပါတယ်။)

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ကျနော် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ တာဝန် ထမ်းဆောင်နေစဉ် ကာလက အဖြစ် အပျက်လေး တခုကို သွားပြီး သတိရမိပါတယ်။ ၂၀၀၁ ခုနှစ်တွင်းက သံရုံးအမှုထမ်း တဦး မြန်မာနိုင်ငံကနေ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

ဒီသံတမန်က ကျနော့်အတွက်၊ အထက်က ဗိုလ်မှူးအတွက် အရေးတကြီး သတင်းစုံစမ်းဖို့ ညွှန်ကြားချက် ပေးလိုက်တယ်လို့ ပြောတော့ ဘာလဲလို့ ကျနော်က မေးမိတယ်။

အမေရိကန် အစိုးရအနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ အထိ စဉ်းစားနေတာ ရှိမရှိ သိချင်တယ်၊ အမြန်စုံစမ်းပြီး အကြောင်းပြန်ပေးပါလို့ ညွှန်ကြား လိုက်ကြောင်း ပြောပါတယ်။ ကျနော် ပြုံးမိလိုက်တယ်။

သြော် … ကိုယ်ခံရမှာကျတော့ ကြောက်တတ် လိုက်တာ၊ သူတပါးတွေကျတော့ “အပြတ်ရှင်းပစ်လိုက်၊ အစိတ်သားတောင် မချန်နဲ့၊ ကုလား၊ လူမှမဟုတ်တာ၊ အမြင့်ဆုံး ထောင်ဒဏ် ချလိုက်” ဆိုပြီး အမိန့်တွေ ပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးရယ်။

အဲဒီအချိန်က ကမ္ဘာမှာ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်၊ လိုက်ဗေးရီးယား သမ္မတဟောင်း ချားလ် တေလာ၊ ကမ္ဘောဒီးယား အာဏာရှင်ဟောင်း ပိုပေါ့၊ ဆူဒန်သမ္မတ ဘတ်ရှီးယားတို့ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်နေချိန်ဖြစ်လို့ သူ့အလှည့်များ ဘယ်တော့ရောက်မလဲဆိုတာကို စိုးရိမ်လို့ စုံးစမ်းခိုင်းလိုက်တယ်ဆိုတာ ကျနော် နားလည်လိုက်ပါတယ်။

ကျနော်လည်း ဝတ်ကျေတန်းကျေပဲ လောလောဆယ် အခြေအနေမှာတော့ အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဝါရှင်တန်ဒီစီက ပင်တဂွန် စစ်ဌာနချုပ်နဲ့ နယူးယောက်က World Trade Center အတိုက်ခံနေရလို့ မြန်မာနိုင်ငံကို စိတ်မဝင်စားနိုင်သေးဘူးလို့ သတင်းပြန်ပို့ပေးခဲ့ရတယ်။

စက်တင်ဘာ ၁၁ အရေးခင်းဟာ ဗိုလ်ချုပ်မှူးကြီးအတွက် ဝမ်းသာစရာဖြစ်ခဲ့ရတယ်။ ဘယ်လောက် ဝမ်းသာသလဲဆိုရင် တခြားနိုင်ငံတွေက ခေါင်းဆောင်အသီးသီး အမေရိကန် သမ္မတ ဂျော့ ဘုရှ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေ အသီးသီးပို့နေကြတဲ့အချိန်၊ ကျနော်တို့က ပို့ဖို့တင်ပြတော့ ဟိုလိုလိုဒီလိုလိုလုပ်ပြီး အချိန်အတော်ကြာသည်အထိ မပို့ဘူး။ နောက်ဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန Burma Desk က သံရုံးကို မေးလို့ မြန်မာနိုင်ငံကို ပြန်ပြောတော့မှ မပို့ချင်ပို့ချင်နဲ့ ဗိုလ်ချုပ်မှူးကြီးက ပို့လိုက်တယ်။

ဗိုလ်ချုပ်မှူးကြီး ဘာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရသလဲဆိုရင် ပြည်သူလူထုအပေါ်မှာ ရက်ရက်စက်စက် လုပ်ခိုင်းခဲ့တဲ့အပေါ် သူကိုယ်တိုင် တာဝန်မယူရဲလို့ပဲ။ သူ တိုက်ရိုက်၊ သွယ်ဝိုက် အမိန့်ပေးခဲ့တာတွေကို ပြောရရင်တော့ ၁၉၉၃ ခုနှစ် ဧပြီလမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော နယ်မြေမှာ ရိုဟင်ဂျာ ၄၀၀ ကျော်ကို ရှင်းပစ်ဖို့ အဲဒီအချိန်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် (နောင် အတွင်းရေးမှူး ၃၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်) ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့တယ်။

အဲဒီတုန်းက ရိုဟင်ဂျာ သောင်းကျန်းသူတွေက ဘူးသီးတောင် မောင်းတော နယ်မြေမှာ တနေ့တည်းမှာ မိုင်း ၁၈ လုံးခွဲပြီး ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်တပ်ကပြန်ပြီး စစ်ဆင်ရေးလုပ်တဲ့အခါ သူပုန်ရော အရပ်သားပါ စုစုပေါင်း လူ ၄၀၀ ကျော် အရှင်ဖမ်းဆီးရမိတယ်။ စစ်ရုံးချုပ်ကို သတင်းပို့တော့ “ကုလား၊ လူမှမဟုတ်တာ ရှင်းပစ်” လို့ အမိန့်ပေးခဲ့တယ်။

၁၉၉၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားညီလာခံကထွက်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက NLD ကို အကြီးအကျယ်ဒေါသထွက်ပြီး NLD ဆိုရင် ဆွေမျိုးအစဉ်အဆက် ကြောက်သွားအောင် နည်းမျိုးစုံနဲ့ အကျပ်အတည်းဖြစ်အောင် လုပ်ဖို့ ထောက်လှမ်းရေးကို ခိုင်းစေခဲ့တယ်။

၁၉၉၆ ခုနှစ်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာရှိတဲ့ စစ်တပ်အင်အားတွေကိုသုံးပြီး ရွာတွေရွှေ့ခိုင်းတာမှာ မလိုက်နာရင် အစိတ်သား (၂၅ ကျပ်သား) ဝမ်းဗိုက်ထဲက ကလေးတောင်မချန်နဲ့လို့ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တယ်။

၁၉၉၈ ခုနှစ် မေလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ် ကြည်မင်း (ရေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် မြင့်ဆွေ (လေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် သူရမြင့်အောင် (စစ်ရေးချုပ်ဟောင်း)၊ ဗိုလ်မှူးကြီး ဇော်မင်း (အမှတ် ၁ လျှပ်စစ် ဝန်ကြီး) တို့ကို ခရစ္စတီးကျွန်းမှာ အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး၊ ကလေး ၈၁ ယောက်တို့ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီခရစ္စတီးကျွန်းမှာ ကျနော်ကိုယ်တိုင် ရှိနေတာကြောင့် သက်သေထွက်ဆိုနိုင်ပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲရင်းကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ဗိုလ်ချုပ် စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း)၊ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) တို့ကို ခိုင်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ထောက်လှမ်းရေးဟောင်းများ၊ တပ်မတော်အရာရှိများ၊ ရဲအရာရှိများက သက်သေထွက်ဆိုနိုင်ပါတယ်။ ဒါတွေက ကျနော် သိတာတွေပါ။ တခြား လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုတွေသိတာ အများကြီး ရှိပါလိမ့်ဦးမယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဘုရားသားတော်တွေကို သတ်ဖြတ်ညှင်းဆဲတဲ့ ကိစ္စကတော့ ကမ္ဘာကျော်ကိစ္စတခုပါ။ ဒီလို မတရားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့အတွက်ကြောင့်လည်း နိုင်ငံတကာတရားရုံးကို အရမ်းကြောက်ခဲ့တာ။ ကုလသမဂ္ဂ  လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား တင်ပြတဲ့ စုံးစမ်းစစ်ဆေးရေးအဖွဲ့သာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ရမယ်ဆိုရင် ဒီထက်ပိုပြီး အကြောင်းစုံကို သိနိုင်မှာပါ။

ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခိုးကြောင်ခိုးဝှက်နဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေအား ၂၀၀၈ အခြေခံဥပဒေမှာ ထည့်ခဲ့တယ်ဆိုတာကို အသိပေးလိုက်ပါတယ်။

ဒါပေမယ့် “စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးဟာ အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်အရှိဆုံးပါ၊ ရှောင်လို့မရဘူးဆိုတာကို သတိပေးလိုက်ပါတယ်”။

ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အာဏာရှင် တိုင်းပြည်တွေနဲ့ မြန်မာပြည်ရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီလို ရက်စက်ယုတ်မာတဲ့ လူစားမျိုးပါ။ ဒီလိုလူမျိုးကိုလည်း မြန်မာ့တပ်မတော်အနေနဲ့ လစ်ဗျားတပ်မတော်ကဲ့သို့ ဆက်လက် သစ္စာမခံသင့်တော့ပါဘူး။

မြန်မာ့တပ်မတော်အတွင်းက လူစွမ်းကောင်းများ ထွက်ဖို့လိုနေပါပြီ။ မြန်မာပြည်သူတွေဘက်က ရပ်တည်ရမယ့်အချိန်ကို ရောက်နေပါပြီ။ ပြည်သူလူထုနဲ့ပူးပေါင်းပြီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ မိသားစုလို နိုင်ငံတကာ စစ်ခုံရုံးပို့ပြီးအရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို ဥပဒေအရ လုံးဝ (လုံးဝ) လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါ။     ။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။
Comments (12)Add Comment
0
လုံးဝ ထော က်ခံတယ်။
written by ဟယ်ဂင်း, April 15, 2011
ကြိုက်တယ်ဗျာ ဒီလိုမျိုးနိုးဆော်မှုကို အခုလို တိကျတဲ့သ က်သေ အထော က်ထားတွေနဲ့ နိုင် ငံတကာ စစ်ခုံရုံး ထက် အဆင့်မြင့်တာ ရှိရင် တင်ဖို့ကောင်းတယ်
0
အစိုးရ က ပြည်သူကို အနိုင်ကျင့် သော အခါဝယ်.......
written by liondolphin, March 05, 2011
ကုလ ကအမြဲ ပြောတဲ့ စကားတစ်ခွန်း ရှိတယ်ဗျ.. " အလွန်းအမင်း စိုးရိမ် မိပါတယ် "
0
ကိုယ်က အဓိက လူပါ။
written by Prince, March 05, 2011
ဘယ်သူကို မျှော်လင့်ပြီး စောင့်နေ ရတာလဲ။ သူတို့လ ည်း သူ့နိုင်ငံ၊ သူ့အရေး နဲ့သူဘဲလေ။ ကိုယ့်မိသားစု မစည်းလုံးတာ ဘယ်သူကူမှရမှာလဲ.....။ ကိုယ်ဘဲစသလို ကိုယ်ဘဲ အဆုံး သတ်ရမှာပေါ့။ ဒို့ဘ ယ်အဆ င့်ရောက်ပြီလဲ။ ဘယ်လော က်ဆက်သွား ရမလဲ..က ပို အရေးကြီးပါတယ်။ .......
0
Myanmar without oil, nothing! Who cares!
written by Burmese, March 05, 2011
ကုလသမ္မဂ္ဂဆိုတာ ကမ္ဘာ အတွက် မဟုတ်ပါ။ အမေရိကန်နဲ့ အပေါ င်းအပါများရဲ့လက်ကိုင် တုတ်ပါ။
မြန်မာအတွ က်တော့ အဝေး ကြီးပါ။
“မြန်မာေ တွကွာ ရေနံမှ မရှိတာ။ ဂရုစိုက်မနေနဲ့။” ဒီလိုပြောရ င်ပြောမှာပါ။
အမေရိကန်နဲ့ အပေါင်း အပါတွေက “ရေနံ ခရေဇီ” တွေပါ။
လူ့အ ခွင့်အရေးမထွန်းကားသေးတဲ့ နိုင်ငံတွေမှာ “သူတို့အ ခွင့် အရေး”
ဘာရှိသလဲ အရင်ကြ ည့်တာပါ။ ၂၀၀၈-၂၀၀၉ ဂါဇာကို အစၥေ ရးဗံုးႀကဲတာ
ထောင်ကျော်ေ သဆုံးခဲ့ပါတယ်။ အမေရိကန် ပါးစပ်မဟပါ။
“ကုလားေ တွကွာ, လူမှ မဟုတ်တာ သေပစေ။” လို့ ပြောရင်တောင် ပြောမှာပါ။

UN is simply not for the world but apparently for U.S and Allies, and their 'Baton'.
UN never reaches out for Myanmar so far. Might say, "Myanmar without oil, nothing! Who cares!" instead. They actually are 'Petrolcrazy'.
They are 'Sheer Opportunism' prioritized 'self' on the affairs of non democratic countries.
Silence on over 1000 casualties killed by Israel in Gaza is saying like 'Islam, not man, let them die!'.

0
...
written by aung, March 04, 2011
နိုင်ငံတကာခုံရုံ တင်တာကေ နာက် လောလော ဆယ်ဖြုတ်ချဘို့ေ တာင် မလုပ်နိုင်ေ သးဘဲနဲ အင်း စိတ်ကူးကလည်း ယဉ်ကြပါပေ့။ ဒို့တိုင်းပြ ည်ကလူတွေ စိတ်ကူးယဥ်သမားတွေ သက်သက်ဘဲ ချဲထီေ လာင်းကစားသမားတွေ ဆိုတော့ ပေါက်ဂ ဏန်းက ဘာမှန်းမသိဘူး ပေါက်လျင် ဘာလုပ်မယ် ညာလုပ်မယ်နဲ့ ဘဲ
အချိန်ကုန်နေကြတယ်
0
We have toknow
written by Publo, March 04, 2011
Agree.That's fact.So we can see very clearly everybody ( every government) think about their own business( for their own people's business not other than that) not for personal pocket and own business Like Than Shwe and Group do.
0
...
written by Ko Maung, March 04, 2011
မိမိနှင့် အယူအဆ မတူသူများ၊ နိုင်ငံရေး အတွက် လှူပ်ရှား သူများကို နှိပ်စက် ရက်စ က်နေသော စစ်အာ ဏာရှင်များကို ယဉ်ကျေးသ ည့်လူ့အသို င်းအ၀န်းက စက်ဆုတ ရွံရှာ အထင်သေးမည်။ နိုင်ငံ တကာ တွင်လည်း မျက်နှာင ယ်ရမည်။ မိမိတို့ လုပ်ရပ်များ၏ နောက်ဆက်တွဲဖြ စ်ပေါ်လာမည့် သမိုင်းကြောင်း ကောင်းကျိုး ၊ ဆိုးကျိုးကို လည်း အမျိုးဂု ဏ်ဆောင်သည့် မျိုးချစ်စစ်သားများ တက ယ်သာဖြ စ်ခဲ့ပါက တာဝန် ယူသင့်သည် စောင့်ထိ န်းသင့်သည်။

0
Agree
written by Hetra, March 04, 2011
မြန်မာ့ တပ်မတော် အတွင်းက လူစွမ်းေ ကာင်းများ ထွက်ဖို့ လိုေ နပါပြီ။ မြန်မာပြည်သူတွေဘ က်က ရပ်တည်ရမ ယ့်အချိ န်ကို ရောက်ေ နပါပြီ။
0
US Commitment
written by Kane, March 04, 2011
US Gov't commit its forces only where US Interests are at risk. Normally, US President needs Congress Approval to commit US forces except under certain critical conditions. One of the factors they may intervene is only when like a dictator is committing genocides or crime against humanity. Now Libyans are fighting hard to get freedom while Burmese are peaceful and sitting like lame ducks except making a few noises. If Burmese fights like Libyans, something will happen.. Western Allies is also taking care of PRC since PRC sees foreign forces on Burmese Soil is a threat to its national security. Unlike Middle East. Geopolitics plays a major role here regarding issues about Burma
0
စိတ်မရှိဘူး ဆိုရင် ပြောချင်တယ်
written by Boedaw, March 03, 2011
၁၉၈၈ ခုနှစ် မှာ စစ်တပ်က ပြည်သူ လူထုကို ထောင်နဲ့ချီ ပစ်သတ်ခဲ့တယ်။
ဒါကို အမေရိက န်လည်း သိပါတယ်၊ ကုလသမဂ္ဂ တွေလ ည်း သိပါတယ်။
ဒါပေမဲ့ ဘာမှ အရေး မယူ ခဲ့ပါဘူး။ နဖါဂျီးတောင် မကလော် လောက်ဘူး ထင်တယ်။

အခု ကဒါဖီက သူ့ ပြည် သူတွေကို သတ်တာ လူ (၁) ထောင် မကျော်ေ သးဘူး ထင်တယ်နော်။
ဒါပေမဲ့ ချက်ခြင်းပဲ စစ်သဘေ င်္ာတွေ လွတ်ပြီး အရေး တယူ လုပ်တယ်။

မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုတဲ့ အတိုင်းပဲ လို့ ထင် တယ်နော်။
လစ်ဗျား ဆိုတာက ကမ္ဘာ ပေါ်မှာ ရေနံ အထွက်ဆုံး (၁၀) နိုင်ငံထဲမှာ ပါတယ် ဆိုတော့လေ။

ကျနော် တသီး ပုဂ္ဂလ အနေနဲ့ အမေ ရိကန် နဲ့ ယူအမ် ကို မေးချင်တယ်။
ခင်ဗျားတို့ ကျနော့် လို အညတရ တယောက် ရေးတဲ့ စာသားကို သိချင်မှလဲ သိမှာပါ။
ခင်ဗျားတို့ ဂရုစိုက်တာ အလေးထားတာက ဒီမိုကေ ရစီလား ရေနံလား၊ သဘာဝ ဓါတ်ငွေ့လား။

ကျနော် မြင်တာ ကတော့ လူ့ အခွင့် အရေး ဒီမို ကရေစီ အရေး ဆိုတာ ခင်ဗျားတို့ အတွက် နာမည်ကောင်း ဟစ်တဲ့ မီဒီယာ လက်နက် တခုလို အသုံးပြုတ ယ်လို့ ကျနော် မြင်ပါတယ်။
0
Absolutely right
written by HERO, March 03, 2011
I strongly agree ..... .... !!!!!!!! !!!!!!!!! !!!!!!1 smilies/grin.gifsmilies/grin.gif smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif smilies/grin.gifsmilies/grin.gifsmilies/grin.gif smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif smilies/grin.gifsmilies/grin.gif smilies/grin.gifsmilies/grin.gif
0
လုံးဝ ထောက်ခံပါသည်
written by KOKO, March 03, 2011
ဗိုသ န်းရွှေ နှင့် တကွ ပူပေါင်ြး ကံစည်သူ အားလုံး နိုင်ငံတကာ စစ်ခုံရုံး တင်ဖို့ 
လုံးဝ ထော က်ခံပါသည်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်