ဗိုလ်ချုပ်ကို သတိရပါ

(၁)

“ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ် မွေးနေ့ပါ” ဆိုသည့် ဘယ်သူရေးမှန်း မသိသော ကဗျာကို တတိယတန်းတွင် ကျက်ခဲ့ရ သော်လည်း ထိုနေ့သည် ကလေးများနေ့ဟု ထူးတထွေ ကျင်းပသည်ကို ငယ်စဉ် တောင်ကျေးက ဘာမှ မတွေ့ခဲ့ဘူး၊ မကြားဘူးခဲ့ရိုး အမှန်ပါ။

အရာရာတွင် အကြီးအမှူးကို ဦးညွှတ်ရသည့် လူကြီးဝါဒ တိုင်းပြည်တွင် ကလေးများ၊ မိန်းမများ၊ တိုင်းရင်းသားများ နိုင်ငံခြားသား စသည့် ဝေါဟာရများမှာ အလုပ်သမား၊ လယ်သမားနှင့် တပ်မတော် စသည့် ဆိုရှယ်လစ် ဒီမိုကရေစီ၏ အဓိက မဏ္ဍိုင် များလောက် ဂုဏ်မမြောက် သလို အောက်မေ့ ခဲ့မိသည်။

ကလေးတွေကို ဗိုလ်ချုပ်လို အာဇာနည် သူရဲကောင်းတွေကို အားကျ တတ်စေရန် ထိုနေ့ကို ကလေးများနေ့ဟု ရွေးချယ် ခဲ့သော်လည်း အာဇာနည် ဆိုလျှင် ဒုက္ခနိဂုံးနှင့်သာ အဆုံးသတ်သည့် တိုင်းပြည် ကြမ္မာက ကလေးတွေကို အကြောက်တရား ရိုက်သွင်းပေးနေ သလို ရှိလှသည်။

သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း သုံးမည်ရ ပုဂ္ဂိုလ်ကြီးကို မျိုးဆက်သစ်တွေ မေ့ကုန်ပြီဟု နိုင်ငံရေး စိတ်သန်သူများက မချင့်မရဲ ဖြစ်တတ်ကြသည်။ အမှန်တော့ ဗိုလ်ချုပ်ကို မေ့ကြသည်မှာ ယခုကာလမှ မဟုတ်၊ လွတ်လပ်ရေးရစ နိုင်ငံရေးခေတ် ကတည်းကဟု ဆိုရလိမ့်မည်။

ဗိုလ်ချုပ် … ဗိုလ်ချုပ် … ဒေါ်စု … ဒေါ်စု ... ဆိုသည့် အသံတွေကို ကြားရတိုင်း ၁၉၆၀ ကျော် ရှုမဝ မဂ္ဂဇင်းဟောင်း တအုပ်ထဲက သခင်ဘသောင်း လက်ရာ တပိုင်းပြဇာတ်ကလေးတပုဒ်ကို သတိရမိပြီး ပြုံးရတတ်သည်။ စားပွဲပေါ်တွင် “ဗိုလ်ချုပ်ကို သတိရပါ” ဆိုသည့် စာကိုတွေ့ပြီး လုပ်ကြံခံရမှာစိုး၍ အကြောက်လွန်သွားသည့် ဝန်ကြီးတယောက် အကြောင်း ဖြစ်ပါသည်။

တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့သဖြင့် သခင်တို့ကို ဖန်ဆင်းသည့် ဘုရားသခင်ဟု ဆရာကြီးမှိုင်းက ကျီစယ်ခဲ့သည့် သခင်ဘသောင်းမှာ လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒီပီပီ နု၊ အောင်ဆန်း၊ စိုး၊ သန်းထွန်းစသည့် နဂါးနီ စာပေကလပ်၏ ပင်မ ဝိုင်းတော်သားများနှင့် တယ်ပြီး အလွမ်းမသင့်လှပါ။ ထို့ကြောင့် တိုင်းပြည်ဖခင် အာဇာနည် အဖြစ် ဖဆပလ၊ ပထစ စသည့် နိုင်ငံရေး သမားများနှင့် စစ်တပ်ကပါ ပလ္လင်ဆောက်ကာ ဂုဏ်မြောက်ပြီး နိုင်ငံရေး အမြတ်ထုတ်ကြသည်ကို သရော်လိုဟန် ရှိပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်က တိုင်းပြည်အတွက် ဘာတွေ ချန်ခဲ့ပြီး မြန်မာပြည်သူတွေက သူ့ကို ဘယ်လိုအမှတ်ရကြသလဲ ဆိုသည်ကို သူ အနှစ်တရာ မပြည့်ခင် ခုကတည်းက ဝေဖန်သော စိတ်ဖြင့် ကြိုစဉ်းစားသင့်လှသည်။ သို့မဟုတ်ပါက မြန်မာထုံးစံ ချစ်လျှင် အကျိုး မြတ်နိုးသဒ္ဓါဆိုသလို အလွန်အကျွံ ချစ်ပြနေကြသဖြင့် နတ်ကိုးကွယ်သည့်နှယ် မျက်စိမှိတ်ယုံကြည်မှုမျိုး ပေါ်လာသလို တဘက်တွင်လည်း စတာလင်ပုံစံ ယုတ္တိမဲ့ဝါဒဖြန့်မှုမျိုးကို အယုံအကြည်မဲ့ပြီး စိတ်ဝင်စားမှု ကုန်ခမ်းသွားသည့် အစွန်းက ရှိနေသည်။

(၂)

ဗိုလ်ချုပ်ထားခဲ့သည့် အမွေထဲတွင် အခိုင်မာဆုံး သက်သေက ပြည်ထောင်စုမြန်မာနိုင်ငံ (ဝါ) ဘားမား ဆိုသည့် တိုင်းပြည် ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားနှင့် စစ်ဗိုလ်ဆိုသည့် ကမ္ဘာမကြေ၊ ငါမကြေ နိုင်ငံရေးသမား နှစ်မျိုးကိုလည်း ထားရစ်ခဲ့ ပါသေးသည်။ ဗိုလ်ချုပ်သမီး စုစုခေါ် ဒေါ်အောင်ဆန်းစုကြည်မှာ တွမ်နှင့် ဂျယ်ရီရန်ပွဲကို ဝင်ဖျဉ်ရင်း (ဝါ) လှေကွဲကြီးကို ဆယ်ရင်းနစ်သည့် မေခလာ ဖြစ်နေတော့သည်။

မဏ္ဍလအုပ်ချုပ်ရေးခေါ် မင်းနေပြည်မှ ဝေးရာတွင် အာဏာစက် လျော့သွားတတ်သည့် ပဒေသရာဇ် တိုင်းပြည်တခုနှင့် နီးပါး ဝန်းကျင်က တောင်ပေါ် လူမျိုးစုတို့ကို စီးပွားရေးအမြတ်အတွက် အကြောင်းရှာ ကျွန်ပြုရာတွင် ဘားမားခေါ် အိန္ဒိယနှင့် ဗြိတိသျှ အင်ပါယာဝင် ဆန်နှင့်သစ် တင်ပို့ရာ ကိုလိုနီတခုပေါ်လာပါသည်။ ၎င်းကိုလည်း တိုက်ရိုက်အုပ်ချုပ်ရေး ကျင့်သုံးရာ ပြည်မနှင့် စော်ဘွားဒူးဝါး၊ တောင်အုပ်တို့မှတဆင့် အခွန်ကောက်စရာ နယ်ခြားဒေသဟု ခွဲခြားထားလိုက်ရာ နှစ် ၆၀ ကျော် ထိုအကွဲကြီးကို လပိုင်းအတွင်း ရအောင်စေ့စပ်ပြီး ပြည်ထောင်စု အုပ်ချုပ်ရေးကို ထူထောင်ရန် ငန်းသတ်ပေးခဲ့သူကို ပြည်ထောင်စု ဗိသုကာ ခေါ်သည်ထက် ပန္နက်ချသူဟုသာ သုံးစွဲသင့်ပါသည်။

အကြောင်းမတော့ ထိုဘလူးပရင့်ကောင်းသည့် ပြည်ထောင်စု တိုက်အိမ်ကြီးမှာ မဆောက်တတ်သည့် တောပန်းရံတို့ လက်ထဲဝယ် စစ်ဘားတိုက်ကြီး ဖြစ်သွားခဲ့ပါ၏။ သို့တစေ၊ အမျိုးသားရေး မာန်တက်နေကြသည့် စစ်ပြီးစ လက်နက်အလျှံအပယ်နှင့် လူမျိုး အစုံကို သူ့သြဇာ၊ စေတနာနှင့် စကားနည်း၊ ရန်စဲ လွတ်လပ်ရေးမြန်မြန်နှင့် အတူတူရကြအောင် စည်းရုံးသွားခဲ့သည့် ကျေးဇူးကား ကြီးပါသည်။

ဦးအောင်ဆန်း၏ နိုင်ငံရေးကဏ္ဍတွင် ၁၉၃၆ သပိတ်မှောက်ခေါင်းဆောင်၊ ကောလိပ်ကျောင်းထွက် ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင် ဆိုသည့် ဂုဏ်ပုဒ်နှင့် ရဲဘော်သုံးကျိပ် ခေါင်းဆောင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဆိုသည့် ဝိသေသနှစ်ခုက လက်လက်ပနေ၏။

ဥပဒေတွင်း တိုက်ပွဲနှင့် လက်နက်ကို အချိန်အခါအလိုက် အသုံးချခဲ့သော်လည်း သူ့ကို ဆက်ခံသည့် နိုင်ငံရေး မျိုးဆက်များ လက်ထက်တွင် ဤအင်အားစု နှစ်ခုမှာ ပတ်တုပ်မရအောင် အကွဲကြီးကွဲပြီး လွဲချက်ကနာလှပေသည်။ ပြည်တွင်းစစ်ဖြစ်စ တပ်မတော်မချဲ့ထွင် ရသေးခင်က စစ်ဘက်နှင့် အာဏာရနိုင်ငံရေးလောကမှာ တပူးတွဲတွဲ ရှိလှသော်လည်း နောက် ဆယ်နှစ် အတွင်းမှာပင် ထိုနိုင်ငံရေးသမား အများစု ထောင်ထဲရောက်သွားခဲ့သည်။

ဆဲဗင်းဂျူလိုင်ခေတ်မှစ၍ အဆက်ဆက်သော ကျောင်းသား မျိုးဆက်များမှာ တပ်မတော်၏ တိုင်းပြည်သစ်ကို အဖျက်အမှောင့် လုပ်မည့် နိုင်ငံရေး အလှေးအမွှားများအဖြစ် အငြိုးကြီးနှင့် ချေမှုန်းခံရလေသည်။ ကွန်မြူနစ်တစ္ဆေနှင့် တရုတ်နီခြောက်အိပ်မက်၊ ပြီးတော့ နယ်ချဲ့လက်သစ် အန္တရာယ်စသဖြင့် ခေါင်းတပ်စရာ အကြောင်းပြများက ကောင်းလှသည် မဟုတ်ပါလား။

ဖိနှိပ်သူရော အဖိနှိပ်ခံကပါ ဗိုလ်ချုပ်အမွေခံ မြန်မာပြည်ကို ကယ်တင်မည့် မျိုးချစ်များအဖြစ် ကိုယ့်ကိုယ်ကိုယ် ရှုမြင် သိဒ္ဓိတင်ကာ အပြန်အလှန် အခဲမကျေဘဲ လောင်စာရန်ငြိုး မီးဆက်ကာ ပျိုးကြတော့သည်။ တဖန် ၁၉၈၈ အရေးအခင်းတွင် တပ်မတော် ဖခင်ကြီး၏သား ဗိုလ်ချုပ်ကြီးများ၏ အဓမ္မ အင်အားသုံးဖိနှိပ်မှုကို ဖခင်ကြီးသမီးက ဝေဖန်ရှုတ်ချကာ လက်နက်မဲ့ ကျောင်းသား ပြည်သူများဘက်က ရပ်တည်သည့်အခါ အနှစ် လေးဆယ်ကြာ ဖန်တီးထားရသည့် “ဆိုရှယ်လစ် မုခ်ဦးဆီသို့ ချီနေသော အောင်ဆန်း တိုင်းပြည်” ဆိုသည့် ဝါဒဖြန့် ပူစီပေါင်းများ တဖောင်းဖောင်း ပေါက်ကွဲပြီး လူမျိုးရေးမုန်းတီးမှုပေါ် အခြေပြုသည့် စစ်ဝါဒီနိုင်ငံတော်ပုံရိပ်က မလှမပပေါ်လာခဲ့သည်။

စင်စစ် ဗိုလ်ချုပ်၏ ဆိုရှယ်လစ်လမ်းစဉ်ကို ချီတက်မည်ဟု ဖဆပလရော မဆလပါ ကြွေးကြော်ခဲ့သော်ငြား တဖွဲ့မှ အပြောနှင့်အလုပ် မညီလှပါ။ တတိယကမ္ဘာထုံးစံ မြန်မာအစိုးရအဆက်ဆက်မှာ ဒိုင်အာခီမှသည် နေပြည်တော်ခေတ်အထိ အကျင့်ပျက်ခြစား၊ ကိုယ်ကျိုးငဲ့ လူယုံမွေးသည့် ပဒေသရာဇ်ပုံစံမှ မထွက်နိုင်သေး။

ပြည်တွင်းစစ် အပြုတ်တိုက်ရေးဘက် မဲနေရသဖြင့် တိုင်းပြည် မဖွံ့ဖြိုးနိုင်ခြင်းအတွက် လူထုထောက်ခံမှု မလျော့စေရေးအလို့ငှာ ဗိုလ်ချုပ်လမ်းစဉ်ကို လိုက်နာနေပါသည်ဟု တွင်တွင်ကြီးပြောပေး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ပျဉ်းမနား လမ်း တနေရာတွင် ရိုက်ထားသောပုံကို ထုတ်ထုတ်ပြပေး ရသည်ကို မဆလခေတ်မီသူများ မှတ်မိပါလိမ့်မည်။

တခါတခါလည်း အနှစ် ၆၀ ကျော် နိုင်ငံရေးမတည်ငြိမ်မှုနှင့် နောက်ဆက်တွဲ လူမှုစီးပွား နိမ့်ကျမှုအစ ပယောဂအဖြစ် ဘယ်အခါမှ မညီခဲ့သော လက်ဝဲအုပ်စုများနှင့်တကွ တိုင်းပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတည်ပြုဖို့ လက်ညှိုး ထောင်တတ်သူပဲ လိုချင်တယ်ဆိုပြီး အသက် ၂၀ ကျော် စစ်ပြန် ရဲဘော် အမတ်ကလေးများ (အများစု တောခိုသွား) ကို ဆွဲသွင်းခဲ့သော ဗိုလ်ချုပ်ဟောင်း ဦးအောင်ဆန်းကိုပဲ အပြစ်ဆိုရမလား၊ သူနှင့်လက်တွဲလုပ်ဖို့ ဆန္ဒမရှိကြသည့် ကိုလိုနီ သခင်ကြီးများကို သံယောဇဉ်မပြတ်နိုင်သော စစ်မတိုင်ခင်က အာဏာရ ဘိလပ်ပြန် လက်ယာ ပညာတတ်နိုင်ငံရေးသမားများကိုပဲ လက်ညှိုးထိုးရမည်လား မသိတော့ပါ။

အနိုင်နိုင်ငံမှ သူနှင့်ခေတ်ပြိုင် ဆိုရှယ်လစ် ခေါင်းဆောင်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြည့်ပြီး သူသာမကျဆုံးခဲ့ပါက ယခုလောက် ဂန္ထဝင် တွင်ပါ့မလားဟု သံသယ ပွားမိပြန်သေးသည်။ ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းမှာ သူ့လောက် အရည်အချင်းမရှိ ပေါ်ပြူလာ မဖြစ်ခဲ့သော်ငြား ဗိုလ်ချုပ်အောင်ဆန်း ဆိုလျှင်ကော စစ်အေးအရှိန်တက်ချိန် ဝဲ၊ ယာအင်အားကြီးများ ဝိုင်းဘေးတီးပေးကြသော ကွန်မြူနစ်နှင့် လူမျိုးစုလက်နက်ကိုင် လှုပ်ရှားမှုတွေ ပေါ်မလာအောင် နိုင်ငံရေးနည်းနှင့် တားဆီးနိုင်ပါမည်လား။

သူ့လိုပင် အမျိုးသားခေါင်းဆောင်ဖြစ်သော အင်ဒိုနီးရှားဖခင် ဆူကာနိုမှာ ကွန်မြူနစ်နှင့် စစ်တပ်ဆိုသည့် ဗာလီနှင့် သုကျိပ် တို့အကြား (တရုတ်နီနှင့် အမေရိကန်သြဇာခံ အင်အားစုများအလယ်) ဟန်ချက်ပျက်ပြီး နန်းကျခဲ့ရသည်။ စစ်ကြီးအတွင်းက နာမည်ကျော် ပြောက်ကျားခေါင်းဆောင် မာရှယ်တီးတိုး မရှိသည့်နောက် မြန်မာစစ်တပ်၏ စံနမူ ယူဂိုတို့ပြည် မည်သို့ ပြိုလဲ ခဲ့သည်ကို ဋီကာချဲ့စရာမလိုတော့။

အာရပ် ဆိုရှယ်လစ်ဝါဒီ နာဆာ၏ အီဂျစ်ပြည်တွင်လည်း ၁၉၆၇ က ထုတ်ထားသည့် အရေးပေါ်ဥပဒေကို ဆက်ကာ ဆက်ကာ သက်တမ်းတိုး နေဆဲ၊ သက်တော်ရှည် မူဘာရက်၏ ရွေးကောက်ခံ အာဏာရှင်စနစ်က သူ့သားလက် အာဏာလွှဲမသွားအောင် တိုက်ပွဲဝင်နေရဆဲ။

ဘက်မလိုက် ဆိုရှယ်လစ် ဗိုလ်ချုပ်ကြီးများသည် ရင့်ကျက်သော နိုင်ငံရေး ယဉ်ကျေးမှုဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးတို့တွင် အမေရိကန်ဒေါ်လာတွေ ဖောဖောသုံးနိုင်သော ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့က အာဏာရှင်များလောက် အစွမ်းအစမရှိဟု ပြောလျှင် ခံရမည်မှာ မလွဲ။

(၃)

မြန်မာတို့၏ တော်လှန်ရေး အသွင်ဆောင်သည့် အမျိုးသားလှုပ်ရှားမှု လက္ခဏာမှာ ကိုလိုနီခေတ်မှ ယနေ့တိုင်အောင် အဓွန့်ရှည်ခဲ့ပြီး အုပ်ချုပ်သူလူတန်းစားနှင့် ပြည်သူလူထုမှာ ဘယ်အခါမှ စေ့စပ်ပြေငြိမ်းမှုကို မရခဲ့သေးပါ။ အမှန်တော့ စစ်ဖြစ်စကနေ လွတ်လပ်ရေးရခါနီး ၆ နှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ အောင်မြင်သော နိုင်ငံရေးဦးဆောင်မှု ကဏ္ဍကို လွတ်လပ်ရေးအလွန် ပြိုကွဲကျဆုံးမှုများ၏ လက်သည် အစိုးရအဆက်ဆက်နှင့် ယှဉ်ပြီး လူထုက လွမ်းမပြေဖြစ်ကြသည်။

ထို့နောက် အနှစ် ၂၀ ကြန့်ကြာနေသော ဗိုလ်ချုပ်သမီး၏ နိုင်ငံရေး စီမံပိုင်ခွင့်ကို မင်းလောင်းမျှော် မျှော်ကြသည်ဟု အောက်မေ့ပါသည်။ ဤအညှာကို နောကျေသည့် အတိုက်အခံ ရေနည်းငါးများက ဗိုလ်ချုပ်နှင့်ဒေါ်စု အရေးတော်ပုံနိပါတ်စုံကို အခါခါကျော့ပြရုံသာပြပြီး လူထုနှင့် တိုက်ရိုက်သက်ဆိုင်သော နိုင်ငံရေး လမ်းကြောင်းကို ချမပြနိုင်သည့်အခါမှ စ၍ “ဗိုလ်ချုပ်ကိုတော့ မေ့ပါပြီ” ဆိုသော အမြင်များ ပေါ်လာသည်ဟု မြင်ပါ၏။

တကယ်တမ်းသာဖြင့် ဘားမားရွှေပြည်တွင် လူမွဲတွေ ထမင်းငတ်နေသေးသရွေ့ ညီမျှလွတ်လပ်သော နိုင်ငံရေး၊ စီးပွားရေး စပေ့စ် ဆိုသည်များ လူတိုင်းအတွက် ပေါ်မလာသေးသရွေ့၊ နယ်ပယ်စုံတွင် ဗိုလ်ချုပ်လို လူမျိုးတွေ များများကြီး ထပ်ထွက်လာဖို့ ပြည်သူတွေက ဆုတောင်းနေကြရပါဦးမည်။

ဗိုလ်ချုပ်၏ သားဦး တပ်မတော်ကလည်း တပ်နှင့်နိုင်ငံရေးခွဲခြားခဲ့သည့် ဗိုလ်ချုပ်စံနမူကို လိုက်နာနိုင်ပြီး ဗိုလ်ချုပ်ကိုယ်ပွား လူငယ်မျိုးဆက်များကလည်း နိုင်ငံ့အရေး ကိုယ့်အရေးမှတ်သည့် ပညာတတ် လူ့အဖိုးတန်များအဖြစ် တိုင်းပြည်ကို လမ်းကြောင်း မှန်ပေါ် ပြန်တည့်မတ်ပေးခြင်းဖြင့် ဗိုလ်ချုပ်ကို တကယ်ချစ်ကြောင်း ပြနိုင်ကြပါစေ။

စာရေးသူသည် ဧရာဝတီတွင် ပုံမှန်ရေးသားနေသော ပြင်ပဆောင်းပါးရှင် တဦးဖြစ်သည်။
Comments (37)Add Comment
0
...
written by aung, June 29, 2010
thanks.
0
စာရေးဆရာ အောင်ဆန်း
written by Zaw Oo, June 29, 2010
ဆောင်းပါး၏ အဓိက ရည်ရွယ်ချက်မှာ ကောင်းမွန်သည်ဟု ပြောနိုင်ပေသည်။

သို့သော် ဗိုလ်ချုပ်သာ မကျဆုံး ခဲ့လျင် ဆိုပြီး အမျိုးသား ခေါင်းဆောင်မှာ အာဏာရှင် ဖြစ်သွား သူများ အကြောင်း ယှဉ်ပြနေစရာ မလိုဟု ထင်ပါသည်။ ဗိုလ်ချုပ်က လွတ်လပ်ရေး ရလျင် သမတလုပ်မည်၊ ဝန်ကြီးချုပ် လုပ်မည် မပြောခဲ့ဘဲ၊ စာရေးစားမည် ဟု ပြောခဲ့သည်ကို အားလုံး သိပြီး ဖြစ်သည်။

တသက်လုံး ပြောသလို လုပ်ခဲ့သူ ဗိုလ်ချုပ်သာ မကျဆုံးခဲ့ပါက စာရေးဆရာ အောင်ဆန်း ဖြစ်ခဲ့ပေမည်။
0
...
written by koop, June 01, 2010
ပထမတော့ မရှင်းဘူးဗျ
ဒါပေမဲ့ အခုတော့ ရှင်းသွားပါပြီ
စိတ်မဆိုးပါနဲ့ကိုဘို
အကို့ကို ကျနော် လေးစားပါတယ်
ဒါပေမယ်.
"လောင်းရိပ်" ဆိုတာကို
ကိုယ်တိုင်ကိုကျ နားလည်အောင်
ပြန်ဖတ်ေ စချင်တယ်။

မှတ်ချက်။ ။ အစွဲက လွဲရင်
အားလုံးကြိုက်ပါတယ် အကို
0
Totally Rubbish
written by orsino, March 09, 2010
We have been expecting you, Bo Bo as a 3G of Ludu but you are diverting from that way. Your writing is getting worse one article by another. And this one is the worst. Not clear, no logic , not smooth..only full of information and also that information is viewd as 'half empty glass'. We are expecting from you more than this Ko Bo Bo. smilies/sad.gif
0
...
written by ထွန်းထွန်း, February 24, 2010
အရေးအသားက တော်တော် ရှေးဆန်တဲ့ အရေးအသားဗျ။ နိုင်ငံရေး အမြင်ကလည်း မရှင်းဘူး။ သို့မဟုတ် ရှင်းအောင် မရေးရဲဘူး။
0
Bogyoke is Bogyoke
written by Thura, February 22, 2010
Most of the explanations and commonds on behalf of author are just exaggeration, not logical and not analytical. I wander is it the same person?
Whoever say whatever
Bogyoke is Bogyoke
Bogyike is....
our father
our hero
our model
our benefactor
I worship him everyday.
0
We love Bogyoke because he love us more than we do
written by Zwe, February 22, 2010
Everyone know everybody is imperfect.
Some are more perfect than other and become leader. Everyone cannot avoid mistakes in their life.
Everyone(even uneducated person) can point out everybody's weakness very easily.
We appreciate any analytical thinking that are based on good intention, right and true sources and come out from the neutral mind of the author. If not, it is attacking.
Every gentleman know attacking and criticism are totally different.
0
Explorer (သို့) တံလျှပ်ကို တံလျှပ်လို့ ပြောမိသူ၊
written by မန်းကိုကို, February 21, 2010
ဗိုလ်ချုပ် အောင်ဆန်းသာ လုပ်ကြံ မခံရရင် လက်ရှိ အနေ အထားလောက် ဂန္တဝင်တွင်ပါ့မလား လို့ သံသယ ဝင်ရင် ကျိုးကြောင်း ညီညွတ်တယ်လို့ ယူဆ မိပါတယ်။

ထင်ရှားတဲ့ အချက် တစ်ချက်က ဗိုလ်ချုပ်နေဝင်းနဲ့ တစ်ချို့သော သူတွေကနေ သူတို့ရဲ့ အကျိုး အတွက် ဗိုလ်ချုပ် အောင်ဆန်းကို နတ်ဘုရား တစ်ပါး နီးပါး အမွန်းတင်ရင်း ၈၈ အရေး အခင်းမှာ ဒေါ်အောင်ဆန်းစုကြည် အတွက် ဧရာမ တွန်းအားကြီး ဖြစ်သွားမှ ကမန်း ကတန်း နာမည် ဖျက်ဖို့ ပြန် ကြိုးစားခဲ့တဲ့ သာဓကလည်း ရှင်းရှင်းလေး ရှိနေပါတယ်။

ဘီဘီစီ ကနေ ထုတ်လွင့်တဲ့ “အောင်ဆန်းကို ဘယ်သူ သတ်သလဲ” ဆိုတဲ့ သတင်း မှတ်တမ်းကို ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လွတ်လပ်ရေး ရရင် ဓနဿဟာယ နိုင်ငံ အဖြစ် ဆက်မနေဘူး
ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့၊ လွတ်လပ်ရေး မရရင် လက်နက်ကိုင် တော်လှန်မယ့် အစီ အစဉ်တွေကို အထင် အရှား တွေ့ရမှာပါ။

ဒါတွေကြည့်ပြီးပြောရရင် ဗိုလ်ချုပ်ဟာ လူငယ် ပီပီ စိတ် မြန်တယ်လို့ ယူဆ နိုင်ပါတယ်။ လက်နက်ကိုင် တော်လှန်ပြီ ဆိုရင်လည်း သွေးချောင်း စီးပြီး ဘယ်သူကမှ သူရဲကောင်း အဖြစ်
ကျန်ရစ်ဖို့ အခွင့်အလမ်း မရှိနိုင်ေ တာ့ပါဘူး။
လွတ်လပ်ရေး ရတာ တစ်ဖက် တစ်လမ်း ကံကောင်းတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။

အချုပ် ဆိုရင်တော့ ဗိုလ်ချုပ် အောင်ဆန်းဟာ အလုံး စြုံ ပည့်စုံသူတစ်ဦးတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သူရဲ့အ ရည်အချင်း၊ ပါရမီတွေဟာ ရလွယ် တာမျိုး မဟုတ်သလို၊ အစား ဖို့ရာလဲ မလွယ်ပါဘူး။

ဒီတော့ကာ သူ့လိုလူတွေ များများ ပေါ်လာနိုင်အောင် မျှော်လင့်မှုမျိုးတွေကို အပြစ်ဆိုစရာ မရှိသလို၊ သူလိုလူမျိုြး ဖစ်အောင် ကြိုးစားလိုသူများ ရှိရင်လဲ မမှားဘူးလို ထင်မိပါကြောင်း …
0
Remember Bogyoke
written by MN, February 20, 2010
We love Bogyoke because he sacrifice his whole life for our country. Even if someone can sacrifice as Bogyoke, who should have the ability, leaderships, ... all at the same time. Our last generations, our grand father, grandmother are all love Bogyoke because they can see the works of Bogyoke, they can see the reality, this is the true history. Bo Bo has not born yet at this time and cannot see and understand why people love Bogyoke.
0
အံ့စရာ
written by nyinyi, February 20, 2010
ခက်တယ်...
တွေးရဲ ခေါ်ရဲ ရေးရဲ တာနဲ့ အမှန်ကို အမှန်အတိုင်း သဘာဝ ကျကျ တွေးတတ် တာဟာ တခြားစီပါ....
0
...
written by ဆန္ဒအောင်, February 20, 2010
လူဆိုတာ ခံစားချက် သတ္တ၀ါတွေဗျ။ မြန်မာ့ သမိုင်းမှာ ဖြစ်ခဲ့ တာတွေက ဖြစ်သင့်တာကို ဦးစား မပေးဘဲ ခံစားချက်ကို ဦးစားပေးပြီး ဖြစ်ချင်တာကို ဇွတ်တရွ တ်လုပ်လို့ ဖြစ်ကုန်တာလို့ထင်တယ်။ ဒါတွေကို စုစည်း ပေးဖို့ အားလုံးက ယုံကြည်ကြတဲ့ ခေါင်းဆောင်ကောင်းတ စ်ယောက်ကို လိုအပ်ပါတယ်။ Figurehead လို့ပဲ ပြောရမလားမသိဘူး။ ကံကောင်းတာက သခင်အောင်ဆန်းတို့လို၊ ဒေါ်အောင်ဆန်းစုကြည်တို့လို ခေါင်းဆော င်တွေဟာ ကိုယ် ကျိုးထက် အများ အကျိုးကို ရှေ့တန်းတ င်သူတွေ ဖြစ်ကြတာပါပဲ။
ဖြစ်သင့်တဲ့ကိစ္စ၊ လုပ်သင့်တဲ့ အလုပ်ဆို တာကို တစ်ယူ သန်မြန်မာတ စ်ချို့က ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စ ဉ်တွေအပေါ် အခြေ ခံပြီး အဓိပ္ပာယ်ကောက်ကြတယ်။ ခေတ်အပေါ် အခြေအနေအ ပေါ်လိုက်ပြီး အဓိပ္ပာ ယ်ရှိရှိ မစဉ်းစားနိုင်ကြဘူး။
ဒီဖက်ေ ခတ်မြန်မာ့ သမိုင်းမှာ ခေတ်ပညာ တတ် လူငယ်တွေက တော်လှန်ရေးေ တွကို ဦးဆောင် ခဲ့ပါတယ်။ ဦးအောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ရာဇ၀င်၊ ယဉ်ကျေးမှုနဲ့ ရိုးရာကို သူတို့ မြင်တဲ့ အတိုင်း (ယုတ္တိရှိရှိ) ပြန်ပြီး အဓိပ္ပာယ် ဖွင့်ဆို ခဲ့ပါတယ်။ သူတို့ နည်းတူပဲ မျှတတဲ့ အတွေး အခေါ် ရှိသူ ဘယ်သူမဆို၊ ယုတ္တိ ရှိရှိ တင်ပြ နိုင်တဲ့သူ ဘယ်သူမဆို သူတို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ပြန်လည် ရှုမြင် သုံးသပ်ခွင့် ရှိပါတယ်။ ဒီလို သုံးသပ်မှပဲ လူ့ အ ဖွဲ့ အစည်းဟာ တိုးတက်လာမှာပါ။ မဟုတ်ရင် အယူအဆ ဟောင်းတွေနဲ့ပဲ တစ်ဝဲ လည်လည် ဖြစ်နေမှာပေါ့။
အနည်းဆုံးတော့ ကိုယ်ထင်မြင်ရာကို မြန်မာလို တင်ပြ ဆွေးနွေးနိုင်တဲ့ စာမျက်နှာတွေ ရှိနေတာကို ကျေးဇူး တင်ပါတယ်ဗျာ။
0
...
written by thakhingyi, February 20, 2010
Well written! As everyone has the right to express himself/herself, which is not the case in Burma, the writer of this fine piece brilliantly portraying his opinion on Bogoyoke Aung San, is not at fault at all, and in fact boldly, though indirectly, points out something about the architect of our god-forsaken country's independence, unfortunately controvertial in some circles of readers. Your writing style reminds me of my days at the university where I had to read some fine Burmese literature. More importantly, there is a message meant for the youth of Burma that all the things we Burmese have been waiting for hinge on no one but these young people of Burma still undergoing a period much worse than that of the colonial era.
0
ဗိုလ်ချုပ်ကို အထင် သေးလှ ချည်လား ဦးဘိုဘို လန်းစင်
written by TSM, February 19, 2010
ဗိုလ်ချုပ်ကို မြှောက် သလိုလိုနဲ့ ဦးနုတို့ နေဝင်းတို့ အဆင့်မှာတော့ မထားပါနဲ့ ဦးဘိုဘို။ ဦးနုတို့ နေဝင်းတို့ ဆိုတဲ့လူတွေ ဗိုလ်ချုပ် ခြေရာကို တောင် မနင်းနိုင်လို့ ဗမာပြည်ကြီး ပျက်စီးနေတာ ကိုတော့ နဲနဲလေး စည်းထားပေး စေလိုပါတယ်။

Mokenlay ပြောတာ ထောက်ခံတယ်။ ဗိုလ်ချုပ် သာ လုပ်ကြံ မခံခဲ့ရင် ကရင်လည်း တောခိုမယ် မထင်ဘူး။ ဗကပ လည်း တောဝင်မယ် မဝင်ဘူး။ ဘယ်သူကမှ ဗိုလ်ချုပ်ကို ဆန့်ကျင်မှာ မဟုတ်ဘူး။ အကြောင်းကတော့ ဗိုလ်ချုပ်ဟာ ရိုးသားတယ်။ စေတနာ မှန်တယ်။ ပွင့်လင်းတယ်။ သတ္တိရှိတယ်။ ပြတ်သားတယ်။ ဒီလိုမျိုး အရည် အချင်းတွေ တက်လာတဲ့ ခေါင်းဆောင်တွေမှာ မရှိ။
0
လေ့လာရေးအား ကောင်းသူ
written by လမင်းတရာ, February 19, 2010
ဖတ်အား ကောင်း၊ လေ့လာအား ကောင်းတဲ့ သူတယောက် အဖြစ် ချီးကျူး လေးစားပါတယ်။ smilies/smiley.gif
0
...
written by ဓမ္မ, February 19, 2010
အဲ့ဒီ ခေတ် ကတည်းက ဒီမိုကရေစီ လမ်းစဉ် ကို သိ ပြီး ဖော် ဆောင် ဘို့ ကြိုးစား ခဲ့တာ တခြား သူ တွေ ထက် တော် လို့ ပေါ့၊
0
မျက်စိစုံမှိတ် ယဉ်ကျေးမှု
written by လင်းလတ်, February 19, 2010
အချို့ လူတွေဟာ မျက်စိ စုံမှိတ် နားပိတ်ပြီး ဇွတ်ငြင်း တတ်တဲ့ အလေ့က ကို ထပ် တက် မလာ နိုင်သေးဘူး။
0
...
written by AM, February 19, 2010
Hello Bo Bo
I just only want to ask you that Can you sacrifice like Bogyoke? what are you doing now? Now you have chance to sacrifice if you love your country. It is not worthy to criticise Bogyoke as like you. You look like just grow up in the books and no practical at all. We all love Bogyoke because he sacrifice his whole life for our country. Most of your articles can cause misunderstanding to our new generations and very degraceful. Also we cannot cleraly understand what you mean.
0
I appreciate your opinion
written by pyu saw htee, February 19, 2010
yes, thank you your sharing opinion.It should be welcome if someone respect freedom of speech.
It is potential to gain benefits if new idea would be welcome.
0
writing
written by moe, February 19, 2010
စာရေးသူ ဘိုဘို လန်းစင် အနေနဲ့ စာ အရေး အသားကို အဓိပ္ပာယ် ရှင်းလင်းအောင် ရေးဖို့ သတိပြုစေလို ပါတယ်။ နားလည်ရ အတော် ခက်တဲ့ အရေး အသား ပါ ခင်ဗျား။ စာအုပ်ပုံေ တွကြား ကြီးပြင်းခဲ့မယ် လို့ ကျနော် မျှော်လင့် မိပါတယ်။ အားနာနာနဲ့ ထပ်ပြောပါမယ်။ ဘယ် အတွက်ကြောင့် အရေး အသား ညံ့ဖျင်းမှန်း ကျနော် စဉ်းစားလို့ကို မရတော့ပါ ခင်ဗျား။
0
ဘာပြောချင်တာလဲ
written by mokenlay, February 18, 2010
ထေ့သလို ရိသလို အရေးအသားတွေနဲ့ ဦးဘိုဘိုလန်းစင် ပြောချင်တာက အခု ကျွန်တော်တို့ ကြုံနေရတဲ့ ဆိုးဝါးမှုတွေဟာ ဗိုလ်ချုပ် ပေးခဲ့တဲ့ အမွေတွေလို့ ပြောချင် နေတယ်လို့ မြင်မိတယ်။ ဗိုလ်ချုပ်ကို ဆူကာနိုနဲ့ နိုင်းတယ် နာဆာနဲ့ နိုင်းတယ် တော်သေးတာပေါ့ မူကာဘီနဲ့ မနိုင်းလို့။
သေသွားလို့ နာမည်ကြီး သတဲ့လား ဦးဘိုဘိုလန်းစင်ရယ်၊ မြန်မာတွေဟာ ဦး ထင်သလောက် တုံးတိနုံခြာတဲ့ လူမျိုး မဟုတ်ပါဘူးဗျ၊ အသက် ၃၀အရွယ် လူငယ်လေး တယောက်ရဲ့စကားကို လူကြီးတွေရော လူငယ်တွေရော တိုင်းရင်း သား ဘုရင် (စော်ဘွား)တွေရော၊ အင်္ဂလိပ် စစ်ဗိုလ်ချုပ်ကြီးရော ယုံယုံ ကြည်ကြည် နှစ်ချိုက် လက်ခံခဲ့တာ အဲဒီလူမှာ ၀ရဇိန် လက်နက်ကြီး ရှိလို့ မဟုတ်ဘူးဗျ၊ သူ့ရဲ့ ရိုးသားမှု၊ တိုင်းပြည်နဲ့ လူမျိုး အပေါ် စေတနာ ထားလွန်းမှုတွေ ကြောင့်ဗျ။
အဲဒီအချိန်က စုစည်း ကျစ်လစ်မှု အရမ်းကို လိုအပ်နေလို့ တိုင်းပြည် လွတ်လပ်ရေး ရချင်ရင် ဒီလူကို မဲပေးပါ ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ ဖ-ဆ-ပ-လ ပါတီ အမတ်တွေ အတွက် မဲဆွယ်ပေးတဲ့ စကားကို ထောက်ပြပြီး လက်ညိုး ထောင်တတ်တဲ့ လူပဲ လိုချင်တယ် ဆိုတဲ့ အာဏာရှင်ြ ကီးလို့ စွတ်စွဲတာ အတော်လေး လက်လွတ်စပယ် နိုင်လွန်းပါတယ်၊ သက်သက်မဲ့ စကားနိုင် လု ပြောတဲ့ ပညာမဲ့ တယောက်လိုပဲ။
ကျွန်တော်တို့ ဗိုလ်ချုပ်ကို အမှတ်တရ ရရှိနေတာ ကိုးကွယ်နေတာ မဟုတ်ဘူး ရှိခိုးနေတာ မဟုတ်ဘူး ဗိုလ်ချုပ်သာ ရှိခဲ့ရင် ဒီလို အဖြစ်မျိုးနဲ့ ကြုံရမှာ မဟုတ်ဘူးလို့ ယူကြုံးမရ ဖြစ်နေတာ။
ဗိုလ်ချုပ်သာ မကျဆုံး သွားရင် လွတ်လပ်ရေး ရအပြီး မြန်မာနိုင်ငံဟာ ဘယ်လမ်း လျှောက်မလဲ၊ နိုင်ငံအကျိုးရှိမဲ့ လမ်းကို ဗိုလ်ချုပ် လျှောက်မှာပဲ ဘာလို့ ဒီလို ပြောနိုင် သလဲ ဆိုတော့ ဗိုလ်ချုပ်ဘ၀ တလျှောက်လုံးမှာ လက်တွေ့ နိုင်ငံ အကျိုး ရှိ ဖို့ဆို ဘယ်ဝါဒ မှာမှ ကျောက်ချ မထားခဲ့တာ မြင်ခဲ့လို့ပဲ။

ဗိုလ်ချုပ်ကို လက်ဝဲ အတွေး အခေါ်တွေ လွှမ်းမိုးမှု ရှိတယ် ဆိုပေမဲ့ အခုခေတ်လို လုံးဝ ဈေကွက် စီးပွားရေး မဖြစ်တောင် အဲဒီခေတ် ဗြိတိတ်တို့မှာ ခေတ်စားခဲ့တဲ့ ဖေဘီယန် ဆိုရှယ်လစ် (စစ်အပြီး နေရူးတို့ လျှောက်ခဲ့တဲ့ စနစ်မျိုး) လောက်ပဲ ဖြစ်နိုင်မှာ။ အနောက်နဲ့ အရှေ့ကြားမှာ ဗိုလ်ချုပ် ဦးဆောင်တဲ့ မြန်မာဟာ ကြားနေပဲ ရှိနေပါလိမ့်မယ်။

ရဲရဲကြီးပြောနိုင်တာက ဗိုလ်ချုပ်ရှိနေရင် စစ်တပ်ထဲက လက်ဝဲတပ်သားတွေ တောခိုဖြစ်မှာမဟုတ်ဘူး၊ ပြည်သူ့ရဲဘော်မကွဲဘူး၊ ဗ-က-ပလည်း မြေအောက်ရောက်ချင်မှရောက်မှာ ဒီလိုဆိုရင် ကရင်ကလည်း လက်နက်ကိုင် လှုပ်ရှားမှု လုပ်မှာမဟုတ်ဘူး။ ပြည်တွင်းစစ်မရှိရင် စစ်တပ်ကလည်း အခုလိုအပေါ်စီးရောက်လာစရာအကြောင်းမရှိ။

ဒါကိုသိသိကြီးနဲ့ ဦးဘိုဘိုလန်းစင်က အများမေတာခံယူမဲ့ ဘာလို့ဒီလိုအတွေးမျိုးချပြရသလဲ၊ ဆင်ခေါင်းတက်ကိုင်ရုံနဲ့ ဆင်ဦးစီးမဖြစ်ဘူးနော် လိမ့်ကျတတ်တယ်။
0

written by Yeyint, February 18, 2010
It is good to see such writing style but wonder his suspicions on Bogyoke's glory.
0
လူငယ်တွေရဲ့ ပြောရေး ဆိုခွင့်
written by ဆန္ဒအောင်, February 18, 2010
အယူအဆကို သဘော မတူပေမယ့် တွေးရဲ ခေါ်ရဲတာ၊ ချက်ကျ လက်ကျ ရေးတတ်တာ၊ ယုတ္တိရှိရှိ တင်ပြ နိုင်တာကို လှိုက်လှိုက် လှဲလှဲ ချီးကျူးပါတယ်။ လူငယ်တွေ လူကြီးတွေ အကြိုက် လိုက်မရေးဘဲ ကိုယ့် အယူ အဆကို ရဲရဲ ၀င့်ဝင့် တင်ပြတာကို ကြိုဆို ရမှာပါ။ ဒီဆောင်းပါးကို ဖတ်ပြီး ဘိုဘို တစ်ယောက် ကျွန်တော် အထင်ကြီး လေးစားရတဲ့ စာရေးဆရာ တစ်ယောက် ဖြစ်လာပြီ ဆိုတာကို သိလိုက်ရပါတယ်။
မြန်မာ လူကြီးတွေ လူငယ်တွေကို အသိအမှတ်မပြုတာ မြန်မာ အကျင့် လိုကို ဖြစ်နေပါပြီ။ အသိ အမှတ် မပြုချင်နေပါဗျာ၊ မရှုံ့ချပါနဲ့။
ကျွန်တော်တို့ လေးစားတဲ့ မြန်မာ စာရေး ဆရာကြီးတွေ ခပ်ကြမ်းကြမ်း အရေး အသားနဲ့ စာပေတွေ အများကြီး ပြုစုခဲ့ဖူး ပါတယ်။ သခင် ကိုယ်တော်မှိုင်းရဲ့ စာပေတွေကို ဖတ်ရှုကြည့်ရင် ဒီအယူ အဆကို သဘော တူမှာပါ။
ဘိုဘို့စာကို ကျွန်တော် ဖတ်ကြည့်တာ အင်မတန် ရှင်းပါတယ်။
စာပေ အရေး အသားဟာ ခေတ်အပေါ်လိုက်ပြီး ပြောင်းလဲ တတ်ပါတယ်။ တစ်ချိန်ကြရင် ကျောင်း ဖတ်စာအုပ်တွေမှာ သူ့စာတွေကို နမူနာယူ မသင်ရဘူး လို့ ဘယ်သူက ပြောနိုင်မှာလဲ။
0
just remember what we are loosing
written by Ye Aung, February 18, 2010
Folks,
Don't talk too much about the past what we can't fix. Future is in our hand, so history is for reference,
your hand is for future. We can't just stand and argue about what we have never done enough.
I am sure most of you guys writing comments voted for the current constitution recently without foreseeing future. So just don't bluff and pretend as a better person than others.
Be Brave and do what you should have done.
0
...
written by anthony, February 18, 2010
Thank you for your Article.We all love together General Aung Sang. "I practice what i preach...." Our beloved father General Aung Sang' word.May God Bless him.....
0
Remember Bogyoke!
written by Chit Thein Than, February 18, 2010
Bo Bo Lansin is not writing the standard straight forward Burmese like Theikpan Maung Wa or his grandpa Ludu U Hla. He is writing a new Burmese like U Tun Pe of the Htoon Daily in the late 1950s. U Tun Pe wrote "Kwet Kyaw Method (Jump Steps Writing)" in that the reader had to make for the lost sentences himself. For example he wrote," The AFPFL split will lead to demise of his Majesty's Government (Meaning U Nu's). It's welcome. But who will take over?" (Naturally it was the Burma Army led by General Ne Win.)
Bo Bo Lansin writes in a zigzag fashion. It is difficult to understand at first, but it's an attractive new style. I like it and welcome it as Burmese can be written in many ways.
ကြိုက်တယ်ဗျာ, Low-rated comment [Show]
0
ဝင် မပြောဘဲ နေမလို. ပါဘဲ။ သို.သော်----
written by မောင်သန်.။, February 17, 2010
ဘိုဘိုလန်းစင် ရေးတာတွေ တလေးတစား စောင့်ဖတ်ပါတယ်။ နာမ ၀ိသေသနတွေ ဘုံးဘော လအော သုံးပီး ရေးထားတာ ၃ ခေါက်လောက် အမြဲဖတ်မှ ရေးတေးတေး နားလည်ပါတယ်။
(ကျနော် ပိန်းလို.လဲ ဖြစ်တန်ပါတယ်။)
ှဆရာကြီး ရွှေဥဒေါင်း အ၀င်အပါ စာပေ ဘိုးအေ၊ ဘွားအေ တွေ (ဘိုဘိုလန်းစင် မှီနေတာဘဲ) ရေးတာ၊ သုံ့းနှုန်းတာတွေ
ဆက်ခံနိုင်ပါစေ။
---ကင်းသော ကိလေသာရှိထသော -- ဆိုတာ မြန်မာစာ မှာ မရှိပါ။ နိဿယ ပြန်မှာဘဲ ရှိပါတယ်။
ထွန်ရှေ. နွားကျူး ပြောတယ် ထင်ရင် တောင်းပန် အပ်ပါတယ် ခင်ဗျာ။
ဆရာ ဘိုဘိုလန်းစင် ကိုရော၊ ဧရာဝတီ ရော ကို ကျေးဇူး တင်ပါတယ်။
0
Well Done!
written by Thant Sin Oo, February 17, 2010
This article is crisp and unique.
Well Done Bo Bo Lansin!
Thanks for giving us the different analytical facts on After Death of General Aung San bravely without concerning the attacks of blind patriots who will never think sensibly and truly.
I’m sure that General Aung San would not like to see his Burmese people worshiping him as a Martyr instead of following his guidance. We have made him upset and hurt.

0
အချက်အလက် စုံလင်စွာ ပါဝင်သော်လည်း နားလည်ရခက်
written by သင်းသင်း, February 17, 2010
ဘိုဘိုလန်းစင်ရဲ့ ဆောင်းပါးတွေကို သုံးပုဒ်လောက် ဒီမှာ ဖတ်ဖူးပါတယ် ။ ဆောင်းပါးတိုင်းမှာ အချက် အလက် စုံလင်စွာ လေ့လာ ဖော်ပြထားတာ တွေ့ရပါတယ် ။ ဆောင်းပါးတွေမှာ အဲလို ဗဟုသုတ ပေးတာ အတွက် ကျေးဇူး တင်ပါတယ် ။

ဒါပေမယ့် အထေ့အငေါ့တွေ ပါတဲ့ အရေး အသားမျိုး (ဥပမာ ပထမ မြန်မာပါရဂူ တဦးရဲ့ အဖွင့် ပုံစံ လိုမျိုး) ကို မနှစ်မြို့ခဲ့ပါဖူး ။ ခုဆောင်းပါး ကျပြန်တော့လည်း ဦးတည် ပြောချင်တဲ့ အချက် အလက်ကို ကိုးကားထားတဲ့ အကြောင်း အရာတွေက များပြား ရှုပ်ထွေး နေသလို၊ ဖတ်သူ အတွက် ရှင်းခနဲ မမြင်နိုင်တဲ့ အရေး အသားလို့ ခံစားရပါတယ် ။
0
...
written by Reader, February 16, 2010
Some sentences can not convey what writer wants to mean. Actually almost all sentences are so weak because of complicated adjective clauses.
0

written by DEATH ANGEL, February 16, 2010
The facts that (1) comparing Bo Gyoke with the leaders of other countries, (2) jealously guessing Bo Gyoke would not have been as famous and beloved as now he is, if he had not been assassinated, and (3) foolishly predicting Bo Gyoke would not have been able to manage national integrity and prosperity, if he had had a chance to lead our country, have proved that this guy is a lunatic whose heart is filled with insanely intense jealousy.

The very first fact is absolutely impossible because every country has thier own dilemma and different nature of crises and struggles underwhich how a leader reacts, resolves, and controls the problems will be different. Even considering all those leaders including Bo Gyoke have the same level of intelligence, patriotic spirit, and valor, some can have more chance to show these personalities because the political/economical crises of their countries are bigger, but some may not have that chance.

The second and third accusations are also ridiculously wrong. How dare he could make such disgracing prediction to a national hero who cannot prove himself as a worthy national leader/benefactor anymore, as he had passed away 63 years ago. Why we all love Bo Gyoke is because of his sacrificial attempts for the independence of our country and we don't need to consider whether he would still be a great leader if he was still alive.
0
Remember Bogyoke!
written by Chit Thein Than, February 16, 2010
I agreed withe essence of what the author says: To remember Bogyoke and to honor his intention that is to make a united democratic Burma. Bogyoke Aung San was the only Burmese leader who commanded the respects of both the Burman and various ethnic groups in Burma like Shan, Chin, Kachin, Kayah etc. I'm sure the Karen problem will also be resolve if he were alive. But we have a ray of hope. I think Daw Aung San Suu Kyi has more foresight and political acumen than her father. Don't misunderstand me. I'm not a member of any political party, just a Burmese loyalist.
0
Like it!
written by ZL, February 16, 2010
Bravo Ko Bo Bo,

We all love and respect General Aung San, and we are so used to loving and respecting him that any hint against his greatness might sound like a taboo to our ears, but I believe it is also important to look at things from a different perspective. I particularly like your analysis on his popularity and 'near-deification' in Burmese culture.

Someone said your writing is not 'polite and decent enough'. Well, I, for one, like this kind of writing a lot better. A little bit of irony, mockery and allusions always adds a welcome spiciness to your writing.
0
...
written by နေမျိုး, February 16, 2010
ကောင်းပါ့ဗျား။ အဲလို ဆောင်းပါး ကောင်းလေးတွေ တင်ပေးတဲ့ ဧရဝတီကိုလည်း ကျေးဇူး တင်ပါတယ်။ ဘာတဲ့ ” လူထုနှင့် တိုက်ရိုက် သက်ဆိုင်သော နိုင်ငံရေး လမ်းကြောင်းကို ချမပြနိုင်သည့် အခါမှ စ၍ “ဗိုလ်ချုပ်ကိုတော့ မေ့ပါပြီ” ဆိုသော အမြင်များ ပေါ်လာသည်ဟု မြင်ပါ၏။

တကယ်တမ်း သာဖြင့် ဘားမား ရွှေပြည်တွင် လူမွဲတွေ ထမင်းငတ်ေ နသေးသရွေ့ ညီမျှ လွတ်လပ်သော နိုင်ငံရေး၊ စီးပွားရေး စပေ့စ် ဆိုသည်များ လူတိုင်း အတွက် ပေါ်မလာ သေးသရွေ့၊ နယ်ပယ်စုံ တွင် ဗိုလ်ချုပ်လို လူမျိုးတွေ များများကြီး ထပ် ထွက်လာဖို့ ပြည်သူတွေက ဆုတောင်းေ နကြရပါဦးမည်။ ” သရော်စာ ဆန်တဲ့ ရသဟန် ဆောင်းပါး ကောင်းလေးတွေ များများ ရေးနိုင်ပါစေဗျာ။
0
နိုင်ငံရေး အကယ်ဒမီဆု သဘောတူ ကြမလား။
written by Cho Tuumar, February 15, 2010
မဆလခေတ်မှာမွေး၊ မဆလ အတွင်းမှာ ကြီးပြင်းခဲ့ရသူ ပေမယ့် ငယ်ငယ်ကတည်းက (သုံးတန်းလောက် ထင်ပါတယ်) အလွတ် ကျက်ခဲ့ရတဲ့ ဖေဖေါ်ဝါရီ ဆယ့်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တထောင်ကိုးရာ တဆယ့်ငါး ရှေ့နေ ဦးဖါသား ဆိုတဲ့ ကဗျာရော၊ ဗိုလ်ချုပ်ကိုရော ဒီနေ့ထိ မမေ့ ကျေးဇူးသိဆဲပါ။
ကိုယ့်စိတ်နဲ့ နှိုင်း မရိုင်းဆိုတဲ့ စကား ကြားဘူးရင် ဒီဆောင်းပါးကို အပြု သဘောနဲ့ ရေးတာလား၊ ဘာကို ရည်ရွယ် တာလဲဆိုတာ ဘိုဘိုလန်းစင် ကိုယ့်စိတ်ကိုယ် အရင် ပြန်ဆန်းစစ်ပါ။
နောက်တခုက မေးချင်တာက ... ... ၁၉၈၈ က စခဲ့တဲ့ စစ်အစိုးရ တိုက်ဖျက်ရေး အနှစ် နှစ်ဆယ်ကျော် ကြာ အခုထိ မအောင်မြင်တာ ကို အန်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်လို့ ပြောလို့ မရပါဘူး။ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၈၈ ခေါင်းဆောင် တွေကိုလည်း အပြစ် ပြောလို့ မရပါဘူး။ ကိုယ်ကျိုးတွေ စွန့် အသက်ပါ ရင်းပြီး လုပ်နေကြတာပါ။ တကယ်လို့ သာပေါ့၊ အခုလို မတရား အတား အဆီး အနှောက် အယှက်တွေ မရှိပါပဲနဲ့ မအောင်ြ မင်ကြဘူး ဆိုရင်တမျိုးပေါ့၊ အခုတော့ ဘယ်လိုမှ လှုပ်လို့မရတဲ့ အကြပ် အတည်းကြားက အခုလို အခုထိ လှုပ်ရှား နေကြတာ ရွှေတံဆိပ်(သို့မဟုတ်) နိုင်ငံရေး အကယ် ဒမီဆု နှစ်တိုင်း ၂၁ နှစ် ပေးခဲ့သင့်ပါပြီ ဆိုရင် သဘော တူကြမလား။
0
Almost are forget
written by Chan Nyein Moe, February 15, 2010
Kyi yae, P n Nan phar sar chan tae.Who can speak like that in our Burmar (myanmar ) history.This is how he honest in the heart .We are great loosing to our national father.So i request to anyone, please, please Don't equal with him .
0
...
written by သန်းထွန်းအုန်း, February 15, 2010
အကြောင်း အရာ အလွန် ကောင်းပါတယ်။ အရေး အသားကတော့ မယဉ်ကျေးလှပါ။ ရှေ့က ဒေါက်တာ ဖေသိန်းနဲ့ ဒေါက်တာဘဟန် ဆောင်းပါးတွေမှာလည်း ဒီလို အရေး အသားမျိုး ဖတ်ရပါတယ်။ ပြည်တွင်းမှာ လက်ရာတချို့ ဖတ်ဖူးတာမို့ ဆရာ ဘိုဘိုလန်းစင် ပြည်ပ တက်ကသိုလ်တစ်ခုမှာ ရောက်နေပြီ ဆိုတာ သိရတဲ့အခါ ၀မ်းမြောက် ၀မ်းသာ ဖြစ်မိတယ်။ ခုလို အရေး အသားများကြောင့် စိတ်ပျက် လက်ပျက် ဖြစ်မိတယ်။ (မင်းတို့ စာရေးရင်........တက်ထောင် မောင်းနင်းတွေ မရေးလေနဲ့၊ မင်းတို့ အဘိုးဟာ အနေအထိုင် အရေးအပြော အင်မတန် ရည်မွန် ပြေပြစ်တာ)လို့ ဆရာ ကိုယ်တိုင် ဆရာ့ အဘိုးအကြောင်း ဆောင်းပါးမှာ ရေးခဲ့တာကြောင့် အဖွားဖြစ်သူရဲ့ ဆုံးမစကားကို မမေ့သေးတာတော့ သေချာရဲ့လို့ ဖြေရပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်